By admin, Shweproperty.com
Updated at 20 November 2011
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ တွင် အိမ်ခြံမြေဈေးနှုန်းများမြင့်မား လာနေကြောင်း သိရကာ အငှားဈေး ကွက်၌လည်းငှားရမ်းခနှုန်းထားများ မှာ ယခုနှစ်အတွင်း ယခင်ကထက် ကြီးမြင့် လာ နေကြောင်းပဲခူး မြို့ဒေသခံ များထံမှ သိရသည်။
ထိုသို့ဈေးနှုန်းများမြင့်မား လာ မှုမှာ အစိုးရရုံးများစိုက်ရာ အုပ်ချုပ် ရေးမြို့ ပြန်လည်ဖြစ်လာပြီးသည့် နောက်ပိုင်းတွင်ဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းဦးရေယခင်ကထက်များပြား လာကာ စီးပွားရေးအရ ပဲခူးမြို့သို့ ပြောင်းရွှေ့နေထိုင်အလုပ်လုပ်ကိုင်သူ များပြားလာမှုတို့ကြောင့် မြင့် တက် လာခြင်းဖြစ်ကြောင်း သိရသည်။အခုနှစ်ထဲမှာ ပဲခူးမြို့ကို ဌာန ဆိုင်ရာတာဝန်နဲ့ရော စီးပွားရေးလုပ် ကိုင်ဖို့ပါ ရွှေ့ပြောင်းနေထိုင်သူတွေ များလာပြီး ကျပ် သိန်း ၃၀၀ ရရင် ရောင်းမယ်ဆိုတဲ့သူက အခု သိန်း ၃၅၀ ရမှ ရောင်းနိုင်မယ်ဆိုတာမျိုး တွေ ဖြစ်လာတယ်။အငှားဈေးကွက် မှာလည်း ဝါထွက်ပြီးနောက်ပိုင်းအိမ် ခန်းရှာသူတွေများလာတာကြောင့် အရင်နှစ်ကငှားရမ်းခဈေးတွေနဲ့ မရ တော့တာတွေဖြစ်လာတယ်''ဟု ပဲခူး မြို့ခံတစ်ဦးကဆိုသည်။
source : Eleven
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ