ဧရိယာ (၁၉.၂ဝ)ဧက ကျယ်ဝန်းပြီး မြို့ပြဖွံ့ဖြိုးရေးနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ထူထောင်ဆာင်ရွက်ရန်လျာထားပြီး Conceptual Development Plan များရေးဆွဲထားပါသည်။
၎င်းမြေပေါ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ တည်ဆောက်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီမှ ဦးစီး၍ Ba Nyar Da La Housing Project Phase 1ဆောင်ရွက်ပြီးဖြစ်၍ Ba Nyar Da La Housing Project Phase 2 ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သဖြင့် စီမံကိန်းဆောင်ရွက်လိုသည့် ပြည်တွင်းမှ ပင်မရင်းနှီးမြှုပ်နှံတည်ထောင်လိုသူ (Master Developer)၏ စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ကို တင်သွင်းရန်ဖိတ်ခေါ် ထားကြောင်းသိရသည်။
စီမံကိန်းမြေအား ထိရောက်အကျိုးရှိစွာ အကောင်အထည်ဖော်နိုင်မည့် ကျွမ်းကျင်မှုနှင့် လုပ်ကိုင်နိုင်စွမ်းရှိသော ကုမ္ပဏီအဖွဲ့အစည်းများသည် Ba Nyar Da La Housing Project Concept Plan အပေါ်အခြေခံ၍ တည်ဆောက်ရေး၊ဈေးကွက်ရှာဖွေရေး ရင်းနှီးမြှုပ်နှံမှုနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်လိုကြောင်း အဆိုပြုလွှာကို တင်သွင်းရမည်ဖြစ်ပါသည်။