By Myanmar Times, Shweproperty.com
Updated at 11 May 2016
ဒဂုံမြို့သစ်တောင်ပိုင်းရှိ မဟာဗန္ဓုလအငှားအိမ်ရာတွင် တိုက်ခန်းမဲပေါက်ထားသူများက လာမည့်ဇွန်လဆန်းပိုင်းတွင် စတင်နေထိုင် ခွင့်ရရှိရန် စီစဉ်ထားသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီး ဌာန (ရန်ကုန်တိုင်းဒေသကြီး)မှ ညွှန်ကြားရေးမှူး ဦးယုခိုင်က မေလ ၉ ရက်နေ့တွင် ပြောသည်။
မဟာဗန္ဓုလ အငှားအိမ်ရာစီမံကိန်းကို ပြည်ထောင်စုအစိုးရခွင့်ပြုဘတ်ဂျက်ငွေ ကျပ် ၂၀ ဘီလျံဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလတွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လျှပ်စစ်မီးသွယ်တန်းခြင်း၊ ရေပေးဝေရေးစနစ်နှင့် ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အငှားအိမ်ရာတွင် နေထိုင်ခွင့် မဲပေါက်ထားသူများသည် အိမ်လခအဖြစ် တစ်လလျှင်ကျပ် ၃၀,၀၀၀ နှုန်း ပေးဆောင်၍ ဇွန်လဆန်းပိုင်းတွင် စတင် တက်ရောက် နေထိုင်မည်ဖြစ်သည်။ မဟာဗန္ဓုလအငှားအိမ်ရာတွင် နေထိုင်ခွင့် ရရှိရန် လျှောက်ထားသူပေါင်း ၃၅,၅၀၀ ရှိခဲ့ရာ တိုက်ခန်းပေါင်း ၁,၁၅၂ ခန်းအတွက် မဲနှိုက်ရွေးချယ်ခြင်းကို ပြီးခဲ့သည့်မတ် ၁၃ ရက်တွင် ကျင်းပခဲ့သည်။
"ဇွန်လဆန်းလောက် ဆို နေလို့ရပါပြီ၊ လျှပ်စစ်မီးချိတ်တဲ့ အလုပ်တွေ အခုလုပ်နေဆဲဖြစ်ပါတယ်၊ ရေတော့ရနေပါပြီ၊ အိမ်လခကို တစ်လစာ ကြိုပြီးပေးသွင်းရပါမယ်"ဟု ဦးယုခိုင်က ပြောသည်။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ရန်ကုန်ျွ မန္တလေး အမှတ် ၂ လမ်းမကြီး ဘေးရှိ မဟာဗန္ဓုလ အငှားအိမ်ရာစီမံကိန်းတွင် အကျယ် အဝန်းစတုရန်းပေ ၅၇၀ ရှိ တိုက်ခန်းပေါင်း ၁,၂၀၀ ပါဝင်မည်ဖြစ်သည်။ စီမံကိန်းမြေ နေရာအတွင်းက ဖယ်ရှားခံခဲ့ရသူ ၄၈ ဦးကိုလည်း အဆိုပါအိမ်ရာတွင် ပြန်လည်နေရာ ချထားပေးမည်ဖြစ်သည့်အတွက် တိုက်ခန်း လျှောက်ထားသူပေါင်း ၃၀,၀၀၀ ကျော်အနက် တိုက်ခန်းပေါင်း ၁,၁၅၂ ခန်းအတွက်သာ မဲနှိုက်ရွေးချယ်ပေး ခဲ့ခြင်းဖြစ်သည်။ အဆိုပါအငှားအိမ်ရာတွင် နေထိုင်သူများ က နိုင်ငံတော်က သတ်မှတ်ထားသည့် အိမ်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း မရှိဘဲ ဖောက်ဖျက်ကျုး လွန်းခြင်း၊ အိမ်လခ ပုံမှန်ပေးသွင်းမှု မရှိဘဲ အချိန်ဆွဲခြင်းများ ပြုပါ က ၁၉၅၅ ခုနှစ် အစိုးရ အိမ်ဥပစာ နှင်ထုတ် ခြင်း ဥပဒေအရ အိမ်ခန်းမှ ဖယ်ရှားခံရမည် ဖြစ်ကာ အရန်မဲဖောက်ထား သူများကို အစဉ် လိုက် ပြန်လည်နေရာချ ထားပေးသွားမည် ဖြစ်သည်။
"ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း အတိုင်းပဲ ဆက်လက်လုပ်သွားမှာဖြစ်ပါ တယ်"ဟု ဦးယုခိုင်က ပြောသည်။ အခန်း နေထိုင်ခွင့်ရရှိ ထားသော်လည်း အိမ်ရာစည်းမျဉ်းစည်းကမ်းဖောက်ဖျက် သူများကို တွေ့ရှိပါ ကလည်း ဖယ်ရှားကာ အပိုဆောင်းမဲပေါက်ထားသူ ၂၀၀ ဦးကို အစဉ်လိုက် နေရာချထားပေးရန် တိုက်ခန်းမဲနှိုက်စဉ်ကပင် အပိုဆောင်း မဲ ၂၀၀ ကို ကြိုတင်နှိုက်ယူ ထားပြီးဖြစ်သည်။
မဟာဗန္ဓုလအငှားအိမ်ရာကို စုစုပေါင်း ၁၂ ဧက ကျယ်ဝန်းသည့် မြေနေရာပေါ်တွင် တည်ဆောက်ထားပြီး ၎င်းအငှားအိမ်ရာစီမံ ကိန်းတွင် လူနေအိမ်ခန်းများသာမကဈေး ဆိုင်ခန်းများပါ ပါဝင်တည်ဆောက်ထား သည်။ တစ်လငှားရမ်းခ ကျပ် ၃၀,၀၀၀ သာ ကောက်ခံမည့် မဟာဗန္ဓုလအငှားအိမ်ရာတည်နေရာမှာ သွားလာရေးလွယ်ကူသည့် နေရာဖြစ်သည့်အတွက် ရန်ကုန်လူထု အကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့သည့် အိမ်ရာ စီမံကိန်းတစ်ခု ဖြစ်သည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ