By 7daydaily, Shweproperty.com
Updated at 8 February 2016
မဟာဗန္ဓုလအငှားအိမ် ရာနေထိုင်ခွင့်အတွက် သက်ဆိုင် ရာ မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးများ၌ လျှောက်ထားနိုင်ကြောင်း ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့က ကြေညာ သည်။
အဆိုပါ အငှားအိမ်ရာ လျှောက်ထားမှုကို ဖေဖော်ဝါရီ ၁ ရက်ကစတင်၍ ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ရုံးတွင် လက်ခံ နေခြင်းဖြစ်သော်လည်း အချိန် ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်း၊ ခရီးဝေးမှ လာရောက်ရသူများရှိနေခြင်းများကြောင့် လျှောက်ထား မှုများအဆင်ပြေစေရန် ဖေဖော်ဝါရီ ၄ ရက်ကစ၍ မြို့နယ်ထွေအုပ်ရုံးများ၌သာ သတ်မှတ်ပုံစံဖြင့် လျှောက်ထားနိုင်သည်ဟု ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
‘‘မနက်ဖြန်ကစပြီး ကိုယ်မြို့ နယ်ရုံးတွေမှာပဲ နီးနီးနားနား လျှောက်လို့ရအောင် စီစဉ်ပေး တာပါ။ လျှောက်လွှာနောက်ဆုံး လက်ခံမယ့်ရက်ကတော့ ဖေဖော် ဝါရီ ၁၅ ရက်ပါပဲ။ အဲဒါတော့ မ ပြောင်းဘူး’’ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတာဝန်ရှိသူ တစ်ဦးက ပြောသည်။
မဟာဗန္ဓုလအငှားအိမ်ရာ ကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ် အမှတ်(၂) လမ်းမကြီးဘေး တွင် ဆောက်လုပ်နေကာ နေအိမ်ပိုင်ဆိုင်မှု မရှိသူများအား ယခု အစိုးရလက်ထက်မကုန်ဆုံးမီ အ ငှားချထားပေးရန် စီစဉ်နေခြင်း ဖြစ်သည်။
အဆိုပါအိမ်ရာ အခန်းငှား ရမ်းခမှာ ပြင်ပအိမ်ငှားခထက် သက်သာသည့်အတွက် စိတ်ဝင် စားမှုမြင့်မားနေပြီး နှစ်ရက်အ တွင်း လျှောက်ထားသူနှစ်ထောင် ခန့်ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။
လျှောက်ထားသူမှာ ရန်ကုန်အိမ်ထောင်စုစာရင်း ၆၆/၆ ရှိသူ ဖြစ်ကာ အိမ်ပိုင်မရှိကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်ရှိရမည်ဟု ကန့် သတ်မှုပြုလုပ်ထားသည်။
ယင်းအိမ်ခန်းများကို အစိုးရ က တစ်လကျပ်သုံးသောင်းဖြင့် ငှားရမ်းခွင့် ချထားပေးမည်ဟု ကြေညာထားခြင်းဖြစ်ပြီး အခန်း အရေအတွက်မှာ ၁,၂၀၀ သာရှိ သည့်အတွက် လိုအပ်သူအရေ အတွက်နှင့် မျှတမှုမရှိဘဲ ဖြစ်နေ သည်။
လက်ရှိလျှောက်ထားသူများ အနက် နေထိုင်ခွင့်ရှိသူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့က မဲနှိုက်ရွေးချယ်ပေးမည်ဖြစ်ကာ မဲပေါက်သူများအနေဖြင့် ဧပြီခန့် တွင် နေထိုင်ခွင့်ရရှိနိုင်မည်ဟု ခန့် မှန်းထားကြောင်း ဆောက်လုပ် ရေးနှင့် စွမ်းအင်ဝန်ကြီး ဦးကျော် စိုးက ပြောသည်။
Ref : 7daydailty
Photo Credit : Social
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ