By Hnin Htet, Shweproperty.com
Updated at 10 December 2019
အိမ်ရာစီမံကိန်းများနှင့်ပတ်သက်ပြီး ပြည်သူများအကြားပွင့်လင်းမြင်သာစွာဆောင်ရွက်ရန် နှင့် အခြေခံလူတန်းစားများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိရန် အခက်အခဲများရှိနေကြောင်း အမျိုးသားလွှတ်တော်ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီရဲ့ ၂၀၁၈ ခုနှစ် မတ်လ ၂၁မှ ၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော်ပုံမှန်အစည်းဝေးကာလပြီးသည်အထိ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာတွင်ဖော်ပြထားကြောင်းသိရပါတယ်။
ဒီအစီရင်ခံစာမှာတော့ ဆောက်လုပ်ရေးကဏ္ဍနှင့်စပ်လျဉ်းတဲ့ လေ့လာတွေ့ရှိချက်ခုနှစ်ချက်ပါဝင်ပြီး မြို့ရွာမျျားခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း နှင့် မြို့နယ်ပေါင်း ၅၅ မြို့နယ်တွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများအား ရေးဆွဲထားပြီးဖြစ်သော်လည်း ကျန်မြို့နယ်များကိုလည်း ဆက်လက်ရေးဆွဲရန်နှင့် ရေးဆွဲပြီး စီမံကိန်းများကိုလည်းအကောင်အထည်ဖော်ရန် လိုအပ်လျက်ရှိကြောင်းကော်မတီ၏ လေ့လာတွေ့ရှိချက် မှာဖော်ပြထားးပါတယ်။
အိမ်ရာစီမံကိန်းများနှင့် ပတ်သက်ပြီးတော့ ပြည်သူများအကြားပွင့်လင်းမြင်သာစွာဆောင်ရွက်ရန်နှင့် အခြေခံလူတန်းစားများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိရန် အခက်အခဲများရှိနေကြောင်းကိုလည်းလေ့လာတွေ့ရှိရတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက လွှတ်တော်သို့ တင်ပြခဲ့ကြောင်းသိရပါတယ်။
Written By : Hnin Htet (ShweProperty.com)
Photo Credit : Mizzima
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ