By သီဟကိုကို, Shweproperty.com
Updated at 11 September 2013
ဟံသာဝတီလေဆိပ်စီမံကိန်းကြောင့် ပဲခူးဒေသမြေဈေးနှုန်းများ မြင့်တက်လာပြီး နောက်တွင် ရန်ကုန်-ပဲခူး လမ်းပိုင်းမြေဈေးများပါ မြင့်တက်ကာ အရောင်းအဝယ်ဖြစ် လာသည်ဟု အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း ရှင်များက ပြောသည်။
စိုင်းခွန်နောင် အိမ်ခြံမြေဝန်ဆောင်မှု ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးရန်အောင် က ''ဟံသာဝတီလေဆိပ်စီမံကိန်းကြောင့်ပဲ ပဲခူးမြေဈေးတွေတက်တယ်။ ရန်ကုန်နဲ့ ပဲခူး ကြားကလည်း နောက်ဆိုရင် အဓိကကျလာ မှာဖြစ်တဲ့အတွက် အရောင်းအဝယ်ဖြစ်လာ ကြတယ်''ဟု ပြောသည်။
Estate Myanmar အိမ်ခြံမြေဝန်ဆောင် မှုကုမ္ပဏီ၏ ပဲခူးဒေသအကျိုးဆောင် ဦးပြည်ဟိန်းက အမှတ်(၂) လမ်းမကြီးတစ်လျှောက်တွင် ယခုရက်ပိုင်းအတွင်း၌ပင် မြေကွက် ရှစ်ကွက်ခန့် အရောင်းအဝယ်ဖြစ်ကြောင်း စီမံကိန်းမစမီကဆိုလျှင် အရောင်းအဝယ်မရှိ သည့်နေရာများဖြစ်ကြောင်း ဆိုသည်။ အခြားအကျိုးဆောင်လုပ်ငန်းများလည်း ယင်းလမ်းတစ်လျှောက်တွင် အရောင်းအဝယ် ဖြစ်ကြသည်ဟု ဆိုသည်။
ရန်ကုန် - ပဲခူး လမ်းမတစ်လျှောက်ရှိ လှည်းကူး၊ အင်းတကော်၊ အင်းတိုင်တို့တွင် မြေဈေးများ မြေအမျိုးအစားပေါ်မူတည်ကာ နှစ်ဆ ခန့်မြင့်တက်လာပြီး တစ်ပေပတ်လည် လျှင် ကျပ် ၄ဝ,ဝဝဝ ကျော် ဈေးပေါက်လာ ကြောင်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများ က ဆိုသည်။
ရန်ကုန်နှင့် ပဲခူး လမ်းမကြီးပိုင်းပေါ်ရှိ ရွာသာကြီးမြေဈေးများမှာ ပေ ၇ဝ ဍ္ဍ ၁ဝဝ လျှင် သိန်း ၂၅ဝဝ ဝန်းကျင်ခန့်အထိ ဈေးများမြင့် တက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ဆိုသည်။
ရန်ကုန်-ပဲခူး လမ်းပိုင်းကြားရှိ မြေနေရာ များမှာ လေဆိပ်စီမံကိန်းကြောင့် ကုန်သွယ်မှု အရ ရန်ကုန်နှင့် ပဲခူး တစ်ဆက်တည်းဖြစ်လာ ပြီး ဟိုတယ်များ၊ အခြားအဆောင်အအုံများစွာ တိုးပွားလာနိုင်သည့်အတွက် ရင်းနှီးမြှုပ်နှံလာ ကြခြင်းဖြစ်ကြောင်း အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းများက ဆိုသည်။
ဦးပြည်ဟိန်းက ''အမှတ်(၂)လမ်းပိုင်းမှာ မြေရောင်းဝယ်တာတွေရှိတယ်။ လေဆိပ်ပြီး ရင် ကုန်ဝင်ကုန်ထွက်အရ ဒဂုံဆိပ်ကမ်းနဲ့နီး တယ်။ အဲဒီဘက်မှာ အရောင်းအဝယ်တွေ ဖြစ်လာတယ်''ဟု ပြောသည်။
ပဲခူး
ဟံသာဝတီလေဆိပ်စီမံကိန်းကြောင့် မြင့်တက်လာသော ပဲခူးဒေသမြေဈေးနှုန်း များမှာ အမြင့်ဈေးဖြင့်ပင် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းများက ဆိုသည်။
''ပဲခူးဘက်ကတော့ အမြင့်ဈေးနဲ့ပဲ အ ရောင်း အဝယ်ဖြစ်နေတယ်။ တချို့ဆိုကျပ် သိန်း ၂ဝဝဝ လောက်အကွက်တွေက ကျပ် သိန်း ၂၅ဝဝ လောက်အထိ ဈေးတိုးပြီးရသွားတာ တောင်ရှိတယ်ဟု ဦးရန်အောင်က ပြောသည။်
ဟံသာဝတီလေဆိပ်စီမံကိန်းဧရိယာအနီး ရှိ ပေ ၆ဝဍ္ဍ ၈ဝ မြေကွက်များမှာ ကျပ်သိန်း ၂၅ဝဝ ဝန်းကျင်ခန့်ဈေးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ဆိုသည်။
မြေဈေးနှုန်းများ အဆမတန်ကြီးမြင့်ခြင်း အား အစိုးရမှ တစ်ပေပတ်လည်မြေဈေးနှုန်း ဖြင့် တိုင်း နှင့် ပြည်နယ် အလုပ် ထိန်း ချုပ်မည့်သတင်းများကြောင့် ရန်ကုန်မြို့ရှိမြေ ဈေးနှုန်းများ ကျဆင်းသွားခြင်းမရှိသော်လည်း အရောင်းအဝယ်မှာ ငြိမ်သက်သွားကြောင်း အိမ်ခြံမြေလုပ်ငန်းများက ပြောသည်။
ရန်ကုန်မြို့ရှိ မြေဈေးကွက်အတွင်း အရောင်းအဝယ်ငြိမ်သက်သွားသော်လည်း လေဆိပ်ဝန်းကျင်၊ ပဲခူးနှင့် ရန်ကုန်နှင့်ပဲခူး ကြားရှိ မြေဈေးများ အရောင်းအဝယ်သွက် လျက်ရှိကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များ က ပြောသည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ