By 7daydaily, Shweproperty.com
Updated at 15 October 2015
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)တွင် ဗန္ဓု လအငှားအိမ်ရာ တည်ဆောက် ရန်စီစဉ်နေပြီး ၂၀၁၅-၁၆ ဘဏ္ဍာ နှစ်အတွင်း အပြီးတည်ဆောက် မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။
အဆိုပါအိမ်ရာကို ဒဂုံမြို့ သစ်တောင်ပိုင်း အမှတ် (၂) လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့် ရှိ အစိုးရပိုင်မြေဧရိယာ ၁၂ ဒသမ ၅၃၄ ဧကတွင် ခြောက်ခန်းတွဲလေးထပ် အဆောက်အအုံအလုံး ၄၀တည်ဆောက်သွားမည် ဖြစ်သည်။အငှားအိမ်ရာဆောက်လုပ် ရန် စိတ်ဝင်စားသည့် တိုင်းရင်း သားလုပ်ငန်းရှင်များ ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံး၌ သတ်မှတ်တင်ဒါပုံစံကို အောက်တိုဘာ ၂၃ ရက် နောက်ဆုံးထားပြီး ထုတ်ယူနိုင်ကာ တင်ဒါပိတ်ရက်မှာ အောက်တိုဘာ ၃၀ ရက်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအိမ်ရာအကောင်အ ထည်ဖော်ရန်အတွက် ပြီးခဲ့သည့် ဇွန်လကလည်း တင်ဒါစတင်ခေါ် ယူခဲ့သည်။
အငှားအိမ်ရာတည်ဆောက် ရန် လျှောက်လွှာတစ်စောင်လျှင် တစ်သောင်းကျပ်ဖြင့် ရောင်းချ မည်ဖြစ်ပြီး တည်ဆောက်ခွင့် လျှောက်ထားပါက အဆောက်အ အုံတစ်လုံးလျှင် စိတ်ဝင်စားကြေး ကျပ်သိန်း ၃၀၀ အာမခံကြေးပေးဆောင်ရမည်ဖြစ်သည်။
‘‘တကယ်ဆောက်မယ့် လုပ် ငန်းရှင်တွေပဲ တင်ဒါလျှောက် ထားအောင် အာမခံကြေးသတ် မှတ်ထားတာပါ။ အိမ်ငှားဘဝနဲ့ နေထိုင်တဲ့ ပြည်သူတွေကို ငှား ရမ်းသွားမှာပါ။ တင်ဒါလျှောက်လွှာတွေကို ဆောက်လုပ်ရေးပညာရှင်တွေက စိစစ်သွားမှာပါ’’ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်စိုးက ပြောသည်။
Ref : 7daydaily
Photo Credit : Skyscrapercity
Posted By : Moe Thae
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ