By TheMandalayNewsJournal, Shweproperty.com
Updated at 30 October 2019
#Unicode
မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၃ ဒသမ ၇ ဘီလီယံ သုံးစွဲ၍ မြို့နယ် ရှစ်မြို့နယ်တွင် ဝန်ထမ်းအိမ်ရာ ၁၉၂ ခန်းကို တည်ဆောက်ပေးသွားမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောကြားသည်။
"ဒီလအတွင်းမှာပဲ တည်ဆောက်ဖို့ တင်ဒါခေါ်နေပါပြီ၊ လာမယ့် နိုဝင်ဘာလအတွင်း တင်ဒါအောင်မြင်တဲ့သူတွေကို လုပ်ငန်းအပ်နှံပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာမှာ အပြီးတည်ဆောက်သွားမှာပါ။ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဆောက်လုပ်ခဲ့တဲ့ ဝန်ထမ်းအိမ်ရာတွေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအရေအတွက်ကို နှိုင်းယှဉ်ရင် ၂၅ ဒသမ ၃၆ ရာခိုင်နှုန်း အိမ်ရာတွေ တည်ဆောက်ပေးနိုင်ခဲ့ပါပြီ၊ ကျွန်တော်တို့ဌာနက ဝန်ထမ်းတွေနေထိုင်ရေးနဲ့ မြို့ပြ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ် နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးနေပါတယ်၊ ဆက်လက်ပြီးလည်း အရောင်း အိမ်ရာတွေ တည်ဆောက်ပေးပြီး ဘဏ်ချေးငွေစနစ်နဲ့ ဝယ်ယူနိုင်အောင် ဆက်စပ် ဆောင်ရွက်လျက်ရှိပါတယ်"ဟု ၎င်းက ပြောသည်။
ယခုဘဏ္ဍာနှစ်တွင် တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာတိုက်ခန်းများမှာ တစ်ခန်းလျှင် ၆၅၀ စတုရန်းပေ အကျယ်အဝန်းရှိ လေးခန်းတွဲလေးထပ်ပါ တိုက် ၁၂ လုံး အခန်းပေါင်း ၁၉၂ခန်းကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ တိုက်ခန်းများအနက် ချမ်းမြသာစည်မြို့နယ်တွင် နှစ်လုံး၊ မလှိုင်မြို့နယ်တွင် တစ်လုံး၊ ရမည်သင်းမြို့နယ်တွင် တစ်လုံး၊ စဉ့်ကူးမြို့နယ်တွင် နှစ်လုံး၊ မတ္တရာ မြို့နယ်တွင် တစ်လုံး၊ ညောင်ဦးမြို့နယ်တွင် သုံးလုံး၊ နွားထိုးကြီးမြို့နယ်တွင် တစ်လုံးနှင့် တောင်သာမြို့နယ်တွင် တစ်လုံး စုစုပေါင်း တိုက် ၁၂ လုံးကို တည်ဆောက်ပေးသွားမည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၈ ဒသမ ၈ ဘီလီယံ သုံးစွဲ၍ ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၅၉၀ကို တည်ဆောက်ပေးခဲ့သည့်အပြင် ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြင့်လည်း ၄ ဒသမ ၈ ဘီလီယံသုံးစွဲကာ ဝန်ထမ်း အိမ်ရာ တိုက်ခန်းပေါင်း ၂၄၀ ကို တည်ဆောက်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍ အရောင်းအိမ်ရာများ တည်ဆောက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID)တွင် အိမ်ရာဝယ်ယူရန် ငွေစုဆောင်းထားကြသူ ၂၁၉၉ ဦးရှိနေကြောင်း သိရသည်။
#Zawgyi
မႏၲေလးတိုင္းေဒသႀကီး ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္တြင္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ေငြလုံးေငြရင္း ခြင့္ျပဳရန္ပုံေငြ ေငြက်ပ္ ၃ ဒသမ ၇ ဘီလီယံ သုံးစြဲ၍ ၿမိဳ႕နယ္ ရွစ္ၿမိဳ႕နယ္တြင္ ဝန္ထမ္းအိမ္ရာ ၁၉၂ ခန္းကို တည္ေဆာက္ေပးသြားမည္ျဖစ္ ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးသက္ႏိုင္က ေျပာၾကားသည္။
"ဒီလအတြင္းမွာပဲ တည္ေဆာက္ဖို႔ တင္ဒါေခၚေနပါၿပီ၊ လာမယ့္ ႏို၀င္ဘာလအတြင္း တင္ဒါေအာင္ျမင္တဲ့သူေတြကို လုပ္ငန္းအပ္ႏွံၿပီး ၂၀၂၀ ျပည့္ႏွစ္ ေအာက္တိုဘာမွာ အၿပီးတည္ေဆာက္သြားမွာပါ။ ၂၀၁၉-၂၀၂၀ ဘတ္ဂ်က္ျဖင့္ မႏၲေလးတိုင္းေဒသႀကီးအတြင္းမွာ ေဆာက္လုပ္ခဲ့တဲ့ ဝန္ထမ္းအိမ္ရာေတြနဲ႔ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းအေရအတြက္ကို ႏႈိင္းယွဥ္ရင္ ၂၅ ဒသမ ၃၆ ရာခိုင္ႏႈန္း အိမ္ရာေတြ တည္ေဆာက္ေပးႏိုင္ခဲ့ပါၿပီ၊ ကြၽန္ေတာ္တို႔ဌာနက ၀န္ထမ္းေတြေနထိုင္ေရးနဲ႔ ၿမိဳ႕ျပ စနစ္တက် ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အတတ္ ႏိုင္ဆုံး ႀကိဳးစားေဆာင္႐ြက္ေပးေနပါတယ္၊ ဆက္လက္ၿပီးလည္း အေရာင္း အိမ္ရာေတြ တည္ေဆာက္ေပးၿပီး ဘဏ္ေခ်းေငြစနစ္နဲ႔ ဝယ္ယူႏိုင္ေအာင္ ဆက္စပ္ ေဆာင္႐ြက္လ်က္ရွိပါတယ္"ဟု ၎က ေျပာသည္။
ယခုဘ႑ာႏွစ္တြင္ တည္ေဆာက္မည့္ ၀န္ထမ္းအိမ္ရာတိုက္ခန္းမ်ားမွာ တစ္ခန္းလွ်င္ ၆၅၀ စတုရန္းေပ အက်ယ္အဝန္းရွိ ေလးခန္းတြဲေလးထပ္ပါ တိုက္ ၁၂ လုံး အခန္းေပါင္း ၁၉၂ခန္းကို တည္ေဆာက္ေပးသြားမည္ျဖစ္ၿပီး အဆိုပါ တိုက္ခန္းမ်ားအနက္ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ႏွစ္လုံး၊ မလႈိင္ၿမိဳ႕နယ္တြင္ တစ္လုံး၊ ရမည္သင္းၿမိဳ႕နယ္တြင္ တစ္လုံး၊ စဥ့္ကူးၿမိဳ႕နယ္တြင္ ႏွစ္လုံး၊ မတၱရာ ၿမိဳ႕နယ္တြင္ တစ္လုံး၊ ေညာင္ဦးၿမိဳ႕နယ္တြင္ သုံးလုံး၊ ႏြားထိုးႀကီးၿမိဳ႕နယ္တြင္ တစ္လုံးႏွင့္ ေတာင္သာၿမိဳ႕နယ္တြင္ တစ္လုံး စုစုေပါင္း တိုက္ ၁၂ လုံးကို တည္ေဆာက္ေပးသြားမည္ျဖစ္သည္။
မႏၲေလးတိုင္းေဒသႀကီး ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္တြင္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ရန္ပုံေငြက်ပ္ ၈ ဒသမ ၈ ဘီလီယံ သုံးစြဲ၍ ၀န္ထမ္းအိမ္ရာအခန္းေပါင္း ၅၉၀ကို တည္ေဆာက္ေပးခဲ့သည့္အျပင္ ျပည္ေထာင္စုအစိုးရဘတ္ဂ်က္ျဖင့္လည္း ၄ ဒသမ ၈ ဘီလီယံသုံးစြဲကာ ၀န္ထမ္း အိမ္ရာ တိုက္ခန္းေပါင္း ၂၄၀ ကို တည္ေဆာက္ေပးခဲ့ၿပီးျဖစ္ေၾကာင္းႏွင့္ ဆက္လက္၍ အေရာင္းအိမ္ရာမ်ား တည္ေဆာက္ေပးႏိုင္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိၿပီး လက္ရွိတြင္ ေဆာက္လုပ္ေရးအိမ္ရာႏွင့္ အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးေရးဘဏ္ (CHID)တြင္ အိမ္ရာဝယ္ယူရန္ ေငြစုေဆာင္းထားၾကသူ ၂၁၉၉ ဦးရွိေနေၾကာင္း သိရသည္။
Ref & Photo Credit : TheMandalayNewsJournal
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ