By Ra Wai, Shweproperty.com
Updated at 13 December 2021
မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်း နဲ့ လူနေမှုအဆင့်အတန်းတွေ ပြောင်းလဲလာတဲ့ အလျှောက် နေရာထိုင်ခင်တွေလဲ ပြောင်းလဲလို့လာပါတယ်။ ခြံတွေ ၊ ဝန်းတွေ၊ ပျဉ်ထောင်အိမ်တွေ ကနေ တိုင်ခန်းတွေမှာ ပြောင်းလဲဆောက်လုပ်နေထိုင်လာကြပါတယ်။ အဲ့ဒီလိုပြောင်းလဲလာတဲ့ နေရာမှာ ယခင်က အိမ်အရောင်းအဝယ်လုပ်မယ်ဆိုရင် ခြံနဲ့ဖြစ်တာကြောင့် ဂရံကိုသာ အဓိကထား စစ်ဆေးကြပြီး ယခုနောက်ပိုင်း တိုက်ခန်းတွေဖြစ်လာတာကြောင့် ဘီစီစီ စာရွက်ကို အဓိက စာရွက်စာတန်းအဖြစ် စစ်ဆေးလာကြပါတယ်။ ဘယ်လိုဘဲ အဲ့ဒီ ဘီစီစီ ဆိုတာအရေးကြီးတယ် လို့ ပြောနေကြပါစေ ဘီစီစီ စာရွက်ကို အတိအကျ မသိသေးသူတွေ ရှိနေပါသေးတယ်။ BCC စာရွက်ဆိုတာ ( Building Complete Certificate ) (လူနေထိုင်ခွင့်ပုံစံ) စာရွက်လို့ ခေါ်ဆိုပါတယ်။ အဲဒီစာရွက်လေးဟာ တိုက်ခန်းတစ်ခန်း ဝယ်ယူမယ်ဆိုရင် အခြားလိုအပ်တဲ့ စာရွက်စာတန်းတွေနဲ့ အတူ BCC စာရွက်လေး ကိုလဲ အဓိကထား စစ်ဆေးသင့်ပါတယ်။ အဆိုပါ စာရွက်ဟာ လူနေထိုင်ခွင့်ပုံစံ စာရွက်ဖြစ်သလို နောင်တစ်ချိန် အရောင်းအဝယ် ပြန်လုပ်တဲ့ အခါမှာ မရှိမဖြစ် လိုအပ်တဲ့ စာရွက်ဖြစ်ပြီး အဲ့ဒီစာရွက်မရှိပါက ရောင်းဝယ်ဖို့ ကြန့်ကြာနိုင်ပါတယ်။ နောက်ပြဿနာတစ်ခုကတော့ ဘီစီစီ စာရွက် ဆိုတာကို နားမလည်တဲ့သူတွေကြောင့် အကျိူးဆောင် တစ်ချို့စိတ်ညစ်ခဲ့ရတယ် ဆိုတဲ့ ပြဿနာပါပဲ။ တိုက်ခန်းရောင်းဝယ်တဲ့ အခါ ဘီစီစီစာရွက်ကို တောင်းကြတယ်။ ဘီစီစီစာရွက်ပါလို့ ပေးလိုက်ပေမယ့် ဘီစီစီစာရွက်လို့ မသိကြတဲ့သူတွေ ရှိ နေပါတယ်။ ဘီစီစီကို လူနေထိုင်ခွင့်လို့ လူတွေအလွယ်ပြောပါတယ် ။ အဲဒီတော့ စာရွက်ပေါ်မှာ လူနေထိုင်ခွင့်လို့ ပါနေလိမ့်မယ်လို့ မသိစိတ်က ထင်မှတ်ထားကြပါတယ် ။ ဒါပေမယ့် ဘီစီစီ(BCC) ဆိုတာ Building Completion Certificate ဆိုတဲ့ စည်ပင်ဌာနကထုတ်ပေးတဲ့ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုလွှာလို့ ခေါ်တာပါ။ လူတွေပြောနေကြတဲ့ လူနေထိုင်ခွင့် ဆိုတာနဲ့ သဘောတရားကတော့ အတူတူပါပဲ အဆောက်အဦးဆောက်လုပ်တာ ပြည့်စုံပြီးစီးသွားပါပြီ ဒါကြောင့် လူနေလို့ ရပြီဆိုတဲ့ သွယ်ဝိုက်အသိပေးတဲ့ လူနေထိုင်ခွင့်စာရွက်ပါဘဲ။ ဘီစီစီကို လူနေခွင့်လို့ အကြမ်းဖျဉ်းသိထားတဲ့သူတွေက ဘီစီစီစာရွက်လည်း မြင်ရော “လူနေခွင့်ပြုသည်” ဆိုတဲ့ စာသားမပါလို့ဆိုပြီး ရောင်းတဲ့သူ နဲ့ အကျိူးဆောင်တွေကို မယုံမကြည် မေးတတ်ပြန်ပါတယ် ။ ဘီစီစီစာရွက်ဆိုတာ ဘယ်လိုပုံစံမျိူးလဲဆိုတာ ဝယ်သူက သေချာမသိတာပါ..။ ဒါကြောင့် ဒီလိုပြဿနာတွေ ဖြစ်နေတဲ့ အပေါ်ဘီစီစီ ဆိုတာကို နားလည်နိုင်စေဖို့ ဖြစ်ပါတယ်။ လူတော်တော်များများ တိုက်ခန်းဝယ်ရင် ဘီစီစီပါလား မေးတတ်ကြပါတယ်..။ ဘီစီစီစာရွက်လည်း ပေးလိုက်ရော ဘီစီစီစာရွက်လို့ မသိကြပြန်ပါဘူး..။ ဘီစီစီစာရွက်ကို ဘီစီစီစာရွက်ပါလို့ ပေးပေမယ့် ဘီစီစီစာရွက်လို့ မသိကြတဲ့သူတွေကြောင့်လည်း အကျိူးဆောင်၊ပွဲစားများ စိတ်ညစ်ရပါတယ်။ ဘီစီစီကို လူနေထိုင်ခွင့်လို့ လူတွေအလွယ်ပြောပါတယ်..။ အဲဒီတော့ စာရွက်ပေါ်မှာ လူနေထိုင်ခွင့်လို့ ပါနေလိမ့်မယ်လို့ မသိစိတ်က ထင်မှတ်ထားကြပါတယ်။ ဒါပေမယ့် ဘီစီစီ(BCC) ဆိုတာ Building Completion Certificate ဆိုတဲ့ စည်ပင်ဌာနကထုတ်ပေးတဲ့ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုလွှာကို ခေါ်တာပါ..။ အဆောက်အဦးပြီးစီးကြောင်း တရားဝင်အသိအမှတ်ပြုတာကို မြန်မာအများစုက မြန်မာမှုပြုလိုက်တာမှာ လူနေခွင့်လို့ ဖြစ်သွားပါတယ်။ သဘောတရားကတော့ အတူတူပါပဲ..။ အဆောက်အဦးဆောက်လုပ်တာ ပြည့်စုံပြီးစီးသွားပါပြီဆိုတော့ လူနေလို့ ရပြီပေါ့။ လူနေလို့ရပြီလို့ သွယ်ဝိုက်အသိပေးတဲ့ ဘီစီစီစာရွက်ဆိုတာ လူနေခွင့်စာရွက်ပေါ့..။ ဘီစီစီကို လူနေခွင့်လို့ အကြမ်းဖျဉ်းသိထားတဲ့သူတွေက ဘီစီစီစာရွက်လည်းမြင်ရော လူနေခွင့်ပြုသည်ဆိုတဲ့ စာသားမပါလို့ဆိုပြီး ရောင်းတဲ့သူနဲ့ အကျိူးဆောင်တွေကို မယုံမကြည် မေးတတ်ပြန်ပါတယ်..။ ဘီစီစီစာရွက်ဆိုတာ ဘယ်လိုပုံစံမျိူးလဲဆိုတာ ဝယ်သူက သေချာမသိတာပါ..။ ပြောပြတော့လည်း ယုံရမှာလိုလို..၊ မယုံရမှာလိုလို..၊ အကျိူးဆောင်ပွဲစားတွေကပဲ လိမ်တော့မှာလိုလိုတွေ ဖြစ်ကုန်တတ်ပါတယ်။ ပိုပြီးဆိုးတာက ဘုတ်စိမ်းလို့အလွယ်ခေါ်တဲ့ ဆောက်လုပ်ခွင့်ပြုမိန့်စာရွက်မှာ လူနေထိုင်ရန်ဆိုတဲ့ စာလုံးကို စာလုံးဆိုဒ်အကြီးနဲ့ မင်ခုံနဲ့ထုပြီး ပါတာကို ဘီစီစီ ထင်တာပါပဲ..။ လူနေထိုင်ရန် ဆိုတဲ့ စာလုံးအကြီးပါတဲ့စာရွက်က ဘုတ်စိမ်းစာရွက်(ဆောက်လုပ်ခွင့်ပြုတဲ့အမိန့်)စာရွက်ပါ..။ လူနေရန် ဆိုတဲ့ စာလုံးကြီးကြီးပါနေတာက လုပ်ငန်းလုပ်ရန်( Commercial) နဲ့ ခွဲခြားသတ်မှတ်ထားတာပါ။ ဘုတ်စိမ်းစာရွက်ပါရင် တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်တဲ့တိုက်လို့ ဆိုလိုတာပါ..။တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်လုပ်ပြီးစီးသွားရင် ဘီစီစီလျောက်ရပါတယ်..။ ဘုတ်စိမ်းစာရွက်တစ်ခုနဲ့တင် မပြီးပါဘူး..။ ဘီစီစီစာရွက်ပါ ပါရပါတယ်။ ဘုတ်စိမ်းစာရွက်(လူနေထိုင်ရန် လို့ ပါတဲ့စာရွက်)ပဲပြနိုင်ရင် တရားဝင် ဆောက်လုပ်ခွင့်နဲ့တော့ ဆောက်ထားတယ်..။ အဆောက်အဦးပြီးစီးကြောင်း စာရွက် ဘီစီစီတော့ တင်မထားဘူးလို့ အဓိပ်ပါယ်ရပါတယ်..။ လှိုင်နဲ့ သင်္ဃန်းကျွန်း တစ်ချို့ရပ်ကွက်တွေမှာ ဘုတ်စိမ်း(ဆောက်လုပ်ခွင့်ပြုမိန့်) စာရွက်ပါပြီး..ဘီစီစီစာရွက်မပါတဲ့တိုက်တွေ တစ်ရပ်ကွက်လုံးနီးပါးရှိတဲ့ ရပ်ကွက်တစ်ချို့ရှိပါတယ်။ ဘီစီစီစာရွက်ပါရင်တော့ ဘုတ်စိမ်းစာရွက်တောင်းဖို့ မလိုပါဘူး..။ ဘီစီစီဆိုတာ ဘုတ်စိမ်းစာရွက်ရှိမှ ရတဲ့စာရွက်မို့ပါ..။ တောင်ဥက္ကလာရဲ့ ၉၀%သောတိုက်ခန်းတွေက ဘီစီစီပါကြပါတယ်..။ တောင်ဥက္ကလာမှာ တရားမဝင်ဆောက်တဲ့တိုက်..၊ ဘီစီစီမတင်တဲ့တိုက် မရှိသလောက် နည်းပါတယ်..။(တစ်လုံးတစ်လေ ရှိပါတယ်။) ၂၀၁၅ နှစ်လယ်ရှေ့ပိုင်းလောက်ထိ တိုက်တွေက မီတာကျပြီး အားလုံးပြီးစီးပြီဆိုမှ ဘီစီစီစာရွက် သပ်သပ်တင်ရတာပါ..။ ၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်ဆောက်တဲ့ ကန်ထရိုက် အသေးစားတွေက ဆောက်လုပ်ခွင့်(ဘုတ်စိမ်း)တင်ပြီးဆောက်ရင် မီတာလည်း အလွယ်တကူရတာမို့ ဘီစီစီတင်တာကို အလုပ်ပိုလို့ မြင်ပါတယ်..။ ဒါမို့လို့ ၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်တွေမှာ ဘီစီစီစာရွက်မေးလိုက်ရင် လူနေထိုင်ရန်လို့ မင်အပြာနဲ့တုံးထုထားတဲ့ ဘုတ်စိမ်းစာရွက်ကို ဘီစီစီလို့ ပြောပြီးပေးတတ်တာလည်း ကြုံဖူးကြားဖူးပါတယ်..။(မသိ နားမလည်တာကို အခွင့်အရေးယူတာပါ..။ ဒါမို့လို့ မိမိက သိအောင်လုပ်ထားရပါမယ်။) ၂၀၁၅ နှစ်လယ်လောက်နောက်ပိုင်းကစလို့ အဆောက်အဦးတွေမှာ ဘီစီစီရမှ မီတာချပေးတော့ပါတယ်..။ အဲဒီတော့မှ ဘယ်ကန်ထရိုက်တိုက်မဆို ဘီစီစီဆိုတာ မတင်မနေရ ဖြစ်ကုန်တာပါ..။ ဘီစီစီကျပြီးတာနဲ့ ဘီစီစီစာရွက်နဲ့ မီတာ ထပ်လျောက်ရပါတယ်..။ ၂၀၁၅ နှစ်လယ်နောက်ပိုင်းကတိုက်တွေတိုင်းမှာ ဘီစီစီစာရွက် ပါပါတယ်..။(ဘီစီစီကျပြီးမှ မီတာချပေးတော့တာမို့ ဘီစီစီမတင်ပဲ ချိုချိုချောင်ချောင်ဆောက်တဲ့ ၃ထပ်ခွဲနဲ့ ၅ထပ်တိုက်တွေ ဈေးမကိုက်တော့လို့ မဆောက်ကြတော့ပါဘူး။) တစ်ခါတုံးက တောင်ဥက္ကလာမှာ တိုက်ခန်းတစ်ခန်းရောင်းပေးတော့ စာရွက်စာတမ်းကို ရှေ့နေနဲ့စစ်တာကို အဆောက်အဦးပြီးစီးကြောင်း စာရွက်ပဲပါပြီး လူနေထိုင်ရန် ဆိုတဲ့ လူနေထိုင်ခွင့် ဘီစီစီစာရွက် လိုသေးတယ်လို့ အပြောခံရပါတယ်..။(စိတ်ကို တော်တော်လေသွားပါတယ်..။) ဘီစီစီရဲ့ အင်္ဂလိပ်အရှည်က Building Completion Certificate မို့ ဘီစီစီဆိုတာ လူနေထိုင်ခွင့်လို့ ရေးထားတဲ့ စာရွက်မဟုတ်ပဲ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုစာရွက်သာဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာနဲ့ ရှင်းပြမှ လက်ခံသွားပါတော့တယ်။ တိုက်ခန်းမဝယ်ခင် ဒီစာကို အသေးစိပ် နားလည်အောင်ဖတ်သွားရင် အကျိူးရှိပါတယ်..။ မိမိနဲ့ တိုက်ခန်းဝယ်ဖို့ရှိနေတဲ့ မိတ်ဆွေတွေကို ဒီပို့စ်ကို အဆင့်ဆင့်လက်ဆင့်ကမ်းပေးခြင်းဖြင့် မိမိစိတ်ထဲမှ မရှင်းလင်းမှုကို ချေဖျက်နိုင်ကြပါစေ။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ မြေမဝယ်မှီ သိထားသင့်၊ သိထားထိုက်သော အကြောင်းအရာများ အမွေပုံပစ္စည်းဖြစ်လာတတ်သည့် မိဘများမကွယ်လွန်ခင်ပေးကမ်းခဲ့သော အိမ်နှင့်မြေကိုဝယ်မည်ဆိုလျှင် ပါမစ်(PERMIT) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ ပုံစံ ၁၀၅ ဆိုတာ Credit By: Original Writter Posted By : Ra Wai, ShweProperty.com
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ