By ကိုနေ(ပြည်), Shweproperty.com
Updated at 8 July 2012
ပဲခူးမြို့တွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်မည့်နည်းတူ စက်မှုဇုန် များကိုပါ ပြုလုပ်မည့်စီမံကိန်းများ ကြောင့် ယင်းစီမံကိန်းများနှင့် ဆက်စပ်လျက်ရှိသည့် မြေကွက်များကို အိမ်ခြံမြေရင်းနှီးမြုပ်နှံလိုသူများက အပြိုင်အဆိုင်လာရောက်၍ ဝယ်ယူ လျက်ရှိရာ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်ဖြင့် အရောင်းအဝယ်ပြုနေခြင်း ကြောင့် နောက်ဆက်တွဲအဖြစ် ပိုင် ဆိုင်မှုဆိုင်ရာ အထောက်အထား မခိုင်လုံသည့်ပြဿနာများပါဖြစ်ပွား လာကြောင်း သိရှိရသည်။
''အခုအရောင်းအဝယ် ဖြစ်နေတဲ့ နေရာတွေက ဥဿာမြို့သစ်အတွင်း လေယာဉ်ကွင်းစီမံကိန်း၊ စက်မှုဇုန်စီမံကိန်း စတဲ့နေရာတွေ နဲ့နီးတဲ့ မြို့ရှောင်လမ်းဘေးတစ် လျှောက်က အိမ်ခြံကွက်တွေပါ။ ဒီနေရာတွေအများစု က ဂရန်မရှိဘဲ မြို့သစ်တစ်ခုအနေနဲ့ အကွက်ချ ထားပေးတုန်းက မြေပေးမိန့်ပါမစ်၊ စလစ်တွေနဲ့ပဲ အများစုက ကိုင်ထား ကြတာ။ ဂရန်ဘာလို့မလျှောက် ကြသလဲဆိုရင် စည်ပင်ဖွံ့ဖြိုးမှု မရှိတာရယ်၊ လူနေထိုင်မှုနည်းပါး တာကြောင့် အများစုက မြေကွက် အတိုင်းပဲ ထားထားကြပါတယ်။
မြေကွက်တန်ဖိုးဟာလည်း ဂရန် လျှောက်ထားရာမှာ ကုန်ကျမယ့် စရိတ်ထက် လျော့နည်းတာတွေ ကြောင့် ဂရန်မလျှောက်ပဲထားကြ တာပါ။ အခုလိုမြေကွက်တွေ အဝယ် လိုက်လာတော့အရောင်းအဝယ်လုပ် ရာမှာ ဒီပါမစ်၊ စလစ်တွေနဲ့ပဲ လက် ပြောင်းလက်လွှဲ လုပ်ကြတယ်။ ဒီ နေရာမှာတချို့ကမရိုးမသားနဲ့ စလစ် အတုလုပ်တာတွေ၊မြေကွက်ကို ပေါင် နှံ ရောင်းချထားတာတွေကြောင့် ပြဿနာတွေ ဖြစ်ကုန်ကြတာ''ဟု ပဲခူးမြို့ခံတစ်ဦးက ဆိုပါသည်။
ထိုသို့ပြဿနာများဖြစ်ပွားရခြင်း၌ ပဲခူးမြို့ရှိ အိမ်ခြံမြေကွက်များကို ဝယ်ယူသူများက အပြိုင်အဆိုင်လာ ရောက်ဈေးပေး ဝယ်ယူမှုပြုနေခြင်း နှင့် ဝယ်ယူသူဘက်မှ ပိုင်ဆိုင်မှုဆိုင် ရာအထောက်အထားများအား သက် ဆိုင်ရာရုံးများ၌ အချိန်ပေး သွား ရောက်လေ့လာမှုမပြုနိုင်ခြင်းသည် လည်း အကြောင်းရင်းတစ်ခု ဖြစ် ကြောင်းသိရသည်။
''တစ်နေ့တစ်နေ့ ရန်ကုန်က နေ ပဲခူးကို မြေကွက်လာဝယ်တဲ့သူ မနည်းပါဘူး။ အိမ်ခြံမြေဘက်ကို ငွေကြေး အလုံးအရင်းနဲ့လှည့်လာတယ်။ ဒါ့ကြောင့်မြေဈေးတွေကလည်း မူလကထက် ငါးဆကနေ ၁ဝဆအထိ တက်ကုန်ပါတယ်။ ရောင်းဝယ်မှုပြုရာမှာလည်း အပြိုင် အဆိုင်ဆိုတော့ ရောင်းတဲ့သူဘက်က စလစ်၊ပါမစ်ပြဝယ်တဲ့သူဘက်လည်း မြေပုံမှာအကွက်နံပါတ် တိုက်ကြည့်၊ ကြိုက်တယ်ဆိုရင် ဈေးစကားပြော ပြီး အချိန်မဆိုင်းဘဲ ချက်ချင်းငွေ တန်းချေမှ။ ဒီလိုမှမလုပ်ရင် ကိုယ် နဲ့ဆိုင်နေတုန်းမှာပဲ နောက်လူက ဝင် ဆွဲသွားတယ်။ဒီလိုအနေအထားတွေ နဲ့ အရောင်းအဝယ်ဖြစ်နေတော့ ပိုင် ဆိုင်မှုနဲပတ်သက်ပြီး သက်ဆိုင်ရာ ရုံးအသီးသီးမှာ လုပ်ငန်းစဉ်အတိုင်း မလုပ်နိုင်ကြတော့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်ပွားလာခြင်း ဖြစ်ပါ တယ်''ဟု ပဲခူးမြို့မှ ရှေ့နေတစ်ဦး က ပြောကြားသည်။
Source : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ