By Myanmar Builders Guide, Shweproperty.com
Updated at 14 March 2019
မွန်ပြည်နယ်အစိုးရအဖွဲ့က ရန်ပုံငွေ ကျပ် သန်း ၅၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်ထားတဲ့ မော်လမြိုင်မြို့နယ် ကြာအင်းကျေးရွာရှိ ဗညားဒလ တန်ဖိုးသင့်အိမ်ရာ တွေကို စတင် ရောင်းချဖို့ရှိပါတယ်။
မော်လမြိုင်မြို့နယ် ကြာအင်းကျေးရွာရှိ ဗညားဒလ တန်ဖိုးသင့်အိမ်ရာတွေ ရောင်းချနိုင်ဖို့ အတွက် မတ်လ ၈ ရက်က ပြုလုပ်တဲ့ ပြည်နယ် အစိုးရအဖွဲ့ရဲ့ အစည်းအဝေးမှာ မူဝါဒ ချမှတ်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် တန်ဖိုးသင့်အိမ်ရာတွေကို မကြာခင် စတင်ရောင်းချ သွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဆိုပါတယ်။
မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က “ရောင်းချဖို့အတွက် အစိုးရအဖွဲ့က ဆုံးဖြတ်ထားပြီပြီး၊ လျှောက်လွှာတွေကို တစ်စောင် ၁၀၀၀ နဲ့ စပြီး ရောင်းချတော့မယ်”လို့ ပြောပါတယ်။
တန်ဖိုးသင့် အိမ်ရာရဲ့ ဈေးနှုန်းတွေကိုတော့ မြေညီထပ် ကျပ် ၂၃၅ သိန်း၊ ပထမထပ် ၂၁၀ သိန်း၊ ဒုတိယထပ် ၁၉၅ သိန်း၊ တတိယထပ် ၁၈၀ သိန်း သတ်မှတ်ထားပါတယ်။ ဒီတန်ဖိုးသင့် အိမ်ရာတွေရဲ့ လျှောက်လွှာတွေကို နိုင်ငံဝန်ထမ်း၊ အငြိမ်စားဝန်ထမ်းနဲ့ ပြည်သူဆိုပြီး အမျိုးအစား သုံး မျိုးခွဲထားပြီး လျှောက်လွှာ ရောင်းချသွားဖို့ ရှိနေပါတယ်။
အိမ်ရာတွေကို မွန်ပြည်နယ်အတွင်း နေထိုင်ပြီး အိမ်ပိုင်မြေပိုင် မရှိသူ၊ နိုင်ငံဝန်ထမ်း အနေနဲ့ အငြိမ်းစား မယူခင် ၅ နှစ်၊ အငြိမ်းစားယူပြီး ၃ နှစ်ရှိသူတွေ ငွေလက်ငင်းချေနိုင်သူတွေကို ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။
အခုလို ငွေလက်ငင်းချေနိုင်တဲ့ သူတွေကို ဦးစားပေးတဲ့စနစ် ကျင့်သုံးရင် လက်ပြောင်း လက်လွှဲတွေ ဖြစ်လာနိုင်တယ်လို့ မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌက ဆိုပါတယ်။
မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး က “ဒီလို လက်ငင်းငွေချေတဲ့ သူတွေကို ဦးစားပေးမယ်ဆိုရင် လက်ပြောင်းလက်လွှဲက ရှိနေဦးမှာပဲ”လို့ ပြောပါတယ်။မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ အစိုးရ လက်ထက်က သီရိမင်္ဂလာ တန်ဖိုးနည်း အိမ်ရာကို အကောင်အထည် ဖော်ခဲ့ပါတယ်။
အဲဒီ အိမ်ရာတွေကို အငြိမ်းစား ဝန်ထမ်း၊ နိုင်ငံဝန်ထမ်းတွေနဲ့ အခြေခံ လူတန်းစား အတွက်သာ ရည်ရွယ် တည်ဆောက်ခဲ့ပေမယ့် လက်ရှိမှာတော့ အိမ်ရာ နေထိုင်သူ ၇၅ ရာခိုင်နှုန်းမှာ အိမ်ငှားတွေသာ ဖြစ်နေတယ်လို့ အိမ်ရာနေထိုင်သူတွေက ဆိုပါတယ်။
သီရိမင်္ဂလာ အိမ်ရာ ရောင်းချတဲ့ နေရာမှာ လျှောက်လွှာ ခေါ်ယူတဲ့နေ့မှာ အရင်ဆုံး ကျပ် ၂၅ သိန်း ပေးသွင်းခဲ့ရပြီး၊ လျှောက်ထားသူ အရေအတွက်များသောကြောင့် မဲနှိုက်ရွေးခဲ့ကာ မဲပေါက်ရင် နောက်ထပ် ကျပ် ၂၅ သိန်း ထပ်မံပေးသွင်းပြီး အခန်းယူတဲ့စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ဒါအပြင် ပေးချေဖို့ ကျန်တဲ့ ငွေတွေကို ၅ နှစ် အရစ်ကျ စနစ်ဖြင့် ပေးချေခဲ့ရပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ