By Kumudra, Shweproperty.com
Updated at 12 September 2017
ဗိုလ်မှူးဗထူးအိမ်ရာ စီမံကိန်း(ဒုတိယအဆင့်)က တိုက်ခန်း ၈၆၄ ခန်းကို အစိုးရဝန်ထမ်းတွေ သာမက အများပြည်သူတွေကိုပါ စက်တင်ဘာလ ၇ရက်က မဲဖောက်ရောင်းချခဲ့ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မ တီက သိရပါတယ်။
ဗိုလ်မှူး ဗထူးအိမ်ရာ စီမံကိန်းကရှစ်ထပ်တိုက် ၂၇လုံးက တိုက်ခန်း ၈၆၄ ခန်းကို အစိုးရဝန်ထမ်းတွေ သာမက အများပြည် သူကိုပါ မဲစနစ်နဲ့ ရောင်းချခဲ့ပြီး တိုက်ခန်းဝယ်ယူရန်လျှောက်ထားသူဦးရေ ၅၇၅၂ ဦး ရှိတယ်လို့ သိရပါတယ်။
အခန်းဈေးတွေကို နှစ်မျိုး သတ်မှတ် ကာ ရောင်းချဖို့ စီစဉ်ထားပြီး စတုရန်းပေ ၆၀ဝနဲ့ စတုရန်းပေ ၉၀ဝ ကျယ်ဝန်းတဲ့ အခန်းတွေ ဖြစ်ပါတယ်။ ဈေးနှုန်း ၂၈၅ သိန်း၊ ၃၇၇ သိန်းနဲ့ ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခန်းတွေကို အရစ်ကျ ဒါမှမဟုတ် ဘဏ်ချေးငွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပြီး တိုက်ခန်းဝယ်ယူခွင့်ရရှိသူတွေဟာ တိုက်ခန်းတန်ဖိုးရဲ့ ၃၀ရာခိုင်နှုန်းကို ဝယ်ယူခွင့်ရရှိထားတဲ့ နှစ်လအတွင်း အပြီးပေးချေရမှာ ဖြစ်တယ်။ သတ်မှတ်ကာလ အတွင်း ငွေစတင် ပေးသွင်းခြင်းမရှိတဲ့ အခန်းတွေရဲ့ ဝယ်ယူခွင့်ကို ပယ်ဖျက်ပြီး မဲနှိုက်ထားတဲ့ အရန်စာရင်း ကြီးစဉ်ငယ်လိုက်အရ ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဗိုလ်မှူးဗထူးအိမ်ရာ စီမံကိန်း (ဒုတိယ အဆင့်)ကို ၂၀၁၅ ဒီဇင်ဘာလမှာ တည် ဆောက်တာဖြစ်ပြီး ယင်းတိုက်ခန်းတွေကို ၂၀၁၈ ဒီဇင်ဘာမှာ တည်ဆောက်ပြီးစီးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ