အခြေခံအဆောက်အဦ စီမံကိန်းတွေဖြစ်တဲ့ (၁) Power Supply and Distribution (၂) Natural Gas Supply and Distribution (၃) Cyber Connectivity (၄) Public Transport (၅) Waste Management နဲ့ (၆) Convention Center တို့အတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest)ကို ကြေငြာခဲ့ပါ တယ်။ NYDC က သက်ဆိုင်ရာကဏ္ဍအလိုက် EOI တင်သွင်းမှု (၇၇)ခုကို ကုမ္ပဏီ/ အဖွဲ့အစည်းပေါင်း (၄၅)ခုထံက လက်ခံရရှိခဲ့ပါတယ်။
(၁) Power Supply and Distribution ကဏ္ဍအတွက် ထိုင်းနိုင်ငံအခြေစိုက် PTT/PTTEP/GPSC တို့ပါဝင်တဲ့ PTT Group ကို ရွေးချယ်ခဲ့ပြီးတော့
(၂) Natural Gas Supply and Distribution ကဏ္ဍအတွက် အိန္ဒိယနိုင်ငံအခြေစိုက် Indraprastha Gas Limited and Gail Consortium (IGL Consortium) ကို ရွေးချယ်ခဲ့ပါတယ်။
ကျွန်တော့်အနေနဲ့ ရွေးချယ်ခံရတဲ့ PTT Group နဲ့ IGL Consortium တို့ကိုလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။