By 7daydaily, Shweproperty.com
Updated at 3 February 2016
မဟာဗန္ဓုလ အငှားအိမ် ရာအတွက် လျှောက်ထားသူဦးရေသည် ချထားပေးမည့်အခန်းအရေ အတွက်ထက် ပို၍များပြားလျက် ရှိကြောင်း သတင်းရရှိသည်။
အဆိုပါလျှောက်လွှာများကို အစိုးရအဖွဲ့ရုံးဝင်းရှိ ဝန်ဆောင်မှု စင်တာတွင် လက်ခံပေးနေခြင်း ဖြစ်ရာ ယင်းရုံးရှေ့၌ မြို့နယ် အသီးသီးမှ လာရောက်လျှောက် ထားသူဦးရေ ရာနှင့်ချီ၍ စုဝေး စောင့်ဆိုင်းနေကြသည်။
‘‘မနက် ၉ နာရီကတည်းက လျှောက်လွှာတင်ဖို့ စောင့်နေ တာ။ အခုထိတော့ ကိုယ့်အလှည့် မရောက်သေးဘူး။ လူက အရမ်း များတော့ မဲပေါက်မယ်လို့ အပြည့်အဝမယုံကြည်ရဲဘူး’’ဟု ဒဂုံမြို့ သစ် (မြောက်ပိုင်း)မှ လာရောက် လျှောက်ထားသည့် ဒေါ်အေးမွန် က ပြောသည်။
ရန်ကုန်မြို့တွင် ဆင်ခြေဖုံး မြို့နယ်များ၌ပင် အိမ်ငှားရမ်းခ သည့် ကျပ်ငါးသောင်းမှ တစ်သိန်းခန့်အထိရှိနေခြင်းကြောင့် ယခုအငှားအိမ်ရာအပေါ် စိတ်ဝင်စား၍ လာရောက်လျှောက်ထားခြင်း ဖြစ်သည်ဟု ကိုယ်တိုင်လာရောက် လျှောက်ထားသူများက ပြော ကြားသည်။
‘‘အပြင်ဈေးထက်သက်သာ တော့ ကိုယ်တွေလို အိမ်ပိုင်မရှိ သေးတဲ့သူတွေ စုပြီးလာလျှောက် ကြတာ။ အခုမဲမပေါက်လည်း နောက်ပိုင်းစီမံကိန်းဆက်လုပ်လို့ ရှိရင် ဦးစားပေးထဲ ပါနိုင်တဲ့အ တွက် အကျိုးမယုတ်ဘူးဆိုပြီး လာတာပေါ့’’ဟု ဒေါပုံမြို့နယ်မှ လာရောက်လျှောက်ထားသူ ဦးသန်းဝင်းက ပြောသည်။
မဟာဗန္ဓုလအငှားအိမ်ရာ တွင် နေထိုင်ခွင့်အတွက် လျှောက် လွှာများကို ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရက လက်ခံပေးနေခြင်းဖြစ် ပြီး နှစ်ရက်အတွင်း လျှောက်ထား သူဦးရေ နှစ်ထောင်ကျော်ရှိနေ ပြီဖြစ်ကြောင်း အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းလျှောက်လွှာများကို ဖေဖော်ဝါရီ ၁၅ ရက်အထိ လက် ခံပေးမည်ဖြစ်၍ အရေအတွက်မှာထပ်မံ တိုးလာနိုင်သည်ဟု ဆို သည်။
မဟာဗန္ဓုလအငှားအိမ်ရာ ကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့ နယ်အမှတ် (၂) လမ်းမကြီးဘေး တွင် ဆောက်လုပ်နေကာ ယခု အစိုးရသက်တမ်းမကုန်ဆုံးမီ နေ အိမ်ပိုင်ဆိုင်မှုမရှိသူများအတွက် အငှားချထားပေးရန် စီစဉ်နေခြင်း ဖြစ်သည်။
လျှောက်ထားသူသည် ရန်ကုန်အိမ်ထောင်စုစာရင်း ၆၆/၆ ရှိသူဖြစ်ကာ အိမ်ပိုင်မရှိကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ် ရေးမှူး ထောက်ခံချက်ရှိရမည်ဟု ကန့်သတ်မှုပြုလုပ်ထားသည်။
ယင်းအိမ်ခန်းများကို အစိုးရ က တစ်လလျှင် ကျပ်သုံးသောင်း ဖြင့် ငှားရမ်းပေးမည်ဟု ကြေညာ ထားပြီး အခန်းအရေအတွက် ၁,၂၀၀ သာရှိသဖြင့် လိုအပ်သူအ ရေအတွက်နှင့် မျှတမှုမရှိဘဲ ဖြစ် နေသည်။
လက်ရှိလျှောက်ထားသူများ ထဲမှ နေထိုင်ခွင့်ရှိသူများကို တိုင်း ဒေသကြီးအစိုးရအဖွဲ့က မဲနှိုက် ရွေးချယ်ပေးမည်ဖြစ်ကာ မဲပေါက်သူများအနေဖြင့် လာမည့်ဧပြီ ခန့်တွင် နေထိုင်ခွင့်ရနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဆောက်လုပ်ရေးနှင့် စွမ်းအင်ဝန်ကြီး ဦးကျော် စိုးက ပြောသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ