By Wut Yee Htun, Shweproperty.com
Updated at 11 May 2017
ရန်ကုန်မြို့လို့ဆိုလိုက်တာနဲ့ ဘုရားတွေ၊ အထပ်မြင့်အဆောက်အအုံတွေ၊ ဈေးဝယ်စင်တာတွေ၊ ရုပ်ရှင်ရုံတွေ စတဲ့ လူကြိုက်များတဲ့ အမှတ်တရနေရာတွေကိုပြေးမြင်မိမှာအမှန်ပါပဲ။ မြန်မာတစ်နိုင်ငံလုံးမှာခေတ်အမှီဆုံးနဲ့ စီးပွားရေးအချက်အချာကျပြီး ဈေးကွက်ဗျူဟာ အမြောက်ဆုံးမြို့တော်အဖြစ် လူသိများကြတဲ့ ရန်ကုန်မြို့ရဲ့ အထင်ကရအလှအပနေရာတွေရဲ့ နောက်ကွယ်မှာတော့ Traffic Jam ဆိုတဲ့ ယာဉ်ကြောပိတ်ဆို့မှုကြီးကို ရန်ကုန်မြို့နေ အမာခံပရိသတ်တွေကနေ့စဉ်ကြုံတွေ့နေရစမြဲဖြစ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကနေ ခဏတာရှောင်ထွက်ဖို့ ခရီးထွက်ကြမလား၊ ဒါမှမဟုတ် ယာဉ်ကြောရှင်းပြီး အချိန်တိုအတွင်း ခရီးရောက်နိုင်မယ့် အိမ်ရာတွေမှာနေကြမလားဆိုတာစဉ်းစားကြည့်ရအောင်ပါ…..
ကားကျပ်တဲ့ဒုက္ခကနေလွတ်မြောက်ပြီးအချိန်တိုအတွင်းရန်ကုန်မြို့လယ်ခေါင် ဆူးလေကိုရောက်နိုင်မယ့် တစ်ခုတည်းသောနေရာ ကဒဂုံဆိပ်ကမ်းမြို့နယ် ဖြစ်နိုင်ပါသလား? လမ်းကြောရှင်းတဲ့နေရာမှာအိမ်ပိုင်ဆိုင်ထားမယ်ဆိုရင် ယာဉ်ပိတ်ဆို့မှုဒုက္ခကနေ အနည်းငယ်လွတ်မြောက်နိုင်တယ်ဆိုပေမယ့် ယာဉ်ကြောပိတ်ဆို့မှု စက်ဝန်းထဲကနေတော့ မလွတ်မြောက်နိုင်သေးပါဘူး။
ရန်ကုန်မြို့ထဲကိုမိနစ်(၃၀)အတွင်းရောက်နိုင်မှာဖြစ်သလို ၊ သက်တောင့်သက်သာရှိပြီး အဆင့်မြင့်မြင့် ကွန်ဒိုတစ်ခု မှာနေထိုင်စေချင် တယ်ဆိုတဲ့သူကဒေါ်အေးအေးလတ်ပါ။ ဒေါ်အေးအေးလတ်ဟာ ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးကွန်ဒိုတိုက်ခန်းတွေ ဆောက်လုပ်နေတဲ့ ချမ်းသာရွှေမြေဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ပဲ ဖြစ်ပါတယ်။
မြေ(၂၆)ဧကပတ်လည်ပေါ်မှာတည်ဆောက်ထားတဲ့ ဧရာချမ်းသာကွန်ဒိုဟာ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲမှာ တည်ရှိပါတယ်။ “ ရန်ကုန်မြို့ လယ်ခေါင်ဆူးလေကနေ မဟာဗန္ဓုလတံတားကိုဖြတ်ပြီးလာရင် မိနစ်(၃၀)ပဲကြာတယ်။ ဒါကလည်း ကျွန်မတို့ဆီမှာ တိုက်ခန်းဝယ်တဲ့ သူတစ်ယောက်က ပြောလို့ကျွန်မအခိုင်အမာပြောနိုင်တာပါ။ ဒဂုံဆိပ်ကမ်းလို့ဆိုလိုက်ရင် လူတွေကတော့ မြို့နဲ့ဝေးလွန်းတယ်လို့ ထင်နေကြပါတယ်။ ဒါပေမယ့် တကယ်ကိုနေလို့ကောင်းပြီး သွားရလာရ အရမ်းကို အဆင်ပြေတဲ့နေရာတစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်မသိစေချင်ပါတယ်” လို့ ဒေါ်အေးအေးလတ်က Shwe Property ကိုပြောပြပါတယ်။
စုစုပေါင်း (၁၈)ထပ်တိုက် အဆောက်အဦး (၁၆)လုံးနှင့် လုံလောက်သော ဓါတ်လှေကားနဲ့ ကားပါကင် တို့ပါဝင်မှာဖြစ်ပြီး ဧရာချမ်းသာ ကွန်ဒိုအိမ်ရာမှာ တိုက်ခန်း ဝယ်ယူမယ်ဆိုရင်တော့ သားစဉ်မြေးဆက် ပိုင်ဆိုင်နိုင်တဲ့ ခိုင်မာမှုကို ရရှိမှာဖြစ်ပါတယ်။
လက်ရှိမှာ အဆောက်အဦးနံပါတ်(၉)၊ (၁၀)နှင့် (၁၁)ကို အရစ်ကျစနစ်နဲ့ စပြီးရောင်းချပေးနေတာပဲဖြစ်ပါတယ်။ အဆာက်အဦး အမှတ်(၁၁)ကို ၂၀၁၇ ဒီဇင်ဘာနဲ့ အဆောက်အဦးအမှတ် (၁၀)ကို ၂၀၁၈ အောက်တိုဘာလ၊ အဆောက်အဦးအမှတ်(၉)ကို (၂၀၁၉) ဒီဇင်ဘာလတွေမှာ အပြီးသတ်ဆောက်လုပ်သွားမှာဖြစ်ပါတယ်။ ငွေပေးချေမှုကို (၅၀)ရာခိုင်နှုန်းပေးချေပြီးလျှင် အိမ်ခန်းအပ်နှံသွားမှာ ဖြစ်ပြီး၊ ကျန်တဲ့(၅၀) ရာခိုင်နှုန်းကိုတော့ အရစ်ကျစနစ်နဲ့ပေးချေနိုင်စေရန် ချေးငွေရယူတဲ့စနစ်အရ ဘဏ်နဲ့ ချိတ်ဆက်ပြီး နှစ်အလိုက် အရစ်ကျ ပေးချေနိုင်အောင်စီစဉ်ပေးထားပါတယ်။
အဆောက်အဦးဒီဇိုင်းကိုစင်္ကာပူနိုင်ငံအခြေစိုက် Savana ဒီဇိုင်းကုမ္ပဏီကရေးဆွဲပေးတာဖြစ်ပြီး၊ စင်္ကာပူ ဆောက်လုပ်ရေးလုပ်ငန်းခွင် မှာအတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာတွေကိုယ်တိုင် တည်ဆောက် ပေးနေတာ ပဲဖြစ်ပါတယ်။
ရေကူးကန်၊ Gym၊ စားသောက်ဆိုင်နဲ့ စတိုးဆိုင်နေရာတွေပါ ထည့်သွင်းတည်ဆောက်ထား တာမို့ တစ်နေရာတည်းမှာလိုအပ်တာတွေ အကုန်လုံး ရရှိနိုင်မှာဖြစ်ပါတယ်။ ကွန်ဒိုရဲ့ အနီးအနားပတ်လည်တွင်လည်း International School, Super Market, Hospital, Water Boom စတဲ့ ပညာရေးကိစ္စတွေနဲ့ အပန်းဖြေဖို့နေရာတွေပါ တည်ရှိတာမို့ ဧရာချမ်းသာ ကွန်ဒိုမှာနေထိုင်မယ့် သူတွေဟာမိသားစု အပန်းဖြေဖို့နဲ့ ပညာရေးကဏ္ဍတွေအတွက်ပါ ကားလမ်းကျပ်တဲ့ ဒုက္ခကနေဝေးပြီးလွယ်ကူအဆင်ပြေနိုင်မှာပဲဖြစ်ပါတယ်။
ဒီကွန်ဒိုမှာ ရေ၊ လျှပ်စစ်မီး(၂၄)နာရီရအောင် စီစဉ်ပေးထားပြီးမီးပြတ်တောက်မှုမရှိအောင် မီးစက်စီစဉ်ထားပါ သေးတယ်။ ဒါပေမယ့် ယူနစ်အလိုက်ကျသင့်ငွေကိုတော့ ကွန်ဒိုကကောက်ခံသွားမှာဖြစ်ပြီးနေထိုင်သူတွေရဲ့ စိတ်ချလုံခြုံမှုကိုပထမဦးစားပေးအနေနဲ့ စီစဉ်ထားတာပဲဖြစ်ပါတယ်။ ရေကိုလည်း ရေသန့်စင်စက်များဖြင့် ကောင်းမွန်သန့်ရှင်းအောင် စီစဉ်ထားပါတယ်။
အဆောက်အဦးရဲ့ တစ်ထပ်ချင်းစီမှာအမှိုက်ပစ်စနစ်ကို စင်္ကာပူစတိုင်ဖြင့် အဆင့်အတန်း မြင့်မားစွာ ပြုလုပ် ထားပါတယ်။ မီးသတ်စနစ်ပါဝင်တဲ့ ဒီကွန်ဒိုဟာနေထိုင်သူတွေရဲ့ စိတ်ချလုံခြုံမှုကိုပထမဦးစားပေးအနေနဲ့ ထည့်သွင်းတည်ဆောက်နေတာပဲ ဖြစ်ပါတယ်။
ဧရာချမ်းသာကွန်ဒိုမီနီယံကတည်ဆောက်နေတဲ့ ကွန်ဒိုတွေဟာဆိုရင် လက်ရှိအချိန်မှာတော့ တန်ဖိုးမြင့်နဲ့ တန်ဖိုးသင့်တင့် အိမ်ရာတွေဖြစ်နေပေမယ့် နောက်ပိုင်းမှာတော့ လူတန်းစားမရွေးကွန်ဒိုပိုင်ဆိုင်နိုင်အောင် တန်ဖိုးနည်းအိမ်ရာတွေကိုတည်ဆောက်ဖို့ထိ ဧရာချမ်းသာကမျှော်မှန်းထားပါတယ်။
ယခုမြန်မာနိုင်ငံမှာ ကွန်ဒိုဥပဒေပေါ်ပေါက်လာခြင်းကြောင့် နိုင်ငံခြားသားများပါ ဝယ်ယူခွင့်ရရှိနိုင်ပြီဖြစ်ပါတယ်။ “ဒီဥပဒေကို တကယ်လည်း လိုက်နာတယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးနိုင်မယ်” လို့ ဒေါ်အေးအေးလတ်က မှတ်ချက်ပေးခဲ့ ပါသေးတယ်။
ဒါကြောင့်မို့ ရန်ကုန်မြို့ရဲ့ ကားလမ်းပိတ်ဆို့မှုကနေဘယ်လိုရုံးထွက်ရမလဲဆိုတာ မျက်စိတစ်ခနမှိတ်ပြီး စဉ်းစား ကြည့်ပါ။ မျက်စိတမှိတ် အတွင်း ကားလမ်းပိတ်ဆို့မှုကနေ ရှောင်ထွက်ဖို့ ကားလမ်းကြောလည်းရှင်းတယ်၊ နေထိုင်ဖို့လည်းအဆင်ပြေတဲ့ နေရာတစ်ခု သင့်ခေါင်း ထဲမှာရှိနေပြီလား?
Written By : Wut Yee Htun (Shweproperty.com)
Posted By : Wai Phyoe (Shweproeprty.com)
Photo Credit : AYTC
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ