By Myanmar Times, Shweproperty.com
Updated at 31 May 2019
ပဲခူးတိုင်းဒေသကြီး အတွင်း မြို့နယ်များရှိ မြေလွတ်၊ မြေရိုင်းဧက ၉၀ဝဝဝ ကျော် သိမ်းဆည်းထားပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်လိုသူများ လျှောက်ထားနိုင်ရန် လျှောက်လွှာခေါ်ယူထား ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ပြောဆိုသည်။
"မြေလွတ်၊ မြေရိုင်းတွေကို နေရာယူထားပြီး စိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်မဖော်နိုင်တဲ့မြေတွေကို စည်းကမ်းပျက်သတ်မှတ်ကာ သတ်မှတ်ကာလကျော်လွန်ပါက သိမ်းဆည်းနေပါတယ်။ အခု ကျွန် တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်လိုသူတွေကို လျှောက်လွှာ ခေါ်ယူနေပါတယ်။ ဘယ်သူ့ကိုမှ မြေမချပေးသေးပါဘူး။ မြေလွတ်၊ မြေရိုင်းစီမံခန့်ခွဲရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေး ရမှာပါ။ စားကျက်မြေ၊ သစ်တောမြေတွေလည်း သတ်မှတ်ထားတဲ့ ဥပဒေအတိုင်းပဲ စီမံဆောင်ရွက်သွားရပါ့မယ်"ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင် ဇော်နိုင်က ပြောဆိုသည်။
"ပြန်လည်ခွဲဝေပေးရန်"
" ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသတ္တမနေ့ကို မေ ၂၈ ရက်ကကျင်းပရာ ရွှေကျင် မြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှ ဝင်းက မြို့နယ်များရှိ မြေလွတ်၊ မြေရိုင်းများကို လယ်မဲ့၊ ယာမဲ့များ အား ပြန်လည်ခွဲဝေပေးရန် ကြယ်ပွင့်ပြမေးခွန်းကို ဝန်ကြီးက ဖြေဆိုခဲ့ ခြင်းဖြစ်သည်။
" မြို့တွေမှာ မြေလွတ်၊ မြေရိုင်းတွေအများကြီးရှိပါတယ်။ ကုမ္ပဏီ အချို့က နေရာဦးရယူထားပြီး ဘာလုပ်ငန်းမှအကောင်အထည်ဖော် စိုက်ပျိုးခြင်းမရှိတဲ့အတွက် စည်းကမ်းပျက်သတ်မှတ်ကာ သိမ်းယူပြီး လယ်မဲ့၊ ယာမဲ့များကို ကျေးရွာမှ အဂတိကင်းသော ရပ်/ကျေးစီမံခန့်ခွဲ မှုအဖွဲ့၊ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ဖြင့် စိစစ်ပြီး ပြန်လည်ချထားပေးဖို့ အစီအစဉ် ရှိ/မရှိ မေးမြန်းတာပါ"ဟု ရွှေကျင်မြို့နယ် အမှတ် (၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ပြောဆိုသည်။
"လျှောက်လွှာခေါ်ယူ"
"ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအား လုပ်ပိုင်ခွင့်သတ်မှတ်ကာလ လေးနှစ်အထိ စိုက်ပျိုး ထားခြင်းမရှိသော မြေများအား ခွင့်ပြုမိန့်ပြန်လည်ရုပ်သိမ်းလျက်ရှိရာ ၂၀၁၈ ခုနှစ် ဇူလိုင်လအထိ ပဲခူးတိုင်းဒေသကြီးတွင် မြေလွတ်၊ မြေရိုင်းဧက ၉၀ဝဝဝ ကျော် သိမ်းဆည်းထားပြီး စိုက်ပျိုးရေးနှင့် မွေး မြူရေးလုပ်ငန်းလုပ်ကိုင်လိုသူများ လျှောက်ထားနိုင်ရန် လျှောက်လွှာ ခေါ်ယူထားသည်။
"အဆင့်ဆင့်တင်ပြရမည်"
"မြေလွတ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေတွင် သက်ဆိုင်ရာ မြို့နယ်များမှလုပ်ကိုင်လိုသူများ မြေလွတ်၊ မြေရိုင်းဗဟိုကော်မတီသို့ အဆင့်ဆင့်ပေးပို့တင်ပြထားရမည်ဖြစ်ပြီး တိုင်းဒေသကြီးကော်မတီမှ လုပ်ထုံး၊ လုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုပေးရမည်ဟု ဖော်ပြပါရှိပြီး တိုင်းဒေသကြီး၊ မြေလွတ်၊ မြေရိုင်း ကော်မတီမှ ဧက ၃၀ဝ အထိ ခွင့်ပြုပေးနိုင်ကာ ဗဟိုကော်မတီမှ ဧက ၃၀ဝ အထက်ခွင့်ပြုပေးနိုင် သည်ဟု ပြဋ္ဌာန်းထားသည်။
Ref : Myanmar Times
Photo Credit : Iangelrealty
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ