By ShweProperty.com Media Team, Shweproperty.com
Updated at 17 July 2017
သင်ဟာခရီးထွက်ရတာသီးသန့် စိတ်ဝင်စားသူ (ဒါမှမဟုတ်) Travelogue Blogger တစ်ဦးဖြစ်ခဲ့မယ်ဆိုရင် ကျွန်မအခုတင်ဆက်ပေးမယ့် အာရှတိုက်ရဲ့ လည်ပတ်ဖို့အကောင်းဆုံးနေရာ (၁၀)ခုကိုသိကိုသိထားသင့် ပါတယ်။ တကယ်လို့ အာရှတိုက်ကိုခရီးထွက်ဖို့ သင်တကယ် ဆုံးဖြတ်ပြီးပြီဆိုရင်တော့ သင့်ရဲ့ အာရှခရီးစဉ် ပိုပြီးအသက်ဝင်ဖို့ ဒီဗီဒီယိုဆောင်းပါးလေးကသင့်ကိုများစွာအကူအညီပေးပါလိမ့်မယ်။
အခုပြောပြပေးမှာကတော့ အာရှတိုက်ကိုလာရောက်လည်ပတ်ဖို့ စိတ်ဝင်စားမှု အမြင့်မားဆုံးရှိတဲ့ နိုင်ငံ (၁၀)ခု ဖြစ်ပါတယ်။ နံပါတ်(၁၀)နေရာ မှာရပ်တည်နေတာကတော့ ဗီယက်နမ်နိုင်ငံဖြစ်ပါတယ်။ သင့်ရဲ့ အာရှခရီးစဉ်မှာဗီယက်နမ်နိုင်ငံဟာမမေ့သင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာသဘာဝအလှတွေနဲ့ ကျော်ကြားသလို၊ သူ့ရဲ့ ရှေးဟောင်းပြင်သစ် - ကိုလိုနီအဆောက်အအုံတွေ၊ ဟနွိုင်းနဲ့ ဟိုချီမင်းမြို့တော် အလှအပတွေကြောင့် ဗီယက်နမ်ဟာအာရှမှာလည်ပတ်စရာကောင်းတဲ့ နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။
နံပါတ်(၉)ကတော့ သီရိလင်္ကာမြို့တော်ပဲဖြစ်ပါတယ်။ သီရိလင်္ကာဟာအိန္ဒိယသမုဒ္ဒရာမှာတည်ရှိတဲ့ ကျွန်းငယ် နိုင်ငံလေးတစ်ခုဖြစ်ပြီး၊ ကမ်းခြေ အလှ၊ အပြုံးစစ်တွေနဲ့ ကြိုဆိုကြတဲ့ ဒေသခံတွေကြောင့် နာမည်ကျော်ကြားပါတယ်။ စွန့်စားမှုအများဆုံးအခွင့်အရေးရနိုင်တဲ့ မြို့တော်ဖြစ်ပါတယ်။ ဒါတွေအပြင် ဘာသာရေးနဲ့သက်ဆိုင် တဲ့ အဆောက်အအုံတွေ၊ ရှေးဟောင်းလက်ရာတွေ၊Bentotaနဲ့ Mirrisaကမ်းခြေတွေ ဟာလည်းကျော်ကြား တဲ့ နေရာတွေပဲဖြစ်ပါတယ်။
တကယ်လို့ခရီးထွက်မယ့်သူဟာသမိုင်းဝင်အဆောက်အဦးတွေကို နှစ်သက်သူဖြစ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံကို မဖြစ်မနေသွားရောက် လည်ပတ်သင့်ပါတယ်။ မြန်မာရဲ့ အထင်ရှားဆုံးနဲ့ နိုင်ငံခြားသားတွေ စိတ်ဝင်စားမှု အမြင့်မားဆုံးနေရာတွေကတော့ သပ္ပယ်တဲ့ ဘုရားကျောင်း ကန်တွေ ဖြစ်ပါတယ်။ ဒီလိုသမိုင်းဝင်ပြီးခမ်းနားတဲ့ စေတီပူထိုးတွေဆီအရောက်လာဖို့ သင့်ရဲ့ အာရှခရီးစဉ်မှာ မြန်မာနိုင်ငံကို လည်းမှတ်ထားသင့် ပါတယ်။
ခရီးသွားတွေ တစ်ခါပြီးတစ်ခါလည်ပတ်ချင်တဲ့ နေရာကတော့ ဂျပန်နိုင်ငံပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ထင်ရှားတဲ့ Cherry Blossom နဲ့ ဖူဂျီတောင် တန်းတွေဆီလည်ပတ်ဖို့ နဲ့ ကောင်းမွန်တဲ့ မြေနေရာဒေသတစ်ခုရဲ့ အရသာကိုခံစားဖို့ဆိုရင် ဂျပန်နိုင်ငံဟာလည်းအရေးပါလှပါတယ်။
ထိုင်းနိုင်ငံ ဟာအာရှမှာလည်ပတ်စရာအကောင်းဆုံးနိုင်ငံတစ်ခုလို့ ပြောလို့ရပါတယ်။ အကုန်ကျသက်သာပြီးအလွယ်တကူသွားလာနိုင်တဲ့ ထိုင်းနိုင်ငံမှာအံ့သြမှင်သက်ဖွယ်ကောင်းတဲ့ သဘာဝရှုခင်းအလှတွေနဲ့ ဘန်ကောက်မြို့ရဲ့ ခေတ်မှီပြီးစီးပွားရေးအချက်အချာကျတဲ့ မြို့တော်ဆီကို လာရောက်သူများစွာရှိပါတယ်။ ဒါ့အပြင် ဖူးခက်ကမ်းခြေကလည်းကမ္ဘာ့အလှအပဆုံးကမ်းခြေတွေထဲကတစ်ခုအဖြစ်ရပ်တည်ဆဲပါပဲ။
နံပါတ်(၅)ခုမြောက်အနေနဲ့ အာရှမှာလည်ပတ်မှု အများဆုံးဖြစ်တဲ့ ဘာလီကျွန်းတည်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံပဲ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် ကျွန်းဆွယ်ပေါင်း (၁၃၄၆၆) ခုရှိပြီးဒီကျွန်းတွေရဲ့ ဆွဲဆောင်မှုအလှတွေ နဲ့ ယဉ်ကျေးမှုတွေကြားအတွေ့အကြုံကောင်းတွေကိုသင်ရရှိမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ နာမည်ကျော် Great Wall အဆောက်အဦးကြီးဆီကိုအမိအရသွားဖို့ဟာလည်းအာရှခရီးစဉ် အတွင်းအရေးကြီးတဲ့ အခွင့်အရေးဖြစ် ပါတယ်။ (၁၃၁၇၀)မိုင်ရှည်လျားတဲ့ သမိုင်းဝင် Great Wall ကြီးရဲ့ သမိုင်းကြောင်းကိုလေ့လာရင်းသင့်ရဲ့ အာရှခရီးစဉ်ကိုသမိုင်းဝင်ခရီးတစ်ခုအဖြစ် မှတ်တမ်းတင်လိုက်ပါ။တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေ၊ တရုတ်ဘုံကျောင်းတွေဆီအရောက်သွားပြီးအတွေ့အကြုံသစ်တွေ ရယူလိုက်ပါ။
ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံတွေနဲ့အတူအိန္ဒိယနိုင်ငံသားတွေရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုတွေဟာလည်းခရီးသွားတွေအတွက် ဆွဲဆောင်မှုအရှိဆုံး ဖြစ်ပါတယ်။ အိန္ဒိယမှာရှေးဘုရင်တွေကတည်ဆောက်ထားတဲ့ သမိုင်းဝင် Taj- Mahalဘုရားကျောင်းနဲ့ ထင်ရှားတဲ့ ဘုရားရှိခိုးကျောင်းတွေ၊ ပန်းခြံတွေနဲ့ Colour Festival တွေကြောင့် ခရီးသွားတွေ မဖြစ်မနေသွားသင့်တဲ့ နေရာတစ်ခုအဖြစ် နံပါတ်(၃) နေရာမှာရပ်တည်နေပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ အလှအပဆုံးခေတ်အမှီဆုံးအဆောက်အဦးတွေရှိတဲ့ အာရှတိုက်ထဲကစင်္ကာပူနိုင်ငံကိုလည်းခရီးသွားတွေ မမေ့ဖို့ တိုက်တွန်းလိုက်ပါတယ်။ အားလပ်ရက်ရှည်မှာခရီးထွက်ချင်တဲ့သူတွေအတွက် ပါ စင်္ကာပူကိုရွေးချယ်ဖို့ အကောင်းဆုံးဖြစ်ပြီး၊ Sky – Driving, Snowboarding, စတဲ့ အပန်းဖြေစရာတွေနဲ့အတူ၊ ကမ္ဘာ့အဆင့်မှီဟိုတယ်နဲ့ စားသောက်ဆိုင်တွေ ရှိတဲ့အတွက် မိသားစုအပန်းဖြေခရီးထွက်ဖို့ လည်းအကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။
နံပါတ်(၁)နေရာမှာရပ်တည်နေတာကတော့ Maldives (မာလ်ဒစ်ဗ်စ်)ဆိုတဲ့ အာရှတိုက်မှာအငယ်ဆုံး နိုင်ငတစ်ခုပဲဖြစ်ပါတယ်။ သူကတော့ အာရှမှာလည်ပတ်ဖို့ အကောင်းဆုံးနေရာပဲဖြစ်ပါတယ်။ Maldives ဟာအိန္ဒိယပင်လယ်သမုဒ္ဒရာပေါ်က ကျွန်းနိုင်ငံတစ်ခုဖြစ်ပါတယ်။ မြေပြင်ကနေ (၂.၃)ပင်လယ်ရေမျက်နှာပြင် အထက်ထိကို (၂.၃) မီတာရှိပြီးလူဦးရေ (၃)သိန်း (၉)သောင်းကျော်သာတည်ရှိပါတယ်။ ပင်လယ်ပြင်ပေါ်မှာတည်ရှိနေတဲ့ နိုင်ငံဖြစ်လို့ ပျောက်ကွယ်သွားမှာစိုးရိမ်ပြီးလူသားတွေ နေထိုင်မှုနည်းပေမယ့် သူ့ရဲ့ လှပတဲ့ ကမ်းခြေနဲ့ ဇိမ်ခံအဆင့်မြင့်ဟိုတယ်တွေကြောင့် ခရီးသွားတွေ လာရောက်လည်ပတ်သင့်တဲ့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။
( World Top (10) Official You Tube Video မှ ဘာသာပြန်ဆိုဖော်ပြသည်)
Translated By : Wut Yee Htun (ShweProperty.com)
ShweProperty.com Media Team မှ စီစဉ်တင်ဆက်သည်။
Photo Credit : Social
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ