By Shwe Kyaw, Shweproperty.com
Updated at 24 June 2021
မိုးရာသီကို ခြင်တွေရဲ့ ရာသီအဖြစ်တင်စားရလောက်တဲ့အထိ ခြင်တွေ အများဆုံး ထကြွ သောင်းကျန်းတဲ့ ရာသီဥတုဖြစ်ပါတယ်။ခြင်ရန်က ကင်းဝေးဖို့ နည်းလမ်းတွေကတော့ အများကြီးပါ။ဒါပေမဲ့ ဒီနည်းလမ်းတွေထဲက အချို့နည်းလမ်းတွေက ပိုလွယ်ကူပြီး အကျိုးသက်ရောက်မှုရှိပါတယ်။ဘယ်လိုနည်းလမ်းတွေ ဖြစ်မလဲဆိုတာ အောက်မှာ လေ့လာကြည့်ရအောင်။ သင်ကိုယ်တိုင် ခြင်တွေ အိမ်ထဲဝင်လာဖို့ ဖိတ်ခေါ်နေသလား? အချို့တွေက ဖော်ရွေကြတယ်လို့ ဆိုရလောက်အောင် ခြင်တွေ အိမ်ထဲဝင်လာအောင် ဖိတ်ခေါ် တတ်ကြတယ်။ အိမ်ကို လုံလုံခြုံခြုံရှိအောင် ထားပေးဖို့ လိုအပ်ပါမယ်။တံခါးတွေ၊ပြတင်းပေါက်တွေကို လစ်ဟာမှုမရှိအောင် လုံလုံခြုံခြုံပိတ်ထားပေးပါ။အကယ်၍ မဖြစ်မနေ ဖွင့်ထားဖို့ လိုအပ်မယ်ဆိုရင်တော့ ခြင်လုံဇကာတွေ တပ်ဖို့ အကြံပြုချင်ပါတယ်။ခြင်လုံဇကာ တပ်တဲ့အခါမှာလဲ အပေါက်တွေ မပါဘဲ ကောင်းမွန်တဲ့ ခြင်လုံဇကာဖြစ်ဖို့ လိုအပ်ပါတယ်။ ခြင်တွေကို အစာကျွေး မွေးမြူထားမိသလို ဖြစ်နေပြီလား? ခြင်ရန်က ကာကွယ်ဖို့ဆိုရင် သူတို့ ပေါက်ပွားနိုင်တဲ့ အခွင့်အလမ်းကိုလည်း ထိန်းချုပ်တတ်ဖို့ လိုအပ်ပါတယ်။ ခြင်တွေက သင့်ခန္ဓာကိုယ်က သွေးကို စုပ်ယူတဲ့အခါမှာ သူတို့အတွက် မျိုးပွားနိုင်စွမ်းကို တိုးပွားစေနိုင်ပါတယ်။ သွေးမစုပ်ယူနိုင်ဘူးဆိုရင် ခြင်မတွေက (၁၀)ဥသာ ဥနိုင်ပြီး သွေးစုပ်ယူနိုင်မယ်ဆိုရင်တော့ ဥ(၁၀၀)လောက် ဥနိုင်ပါတယ်။ဒါ့ကြောင့် အိမ်မှာရှိနေတဲ့ အချိန်တွေမှာ ခြင်တွေ သင့်သွေးကို မစုပ်ယူနိုင်အောင် ဘောင်းဘီရှည်၊အင်္ကျ ီလက်ရှည် ဝတ်ထားပါ။ အိမ်ပတ်ဝန်းကျင်နဲ့ အိမ်ထဲမှာ ရေတွေဝပ်မနေစေဖို့ သတိထားပါ။ မိုးရွာတဲ့အခါမှာ အိမ်ပတ်ဝန်းကျင်က ခွက်အဟောင်းတွေ၊ တာယာတွေ၊ပလက်စတစ်တွေပေါ်မှာ ရေတွေ တင်ကျန်နေလေ့ ရှိတတ်ပါတယ်။ဒီဖြစ်ရပ်က ခြင်တွေ ပေါက်ဖွားစေဖို့ အခွင့်အလမ်း ပေးလိုက်သလိုပါပဲ။ တစ်ပတ်လောက်ဝပ်နေတဲ့ ရေထဲမှာတောင် ရန်သူတော် ခြင်တွေက ပေါက်ဖွားနိုင်ပါတယ်။ဒါ့ကြောင့် မိုးရွာပြီးနောက်ပိုင်းမှာ ရေတွေ ဝပ်နေတဲ့ အရာတွေရှိခဲ့ရင် ချက်ချင်း ဖယ်ရှားပစ်သင့်ပါတယ်။ ခြင်ဆေး အသုံးပြုပါ။ ခြင်ဆေးခွေထွန်းရင် မီးအန္တရာယ်ရှိနိုင်တယ်၊အသက်ရှုလမ်းကြောင်းဆိုင်ရာတွေ ထိခိုက်မှုရှိနိုင်တယ်လို့ သင် ယူဆရင်တော့ ခြင်မကိုက်နိုင်အောင် ခန္တာကိုယ်မှာ ကပ်တဲ့ ပလာစတာ၊ လိမ်းဆေးတွေကို အသုံးပြုဖို့ တိုက်တွန်းပါရစေ။ဒါမှမဟုတ် ရိုးရာနည်းဖြစ်တဲ့ နနွင်းတက်နဲ့ မှိုင်းတိုက်တာလည်း ပြုလုပ်နိုင်ပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ခြင်ပြေးစေဖို့ အိမ်ထဲမှာထားသင့်တဲ့ အပင်လေး (၅) ပင် သင်တို့သတိမပြုမိတဲ့ မီးဖိုချောင်မှာ အမြဲလွှင့်ပစ်လေ့ရှိတဲ့ ကြက်သွန်ဖြူအခွံ၏ အစွမ်းပကားများ အစွန်းအထင်းကွက်တွေကို ဖယ်ရှားနိုင်ဖို့ အိမ်တွင်းနည်းလမ်း ၇ခု Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ