By Duwun, Shweproperty.com
Updated at 25 July 2016
အယ်ကေဒါ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် နောက်ဆုံး ပုန်းအောင်းနေထိုင်သွားခဲ့တဲ့ ပါကစ္စတန်နိုင်ငံရှိ အဘူဒါဘတ်မြို့ရှိ နေအိမ်ခြံဝင်းနဲ့ ပတ်သက်ပြီး ဒေသအာဏာပိုင်တွေနဲ့ ပါကစ္စတန်စစ်တပ်ကြား သဘောထားကွဲလွဲနေပါတယ်။
အမေရိကန်အထူးတပ်ဖွဲ့က အဆိုပါ နေအိမ်မှာ ဘင်လာဒင်ကို အသေပစ်သတ်ခဲ့တာာ ဖြစ်ပါတယ်။ ဒေသအာဏာပိုင်တွေက ဘင်လာဒင် နေအိမ်ခြံဝင်းကို ကလေးကစားကွင်းအဖြစ် အကောင်အထည်ဖော်သွားရန် ဆန္ဒရှိနေပြီး ပါကစ္စတန်စစ်တပ်ကမူ သင်္ချိုင်းတစ်ခုအဖြစ် သတ်မှတ်သွားလိုကြောင်း သိရပါတယ်။
ဘင်လာဒင် နေထိုင်ခဲ့တဲ့ နေအိမ်ခြံဝင်း စီမံထိန်းချုပ်မှုအပေါ် နှစ်ဘက်အငြင်းပွားနေခဲ့ပြီး ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၀ ရက်) က စစ်တပ်က နေအိမ်ခြံဝင်းပတ်လည်မှာ ခြံစည်းရိုးကာရံနေမှုကြောင့် ဒေသအာဏာပိုင်များ အံ့သြစိုးရိမ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အယ်ကေဒါခေါင်းဆောင် ဘင်လာဒင်ဟာ ခြံဝင်းအတွင်း သုံးထပ်တိုက် နေအိမ်မှာ ၇ နှစ်ကြာ ပုန်းအောင်းနေထိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်က အမေရိကန်အထူးတပ်ဖွဲရဲ့ စီးနင်းမှုအတွင်း အသတ်ခံခဲ့ရပါတယ်။
မြေဧရိယာ အကျယ်အဝန်း ၃၈,၀၀၀ စတုရန်းပေရှိပြီး ခန့်မှန်း ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၂၈၅,၀၀၀ တန်ကြောင်း သိရပါတယ်။
Ref & Photo Credit : Duwun
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ