By The Trade Times, Shweproperty.com
Updated at 15 September 2015
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် နှစ် ၁ဝဝ ကျော် သက်တမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ဘောလုံးကွင်းအား အကြီးစားပြုပြင် မှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိရာ ကျပ်သိန်း ၁,ဝဝဝ ခန့် ကုန်ကျမည် ဟု ခန့်မှန်းထားကြောင်း ကွင်းရုံ တာဝန်ခံ ဦးစိုးဦးက ပြောသည်။
”ဥက္ကဋ္ဌကတော့ အောင်ဆန်း ကွင်းကို အကြီးစားပြုပြင်ချင်တယ် ဆိုပြီး ပြောထားတယ်။ ထိုင်ခုံတပ်ဆင် တာတွေ အပါအဝင်ပေါ့။ ပြီးတော့ အထူးတန်းပွဲကြည့်စင်ဘက်က မျက် နှာကြက်တွေကလည်း ပျက်စီးနေ ပြီ။ ဒါတွေပါ အားလုံးပြန်ပြီးပြုပြင် မယ်ဆိုရင် သိန်း ၁,ဝဝဝ လောက် ကုန်ကျစရိတ်ရှိနိုင်တယ်။ လောလော ဆယ်တော့ လိဂ်ပြိုင်ပွဲတွေရှိနေလို့ အကောင်အထည်ဖော်နိုင်ဦးမှာ မဟုတ်ဘူး။ နှစ်ကုန်ပိုင်းမှာ စတင် နိုင်ဖို့ ဥက္ကဋ္ဌ ဦးဇော်ဇော်က လမ်း ညွှန်ထားတယ်” ဟု အောင်ဆန်း ဘောလုံးကွင်း ယာယီတာဝန်ခံ ဦးစိုးဦးက ပြောသည်။
မြန်မာ့လွတ်လပ်ရေး ဗိသုကာ ကြီး ဗိုလ်ချုပ်အောင်ဆန်း၏အမည် အား ဂုဏ်ပြုမှည့်ခေါ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းကွင်းမှာ ၁၉၆၁၊ ၁၉၆၉ ခုနှစ်တို့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားကစားပြိုင်ပွဲ များကို လက်ခံကျင်းပပေးခဲ့ဖူးသည်။
ထို့ပြင် ၁၉၈ဝ ပြည့်နှစ်အထိ မြန်မာနိုင်ငံ၏ နိုင်ငံတကာပွဲစဉ်များ အား အိမ်ကွင်းအဖြစ် လက်ခံကျင်းပ ပေးခဲ့သည့် အဓိကဘောလုံးကွင်း အဖြစ် တည်ရှိခဲ့သည်။ သို့သော် နှစ် အတန်ကြာ ပြုပြင်ထိန်းသိမ်းခဲ့ခြင်း မရှိသောကြောင့် ကွင်းမြက်ခင်းပြင် အနေအထားမှာ ဆိုးဆိုးရွားရွား ပျက်စီးလျက်ရှိသည်။
၁၉ဝ၈ ခုနှစ်က တည်ဆောက် ခဲ့သည့် ဘီအေအေဘောလုံးကွင်း အား အောင်ဆန်းကွင်းအဖြစ် ပြောင်း လဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်ကာ လက်ရှိ တွင် အောင်ဆန်းကွင်း၌ နိုင်ငံတကာ ပွဲစဉ်များအား လက်ခံကျင်းပခြင်း မရှိသော်လည်း မြန်မာနေရှင်နယ် လိဂ်ပွဲစဉ်များကို လက်ခံကျင်းပပေး လျက်ရှိသည်။ သို့သော် မြန်မာ နေရှင်နယ်လိဂ် နည်းပြအချို့က မိုးတွင်းကာလများ၌ မြန်မာလိဂ် ပွဲစဉ်များအား အောင်ဆန်းကွင်းတွင် ကျင်းပရန် မသင့်ကြောင်း ဝေဖန် ပြောဆိုမှုများ ရှိသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ