By ကုမုဒြာ, Shweproperty.com
Updated at 2 July 2013
ဗိုလ်မင်းရောင် တန်ဖိုးမျှ အိမ်ရာစီမံကိန်းကြောင့် ဗိုလ်မင်းရောင်ဈေးရှိ ဆိုင်ခန်းတွေရဲ့ ဈေးနှုန်းတွေ ၁၀ဆ နီးပါးမြင့်တက်သွားတယ်လို့ သိရပါတယ်။
အဲသည်လို ဆိုင်ခန်းဈေးတွေက ယခင်က နှစ်သိန်းကနေ ခုနစ်သိန်းဝန်းကျင်သာရှိခဲ့ရာမှ ယခုအခါ ၃၅ သိန်း ၄၀ လောက်အထိတက်သွားတာပါ။
‘တန်ဖိုးမျှအိမ်ရာစီမံကိန်း ဆောက်နေပြီဆိုတော့ ဈေးကိုလဲ အဆင့်မြှင့်တင်မှာပဲ၊ သုံးထပ်လောက် ဆောက်မယ်လို့ လူတွေကမှန်းထားတယ်၊ စည်ပင်ကတော့ ဘာမှမပြောသေးဘူး’လို့ ကောင်းကောင်း(၂) အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ကိုအောင်မိုးကျော်က ပြောပါတယ်။
ဈေးအဆင့်မြှင့်တင်ရင် ဈေးမှာရှိတဲ့ဆိုင်ခန်းပိုင်ရှင်တွေကို တစ်ခန်းစီ ပြန်ပေးမယ်ဆိုတဲ့ ထင်မြင်ချက်တွေကြောင့် အချို့က ဈေးဆိုင်ခန်းတွေကိုဝယ်ပြီး သိမ်းထားကြတယ်လို့ သိရတယ်။
နှစ်လ ၊သုံးလအတွင်း ဈေးမတရားတက်လာတာ၊ အစိုးရဆီက တစ်ခန်းကို ကျပ် ၆၀၀၀၀ နဲ့ ဝယ်ထားတာ ၊ငါးပေပတ်လည် လေးခန်းတွဲကို မနေ့က သိန်း ၁၂၀နဲ့ ရောင်းလိုက်တယ်လို့ ဗိုလ်မင်းရောင်ဈေးမှာ ကုန်စုံရောင်းတဲ့ မစန်းစန်းမော်က ပြောပါတယ်။
‘ဝယ်မယ့်သူ တစ်နေ့ကို နှစ်ယောက် သုံးယောက် လာတယ်၊ ရောင်းမယ့်သူမရှိဘူးဖြစ်နေ တယ်၊ ဈေးရှေ့လမ်းမကြီး ကတ္တရာပြန်ခင်းပြီးသွားရင် ဈေးပိုကြီးသွားမှာ၊ လိုချင်တဲ့ဈေးရမှရောင်း မယ်’လို့ ဗိုလ်မင်းရောင်ဈေးမှာ ဆိုင်ခန်းခြောက်ခန်းပိုင်တဲ့ ဒေါ်ကြူကြူမာကလည်း ပြောပါတယ်။
ဗိုလ်မင်းရောင်ဈေးက မြောက်ဒဂုံမြို့နယ်၊ (၄၂)ရပ်ကွက် ဗိုလ်မင်းရောင်လမ်းနဲ့ မင်းရဲကျော်စွာ လမ်းထောင့်မှာ တည်ရှိပါတယ်။ ဗိုလ်မင်းရောင် တန်ဖိုးမျှအိမ်ရာစီမံကိန်းက ဗိုလ်မင်းရောင်ဈေးကို အင်္ဂလိပ်အက္ခရာ အယ်လ်(L) ပုံစံပတ်ပြီး တည်ဆောက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Ref: Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ