By Myanmar Builders Guide, Shweproperty.com
Updated at 25 October 2019
#Unicode
၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်းပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုငွေဖြင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလမ်းပိုင်းအချိူ့ပြုပြင်ခြင်းနှင့်အခြေခံအဆောက်အအုံလုပ်ငန်းများဆောင်ရွက်ရန်မြန်မာနိုင်ငံသားဆောက်လုပ်ရေးကုမ္ပဏီများအားဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကအိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်းသိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အောင်မြင့်မိုရ်လမ်း (အမှတ်-၂ လမ်းမကြီးမှလှော်ကားလမ်း အထိ) နှင့်ဆက်စပ်လမ်းများအားလမ်းပေါက်ပြုပြင်ခြင်းနှင့်၂၂´အကျယ်၊၁၂"ထုPlain Concrete (Grade-30)ဖြင့် ထပ်ပိုးလွှာတင်ခင်းခြင်းလုပ်ငန်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၁၀၆ ၁၀၇ )ရပ်ကွက်ရှိ ရတနာပုံလမ်း (ရိုးမရိပ်သာလမ်းမှကျန်စစ်သားလမ်းအထိ)အားလမ်းပေါက်ပြုပြင်ခြင်းနှင့်၂၂'အကျယ်၊၁၂"ထု Plain Concrete (Grade-25)ဖြင့်ထပ်ပိုးလွှာတင်ခင်းခြင်းလုပ်ငန်းတို့ပါဝင်သည်။
ထို့ပြင်သန်လျင် - ကျောက်တန်းမြို့နယ် သီလဝါ စက်မှုဇုန်အနီး တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ နှစ်ထပ်ဆေးခန်း နှင့် ဆက်စပ်လျက်ရှိသော အခြေခံ အဆောက်အအုံ လုပ်ငန်းများ နှင့် ၁ထပ်စာကြည့်တိုက် နှင့် ဆက်စပ်လျက်ရှိသော အခြေခံအဆောက်အအုံလုပ်ငန်း ၊ လှိုင်သာယာမြို့နယ် အနော်ရထာလမ်း အား (တမာကုန်းတဝိုင်းမှာ ကမ်းနားလမ်းအထိ ) လမ်းပေါက်ပြုပြင်ခြင်း နှင့် ၂၂' အကျယ် ၊ ၁၂ “ ထု Plain Concrete (Grade - 25) ဖြင့် ထပ်ပိုးလွှာတင်ခင်းခြင်း လုပ်ငန်း ၊ လှိုင်သာယာမြို့နယ် ကျန်စစ်မင်း အိမ်ရာစီမံကိန်းအပိုင်း(၁) အတွင်း Car Parking, Walk way, Grass Work ဆောင်ရွက်ခြင်းလုပ်ငန်း ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ၁၆၈ ရပ်ကွက် ရိုးမရိပ်သာလမ်း နှင့် ဘရကျော်ထင်လမ်းအကြား ဦးတရုတ်လမ်း ပေါ်ရှိ ရိုးမတန်ဖိုးနည်းအိမ်ရာ စီမံကိန်းဝင်းအတွင်းရှိ ၁ထပ် ဓမ္မာရုံ ဝင်းခြံစည်းရိုး၊ အဝင်လမ်းနှင့် အုတ်ရေမြောင်းများတည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ပြ နှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီဌာန က ထုတ်ပြန်ထားသည်။
အဆိုပါ လုပ်ငန်းများလုပ်ကိုင်ရန် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသား ဆောက်လုပ်ရေး ကုမ္ပဏီများ အနေဖြင့် တင်ဒါပုံစံများကို အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၂ရက် အထိ ဝယ်ယူနိုင်မည်ဖြစ်ပြီး တင်ဒါပုံစံများကို နိုဝင်ဘာ ၁၈ ရက်မှ ၂၂ ရက်အတွင်း ပြန်လည်တင်သွင်းရမည် ဖြစ်ကြောင်းသိရှိရသည်။
တင်ဒါပုံစံများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြ နှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရုံး အမှတ်(၄၀) ၊ နေပြည်တော် ၊ ၀၆၇၃၄၀၇၅၂၇ တွင် ရောင်းချမည်ဖြစ်ပြီး မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂၂၈/၂၃၄) ၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း ဗိုလ်တထောင်မြို့နယ် ၊ ၀၁-၈၂၅၆၈၆ သို့ ပြန်လည်တင်သွင်းနိုင်ကြောင်း တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီ က သတင်းထုတ်ပြန်ထားသည်။
#Zawgyi
၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်းပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုငွေဖြင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလမ်းပိုင်းအချို့ပြုပြင်ခြင်းနှင့်အခြေခံအဆောက်အအုံလုပ်ငန်းများဆောင်ရွက်ရန်မြန်မာနိုင်ငံသားဆောက်လုပ်ရေးကုမ္ပဏီများအားဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦီးစီးဌာနကအိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်းသိရှိရသည်။
Ref & Photo Credit :Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ