By The Kumudra, Shweproperty.com
Updated at 18 June 2015
စီးပွားရေးအရ အိမ်ခြံမြေမှာ ရေရှည်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ပဲခူးဘက်က ပိုပြီး အဆင်ပြေနိုင်တယ်လို့ သိရပါတယ်။
"ချက်ခြင်းဝယ်ပြီး မြတ်ချင်သူတွေ မဟုတ်ရင် ပဲခူးဘက်က ရေရှည် အတွက် ကောင်းတဲ့နေရာပဲ၊ (၆)လ၊ (၁) နှစ်၊ (၃) နှစ် ရင်းနှီးရင် အလားအလာကောင်းတယ်"လို့ ဦးစိုင်းခွန်နောင်က ပြောပါတယ်။
ပဲခူးဘက်ကို ပြောတာက ဟံသာဝတီလေဆိပ်ကြောင့်ပါ။ ဟံသာဝတီလေဆိပ်သာ အကောင်အထည်ဖော်ပြီးရင် နေရာကောင်းတစ်ခုဖြစ်မှာကြောင့်လို့ ဆိုပါတယ်။
သူကပဲ "ပဲခူးကို ပြောတာက နိုင်ငံခြားသားတွေ တကယ်ဝင်လာပြီဆိုရင် အခုလေဆိပ်နဲ့ မလောက်နိုင်တော့ မဖြစ်မနေ ပဲခူးကို လုပ်ရပါလိမ့်မယ်၊ လက်ရှိအချိန်ဝယ်မယ်ဆိုရင် ဈေးနှုန်းတန်သေးတာကြောင့် ဝယ်နိုင်တဲ့ဈေး ရှိသေးတယ်လို့ ဆိုပါတယ်။
ရင်းနှီးမြှပ်နှံဖို့အတွက် အများစုက ဒလနဲ့ ဒဂုံဘက်ကို စိတ်ဝင်စားကြပါတယ်။ ဒလဘက်ကလည်း လက်ရှိမှာ ဈေးကွက်အဖြစ်များတဲ့နေရာပါ။ ဝယ်ထားပြီး အချိန်တိုအတွင်းမှာ အမြတ်ကျန်ချင်သူတွေအတွက် ကစားဖို့ကောင်းတဲ့ နေရာတွေဖြစ်ပေမယ့် ရေရှည်အတွက်စဉ်းစားမယ်ဆိုရင် ပဲခူးဘက်ကသာ နိုင်ခြေရှိတယ်လို့ သိရပါတယ်။
ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က "ငွေကြာကြာ ရင်းနှီးမြှပ်နှံထားနိုင်မယ်ဆိုရင်တော့ ပဲခူးကကောင်းပါတယ်၊ ဒါပေမယ့် အချိန်တော့စောင့်ရမှာပေါ့၊ လေဆိပ်သာပြီးရင်တော့ ပဲခူးက နေရာကောင်းတစ်ခုပါပဲ၊ လှည်းကူး၊ မှော်ဘီလမ်းတစ်လျှောက်လဲ အဝယ်ကရှိနေတာပဲ၊ ရေတိုဆိုရင် မြို့တွင်းပိုင်းနဲ့ ဈေးကွက်ဖြစ်နေတဲ့ နေရာကို ရွေးချယ်ပေါ့"လို့ ပြောပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ