By Tomorrow News, Shweproperty.com
Updated at 5 July 2017
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မဟာဗန္ဓုလအငှားအိမ်ရာ၌ နေထိုင်ခွင့်မဲပေါက်ထားသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနသို့ သတ်မှတ်ရက်အတွင်း ဆက်သွယ်ခြင်းမရှိပါက အိမ်ခန်းများ ပြန်သိမ်းမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားခဲ့သည်။
“ဒီကိစ္စကို စာတိုက်ကနေတစ်ဆင့်၊ ဖုန်းနဲ့တစ်ဆင့် ဆက်သွယ်လိုက်တော့ ၁၄၀ လောက်က ပြန်ပြီး ဆက်သွယ်လာကြတယ်။ ၁၀၀ ကတော့ လုံးဝကို လာမဆက်သွယ်ကြဘူး။ မေလစာရင်းအရဆိုရင် ၂၄၀ လောက်ရှိတယ်။ သူတို့ကို ဝါမဝင်ခင် ၇ ရက်အထိ စောင့်မယ်။ သတ်မှတ်ရက်ထက် ကျော်သွားရင် အိမ်ခန်းတွေ ပြန်သိမ်းမယ်။ အရင်အစိုးရလက်ထက်တုန်းက လုပ်ငန်းတွေ အဆင်ပြေအောင် စောင့်ဆိုင်းလူ ၂၀၀ ရှိတယ်။ ဒီထဲကနေ မဲပြန်နှိုက်မလား မပြောတတ်သေးဘူး။ လက်ရှိအစိုးရအဖွဲ့ကို ဘယ်လိုစီစဉ်မလဲဆိုတာ တင်ပြရဦးမယ်” ဟု ဦးယုခိုင်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် မေလကုန်စာရင်းများအရ မဟာဗန္ဓုလအငှားအိမ်ရာရှိ အိမ်ခန်းပေါင်း ၁၂၀၀ အနက် နေထိုင်ခွင့်ပြု အိမ်ခန်းပေါင်း ၉၆၀ အတွက် မိသားစု ၇၂၅ စုကို နေထိုင်ခွင့်ပြုခဲ့ကြောင်း သိရပြီး လက်ရှိတွင် ယခုလအတွင်း ပြန်လည်ဆက်သွယ်လာသော အိမ်ခန်းပေါင်း ၁၄၀ ကို နေထိုင်ခွင့်ပြုရန် စစ်ဆေးမှုများ ပြုလုပ်နေကာ နေထိုင်ခွင့်ရသူများအနေဖြင့် ဇူလိုင် ၇ ရက် နောက်ဆုံးထား ဆက်သွယ်ရမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် မေလအတွင်းက နေထိုင်ခွင့်ပြုခဲ့သည့် မဟာဗန္ဓုလအငှားအိမ်ရာတွင် အိမ်ငှားရမ်းခ တစ်လလျှင် ကျပ် ၃၀၀၀၀၊ ပြုပြင်ထိန်းသိမ်းရေးစရိတ် ကျပ် ၅၀၀၀၊ သန့်ရှင်းရေးခ ကျပ် ၁၀၀၀ ပေးသွင်းရကြောင်းသိရပြီး အဆိုပါအိမ်ရာကို ပြီးခဲ့သည့်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် မဟာဗန္ဓုလနှင့် အမှတ် (၂) လမ်းမကြီးအနီးတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
Ref & Photo Credit : Tomorrow News
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ