By 7daydaily, Shweproperty.com
Updated at 20 July 2015
ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းဝယ် ယူထားသူများအား ယခုလနောက် ဆုံးပတ်တွင် အခန်း အပ်နှံမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အ အုံဌာနမှ သတင်းရရှိသည်။
ဗိုလ်ဗထူး အိမ်ရာစီမံကိန်း မှ တိုက်ခန်းဖိုး ငွေကျေသူများအား တိုက်ခန်းသော့နှင့် အဆောက်အ အုံနေထိုင်ခွင့် စာချုပ်များ ချုပ်ဆိုနေပြီဖြစ်၍ တိုက်ခန်းအပ်နှံခြင်း ကို ယခုလ ၂၅ ရက်တွင် ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းရုံး၌ တိုက်ခန်းဝယ်ယူထားသူများအား အပ်နှံ ခြင်းပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အိမ်ရာစီမံကိန်းကို ဘဏ် ချေးငွေစနစ်ဖြင့် ကမ္ဘောဇဘဏ် နှင့် ချိတ်ဆက်ရောင်းချပေးခြင်း ဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ တည် ဆောက်သူ V-PILE ကုမ္ပဏီရှေ့ မှောက်၌ တိုက်ခန်းဝယ်ယူထား သူများ ဇူလိုင် ၂၅ ရက်တွင်နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်နှင့် အတူ လာရောက်ထုတ်ယူရမည် ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက မြောက် ဒဂုံမြို့နယ်တွင် တန်ဖိုးမျှတ အိမ် ရာစီမံကိန်းများအဖြစ် ဗိုလ်ဗထူး အိမ်ရာ စီမံကိန်းအပြင် ဗိုလ်မင်း ရောင် အိမ်ရာစီမံကိန်းကိုလည်း ရောင်းချထားပြီး မကြာမီ ယခုကဲ့သို့ အခန်းအပ်နှံနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခန်းများ ဝယ်ယူလိုသူများ လျှောက်ထားခြင်းကို ၂၀၁၄ ဇန်နဝါရီက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ရောင်းချပေးခဲ့ပြီး လျှောက်ထားသူ အရေအတွက် များပြားသောကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မဲစနစ်ဖြင့် ရောင်းချပေးခဲ့ရသည်အထိ စိတ်ဝင်စားမှု မြင့်တက်ခဲ့သည့် အိမ်ရာစီမံကိန်းလည်း ဖြစ်သည်။
လက်ရှိ ရောင်းချထားပြီး အခန်းအပ်နှံတော့မည့် ဗိုလ်ဗထူး အိမ်ရာစီမံကိန်းတွင် အကျယ်အ ဝန်းပေါ် မူတည်၍ ပုံစံအေ ၉၂၇ စတုရန်းပေ အခန်းအတွက် ကျပ် ၃၄၇ သိန်း၊ ပုံစံဘီ ၈၈၇ စတုရန်း ပေအတွက် ၃၂၉ သိန်း၊ ပုံစံစီ ၆၁၄ စတုရန်းပေအတွက် သိန်း ၃၃၀ ဖြင့် ရောင်းချပေးထားသည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတစ်ခု ဖြစ်သည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ