By Pyi Myanmar, Shweproperty.com
Updated at 2 April 2019
ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပဲခူး၊တောင်ငူ၊ ပြည်မြို့များတွင် တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း Golden Zenith Construction Co., Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးမြင့်သန်းဦးပြောကြားချက်အရ ဧပြီ ၂ ရက်တွင်သိရသည်။
အဆိုပါမြို့လေးမြို့သည် နောင်အနာဂတ်တွင် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်သောကြောင့် မြို့ပြများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အထပ်မြင့်အဆောက်အဦများ ပိုမိုလိုအပ်လာမည်ဖြစ်၍ ကုမ္ပဏီအနေဖြင့် ၆ ခန်းတွဲ ၄ ထပ်၊ အိမ်ခန်းအကျယ်အဝန်း ၅၄၀ စတုရန်ပေ၊အိမ်ခန်း ၁ ခန်း၊ ဧည့်ခန်း ၁ ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း၊ အိမ်သာများ တွဲဆက်ပါဝင်သော အိမ်ယာများနှင့် အိမ်ရာများတွင် ကာရပ်နားရန်နေရာ၊ စားကွင်း ပန်းခြံ၊ ဆေးပေးခန်း၊ ဈေးဝယ်စင်တာ၊ စာသင်ကျောင်းစသည့်တို့ တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။
တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှ မြေနေရာရရှိနိုင်ရေး ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့ပြအိမ်ရာများ တည်ဆောက်ရာတွင် အနာဂတ်မြို့ပြစီမံကိန်းနှင့် တွက်ချက်ဆောင်ရွက်ရန်၊ ထားရှိရမည့် လမ်းအကျယ်အဝန်း၊ စိမ်းလန်းနယ်မြေနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများအတွက်လည်း ပါဝင်ရမည်ဖြစ်ကြောင်းနှင့် တန်ဖိုးသင့်အိမ်ရာများသည် အငြိမ်းစားယူသည့် နိုင်ငံဝန်ထမ်းများ၊ နေအိမ်မရှိ၍ ကျူးကျော်နေထိုင်သူများကို အငှားစနစ်ဖြင့် ချထားပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
Ref & Photo Credit : Pyi Myanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ