By The Modern, Shweproperty.com
Updated at 3 July 2015
ဗိုလ်မင်းရောင် တန်ဖိုးမျှအိမ်ရာ တည်ဆောက်မှု (၉၀) ရာခိုင်နှုန်းကျော် ပြီးစီး နေပေမယ့် သက်မှတ်ကာလထက် နောက်ကျမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က သိရပါတယ်။
မြောက်ဒဂုံ ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူ ဆောက်တာဖြစ်ပြီး (၂၀၁၅)ခုနှစ် ဇွန်လမှာ ပြီးစီးမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။
လက်ရှိ စီမံကိန်း တည်ဆောက်မှုက အဆောက်အအုံ အချောကိုင်နေပြီး (၉၀) ရာခိုင်နှုန်းကျော် ပြီးစီးနေပါတယ်။ လမ်းတည်ဆောက်မှုနဲ့ မီးရရှိမှု အခြေအနေကိုပါ ထည့်သွင်းတွက်ချက်ထားတာ ဖြစ်ပါတယ်။
တန်ဖိုးမျှတအိမ်ရာ စီမံကိန်းကို ဖောင်ဒေးရှင်း ပိုင်လ်စနစ်နဲ့ အုတ်စီစနစ် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။
အိမ်ရာက ဓါတ်လှေကား ပါဝင်တဲ့ ရှစ်ထပ်အမြင့်ရှိ လူနေအိမ်ရာ တွေဖြစ်ပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ