By Myanmar Builders Guide, Shweproperty.com
Updated at 3 February 2020
ပဲခူးတိုင်းအတွင်း အိမ်ရာစီမံကိန်း တည်ဆောက်ရေး Pride Myanmar ကုမ္ပဏီက မြေနေရာသုံးခု တင်ပြတောင်းခံ ထားကြောင်း ပဲခူးတိုင်းအစိုးရ အဖွဲ့ကသတင်းထုတ်ပြန်သည်။
အဆိုပါ ကုမ္ပဏီသည် ၂၀၁၉ ဒီဇင်ဘာတွင် ပဲခူးတိုင်း အစိုးရထံတင်ပြခြင်းဖြစ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမျှတ အိမ် ရာစီမံကိန်းများအတွက်တင်ပြခြင်းဖြစ်သည်။ သို့သော် ကုမ္ပဏီက တင်ပြသည့် မြေနေရာနှင့် မြေ ဧရိယာကိုမူ ထုတ်ပြန်ခြင်းမရှိပေ။
ပဲခူးတိုင်းအတွင်း လူဦးရေ တိုးတက်များပြားလာ၍ အိုးအိမ် လိုအပ်မှု ဖြစ်လာကြောင်း၊ စီမံ ကိန်း မြေနေရာလိုအပ်ချက်အ တွက် အစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြော ကြားသည်။
တိုင်းအစိုးရနှင့် ပထမအ ကြိမ် တွေ့ဆုံမှုတွင် Pride Myan-mar Development (PMD) ကုမ္ပဏီဥက္ကဋ္ဌ ဦးမင်းကျော်စန်း နိုင်က တန်ဖိုးနည်း၊ တန်ဖိုးသင့်၊တန်ဖိုးမျှတ အိမ်ရာစီမံကိန်းအ ကြောင်း တင်ပြပြီး တန်ဖိုးမျှတ အိမ်ရာအတွက် အကျယ်စတုရန်း ပေ ၈၀၀ ရှိသည့်အခန်းအတွက် တစ်လလျှင် ကျပ် ၂၂၆,၀၀၀ပေး သွင်းကာ ၁၅ နှစ်ပြည့်လျှင် ထို အခန်း ပိုင်ဆိုင်မည်ဟု ဆိုသည်။
တန်ဖိုးသင့်အိမ်ရာ အကျယ် စတုရန်းပေ ၆၀၀ အတွက် တစ် လလျှင် ကျပ် ၁၉၈,၀၀၀၊ တန်ဖိုး နည်းအိမ်ရာ အကျယ်စတုရန်း ၃၂၄ ပေအတွက် တစ်လလျှင်ကျပ် ၉၅,၀၀၀ ပေးသွင်းရမည်ဟု ဆိုသည်။ ထိုအိမ်ရာများမှ အခန်း များ ဝယ်ယူရာတွင် ကြိုတင်ငွေ ပေးရန် မလိုကြောင်း ကုမ္ပဏီက ဆိုသည်။
Pride Myanmar Develop-ment သည် ဒါရိုက်တာ ဦးမင်း ကျော်စန်းနိုင် တစ်ဦးတည်းထူ ထောင်ထားသော ကုမ္ပဏီဖြစ် သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနစာရင်း များတွင် ၂၀၁၉ ဒီဇင်ဘာက ဖော်ပြထားသည်။
တိုင်းအစိုးရနှင့် ဇန်နဝါရီ ၃၁ ရက်က ဒုတိယအကြိမ် တွေ့ဆုံချိန်တွင်မူ အစုရှယ်ယာရှင် ဒါရိုက်တာ ကိုးဦးအထိရှိကြောင်း အဆိုပါဌာန စာရင်းများတွင် ဖော်ပြထားသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ