By 7 Day Daily, Shweproperty.com
Updated at 26 August 2017
ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း အပိုင်း (၂) တွင် အခန်းများဝယ်ယူလိုသူသည် ငါးထောင်ကျော်ရှိပြီး ရောင်းချမည့်အခန်း ၈၀၀ ကျော်သာရှိသောကြောင့် မဲဖောက်ရောင်းချမည် ဖြစ်သည်။
မြောက်ဒဂုံ မြို့နယ်တွင် တည်ရှိသော ဗိုလ်ဗထူးအိမ်ရာ အပိုင်း (၂)တွင် လေးခန်းတွဲရှစ် ထပ်တိုက် ၂၇ လုံး၊ အခန်း ၈၆၄ ခန်းပါဝင်သည်။
မဲဖောက်ရောင်းချခြင်း၌အစိုးရဝန်ထမ်း၊ အငြိမ်းစားဝန် ထမ်း၊ ကုမ္ပဏီ ဝန်ထမ်းများကို စက်တင်ဘာ ၇ ရက်တွင် မြို့ တော်ခန်းမ၌ မဲဖောက်ရောင်းချ မည်ဖြစ်ကာ အများပြည်သူကို စက်တင်ဘာ ၈ ရက်တွင် ရောင်း ချမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီက သတင်းထုတ်ပြန်သည်။
‘‘လျှောက်ထားတာ ပြင်ပက ကုမ္ပဏီဝန်ထမ်းတွေ ပိုများတယ်။ အပိုင်း (၁)တုန်းကတော့ အငြိမ်း စား ဝန်ထမ်းတွေများတယ်’’ ဟု ရန်ကုန်မြို့တော် စည်ပင်တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုလျှောက်ထားသူများထဲ တွင် ပထမအသုတ်ဖြစ်သည့် ဗိုလ် ဗထူးနှင့် ဗိုလ်မင်းရောင်အိမ်ရာ အပိုင်း (၁) တွင် ဝယ်ယူထားသူ များ မဖြစ်ရန် လိုအပ်ကြောင်း သတ်မှတ်ထားသည်။
ဗိုလ်ဗထူးအိမ်ရာ တိုက်ခန်း များသည် ၉၂၇ စတုရန်းပေ၊ ၈၂၇ စတုရန်းပေ၊ ၆၁၄ စတုရန်း ပေ၊ ၅၁၄ စတုရန်းပေဟူ၍ အ ကျယ်အဝန်းအမျိုးအစား လေးမျိုးရှိသည်။ စီမံကိန်း အပိုင်း (၂)ကို ပြီးခဲ့သည့် ၂၀၁၆ နှစ်ကုန်က စတင်တည်ဆောက်နေသည်။
အကျယ်အဝန်းပေါ်မူတည် ၍ တိုက်ခန်းများ၏ တန်ဖိုးကို ကျပ်သိန်း ၂၆၀ ကျော်မှ သိန်း ၃၇၀ ကျော်အထိ ရောင်းချရန် ကနဦး သတ်မှတ်ထားသည်။
ဝယ်ယူလိုသူများအနေဖြင့် အရစ်ကျစရိတ် (သို့မဟုတ်) ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။
Ref : 7 Day Daily
Photo Credit : Social
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ