By Sint Sint, Shweproperty.com
Updated at 22 September 2020
Covid-19 အတည်ပြုလူနာ ၂၀၀၀ ခန့်ထားရှိနိုင်မည့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ အောင်မြင့်မိုရ်အိမ်ရာတိုက် ခန်းများကို ယနေ့ (စက်တင်ဘာ ၂၂ ရက်) အပြီးပြင်ဆင်နေကြောင်း သိရသည်။
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းများတွင် ရေ၊ မီး ရရှိရန်နှင့် တိုက်တန်းလူဝင် လူထွက်နေရာများ၊ ပြတင်းပေါက်များကို သံပန်း၊ သံတံခါးများ တပ်ဆင်ခြင်း၊ သွပ်ပြားများကာ ရန်ခြင်း၊ အဲကွန်းတပ်ဆင်ခြင်းနှင့် ခြံစည်းရိုးများခက်ခြင်း အစရှိသည့် လုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ် ကြောင်း ကြောင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီကပြောသည်။
"ပြင်ဆင်မှုများကို ဒီနေ့အပြီးဆောင်ရွက်နေပါတယ်။ လူ နာတွေ သက်တောင့် သက်သာနေနိုင်အောင် မီဆိုင်းတွေတက်တာ၊ ရေပိုက်လိုင်းတွေသွယ်တာ၊ အဲကွန်းတပ်ဆင်တာတွေ လုပ်နေပါတယ်။ စက်တင်ဘာ ၂၃ ရက်ကစပြီး ကိုဗစ် Positive လူနာ ၂၅၆ ဦးကိုစတင်လက်ခံ နေရာချပေးသွားမှာပါ" ဟု ၎င်းကပြောသည်။
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက်(၁၈)လုံးရှိပြီး စက်တင်ဘာ ၂၃ ရက်တွင် တိုက်အမှတ် (၅/၆) နှစ်လုံး ရှစ်ခန်းတွဲ လေးထပ်တိုက်၊အခန်းပေါင်း (၆၄)ခန်းတွင် ပထမဆုံးအကြိမ်အဖြစ် အခန်း တစ်ခန်းလျှင် ၄ ဦးနှုန်းဖြင့်သက်ကြီးနှင့်ရောဂါအခံရှိသည့် Positive လူနာ (၂၅၆)ဦး ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာ ၂၄ ရက်နေ့တွင် တိုက်အမှတ် (၁၊ ၂၊ ၄၊ ၇၊ ၈၊ ၁၁၊ ၁၂၊ ၁၅၊ ၁၆၊ ၁၈) တိုက် (၁၀)လုံးမှ (မြေ ညီထပ်မှ (၆)ခန်းမပါ) အခန်း(၁၈၀)ခန်းတွင် (၁)ခန်းလျှင် Positiveလူနာ(၄)ဦးနှုန်းဖြင့်(၆၂၀)ဦးထားရှိမည်ဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်နေ့တွင် တိုက်အမှတ် ၆ ခန်းတွဲ ၄ ထပ်တိုက်၊ တိုက်အမှတ် (၉၊ ၁၀၊ ၁၃၊ ၁၄၊ ၁၉၊ ၂၀) တိုက် ၆ လုံးရှိ (မြေညီထပ် ၆ခန်းမပါ)အခန်းပေါင်း (၁၀၈)ခန်းတွင် (၁)ခန်းလျှင်(၄)ဦးနှုန်းဖြင့်(၄၃၂)ဦးထားရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : New Watch
Posted By: Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ