By The Modern, Shweproperty.com
Updated at 24 July 2015
ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီကဆောက်လုပ်ရောင်းချတဲ့ မြောက်ဒဂုံဗိုလ်ဗထူးအိမ်ရာစီမံကိန်းကဘဏ်ချေးငွေနဲ. ဝယ်ယူသူတွေကိုသည်လ ၂၅ရက်နေ. နေထိုင်ဖို. အခန်းစတင်အပ်နှံမယ်လို. ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီကသိရပါတယ်။
ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန(အဆောက်အအုံ) တာဝန်ရှိသူတစ်ဦးက ‘ဘဏ်ချေးငွေနဲ. ဝယ်တဲ့သူတွေကိုဒီလ ၂၅ရက်နေ.အခန်းအပ်မယ်၊ လေးပိုင်းခွဲအရစ်ကျနဲ. ဝယ်တဲ့သူတွေကိုဒီလဆန်းကတည်းကအခန်းစအပ်နေတယ်လို.’ ပြောပါတယ်။
ဗိုလ်ဗထူးအိမ်ရာကိုအဆောက်အအုံပြီးစီးမှုအဆင့် အလိုက်လေးရစ်ခွဲသွင်းပြီးဝယ်တာနဲ. ဘဏ်ချေးငွေနဲ.လေးနှစ် အရစ်ကျဆိုပြီး စနစ်နှစ်မျိုးနဲ. ရောင်းချခဲ့တာ ဖြစ်ပါတယ်။
အဆောက်အအုံပြီးစီး မှုပေါ်မူတည်ပြီးအရစ်ကျနဲ. ဝယ်တဲ့သူတွေ ထဲကငွေအကျေပေးပြီးတဲ့ သူတွေကိုပိုင်ဆိုင်မှု လက်မှတ်ပေးပြီး အခန်းသော့ ထုတ်ပေး တာဖြစ်ပါတယ်။ သည်နေ.အထိစုစုုပေါင်းအခန်း ၉၇ခန်းအပ်နှံပြီး ဖြစ်ပါတယ်။
ဗိုလ်ဗထူးအိမ်ရာစီမံကိန်းက ၂၀၁၄ခုနှစ် ဇွန်လမှာစတင်တည်ဆောက်ခဲ့ပြီးလူနေအိမ်ခန်းပေါင်း ၄၄၈ခန်းပါဝင်တဲ့ လေးခန်းတွဲ ရှစ်ထပ်အိမ်ရာစီမံကိန်း ဖြစ်ပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ