By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 9 January 2020
ပုဂံမြို့သစ်အနီး ရှေးဟောင်းမြင်ကွင်းကို ထိခိုက်စေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု လုပ်ကိုင်နေတာကြောင့် ယဉ်ကျေးမှုနယ်မြေအတွင်း ယဉ်ကျေးမှုအမွေအနှစ်မြင်ကွင်းကို ထိခိုက်စေတဲ့အတွက် သက်ဆိုင်ရာတိုင်းအစိုးရမှ ထိထိရောက်ရောက်ကိုင်တွယ် ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံရှေးဟောင်း သုတေသနပညာအသင်းက ဇန်နဝါရီလ (၇)ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပုဂံမြို့သစ်အနီး ပုဂံ-ချောက်ကားလမ်းရှိ ပျူလေးဆူးတန်းဘုရားများရဲ့ နောက်မှာ ရှေးဟောင်းမြင်ကွင်းအား ထိခိုက်စေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းဖြစ်ပြီး၊ လက်ရှိမှာ ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်နေပါတယ်။ မြေအောက်အနက် (၄)ပေမှ (၅)ပေထိ တူးဖော်လျက်ရှိပြီး Sharky Restaurant မှ ဆောက်လုပ်နေတယ်လို့ သိရှိရကြောင်း ဖော်ပြထားပါတယ်။
ပုဂံဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရတာဟာ တစ်နှစ်ပင်မပြည့်သေးသော်လည်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းမှာ အဆောက်အဦးဆောက်လုပ်မှုတွေ ဆက်လက် လုပ်ဆောင် နေတာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခုမှာ ရှိရမယ့် စံနှုန်းသတ်မှတ်ချက် လုပ်ထုံးလုပ်နည်းတွေနဲ့လည်း ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းချိန် နှစ်ကြိမ်လုံးမှာ ပုဂံယဉ်ကျေးမှုဒေသရဲ့ ယဉ်ကျေးမှုဆိုင်ရာမြင်ကွင်းကို မပျက်စီးစေဖို့ ထိန်းသိမ်းနိုင်ခြင်းဟာ စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ကြောင်း၊ အခုလိုမျိုး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရပြီးနောက်ပိုင်း ယဉ်ကျေးမှုမြင်ကွင်းကို ထိခိုက်စေတဲ့ လုပ်ငန်းတွေဟာ ယဉ်ကျေးမှုအမွေအနှစ်များ ထာဝရတည်တံ့နေရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါတယ်။
ဒါကြောင့်မို့ အဆိုပါလုပ်ရပ်များကို သက်ဆိုင်ရာတိုင်းအစိုးရမှ ထိထိရောက်ရောက်ကိုင်သွယ်ဆောင်ရွက် ပေးဖို့နဲ့ ပုဂံယဉ်ကျေးမှုဒေသဟာ နိုင်ငံတော်အဆင့်သာမက ကမ္ဘာ့အမွေအနှစ်အဆင့်ပါ သတ်မှတ်ခံရတဲ့ ဒေသဖြစ်တာကြောင့် မြန်မာနိုင်ငံသားအားလုံး ဝိုင်းဝန်းထိန်းသိမ်းပေးဖို့ကို မြန်မာနိုင်ငံရှေးဟောင်းသုတေသန ပညာအသင်းက တောင်းဆိုထားပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : Blog
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ