By kumudra, Shweproperty.com
Updated at 6 June 2014
မြန်မာနိုင်ငံမှာ လူနေအိမ်ရာတွေကိုကြိုတင်အားဖြည့်ကွန်ကရစ်နည်းပညာ(precast) နဲ့ ပထမဆုံးအဖြစ် အသုံးပြုတည်ဆောက်နေတာက ဗိုလ်ဗထူးတန်းဖိုးမျှတအိမ်ရာဖြစ်တယ်လို့ ရန်ကုန်မြိူ့တော်စည်ပင်သာယာရေကော်မတီမှ သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန တာဝန်ရှိသူတစ်ဦးက ဗိုလ်ဗထူးအိမ်ရာမှာ (precast load bearing wall) အဆောက်အအုံဝန်ထမ်းတဲ့ နံရံနည်းပညာနဲ့ ဆောက်တယ်၊ precast စနစ်ကို နိုင်ငံတကာမှာကားပါကင်၊ရေမြောင်း၊တံတားနဲ့အိမ်ရာ တွေအားလုံးနီးပါးမှာ သုံးနေတယ် လို့ပြောပါတယ်။
ဆောက်လုပ်ရေးဆိုက်ထဲမှာ လောင်းစရာမလိုပဲ အသင့်သုံးနိုင်တဲ့ ကွန်ကရစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။
အားသာချက် အဆောက်အအုံနံရံတွေကို precast စနစ်ကြိုတင်လောင်းထားတဲ့ ကွန်ကရစ်ပြားတွေနဲ့ဆောက်တဲ့အတွက် မဆလာချောစရာမလိုတာကြောင့် နံရံကွဲအက်တာမရှိနိုင်ပါဘူး။ နံရံချောစရာမလိုပဲ ပတ်တီးရိုက်ပြီးဆေးသုတ်နိုင်တယ်။ ရေစိမ့်မဝင်နိုင်ဘူး။ နံရံတွေမှာရေကွက်တာတွေမရှိနိုင်ပါဘူး။ ရှစ်ထပ်တိုက်တစ်လးုံကို နှစ်လသုံးလနဲ့ပြီးအောင် ဆောက်နိုင်တယ်လို့ဆိုပါတယ်။
အားနည်းချက် precast စနစ်နဲ့ဆောက်ထားတဲ့တိုက်ခန်းတွေမှာ အခန်းဖွဲ့ထားတာကိုဖြုတ်ပြီးတော့ အသစ်ပြန်ဖွဲ့တာ၊ရေချိုးခန်း၊ အိမ်သာနေရာပြောင်းရွှေ့တာတွေ လုပ်ဖို့မရပါဘူး။ နံရံတွေမှာ အပေါက်ဖောက်တာနဲ့ ၅၀ မီလီမီတာထက်ရှည်တဲ့ သံရိုက်လို့မရဘူးလို့ သိရပါတယ်။
ဈေးနှုန်းကွာဟချက် ရန်ကုန်မြို့ပြစီမံကိန်းရေးဆွဲရေးပညာရှင် ဒေါက်တာ ကျော်လတ် က precast စနစ်နဲ့ဆောက်တဲ့ အဆောက်အအုံတွေကခြုံပြောရရင် အုတ်စီပြီးဆောက်တဲ့ အဆောက်အအုံတွေထက်အမြဲပိုဈေးကြီးတယ်လို့ ပြောပါတယ်။
သူကဆက်ပြီးမြန်မာနိုင်ငံမှာက လုပ်အားခဈေးပေါတယ်၊ ပစ္စည်းကဈေးကြီးတယ်၊ အဲဒါကြောင့် ဆောက်လုပ်ရေးတွေမှာ လူအင်အားသုံးရင်ဈေးနှုန်းသက်သာနိုင်တယ်၊ နိုင်ငံခြားမှာကလုပ်အားခတွေဈေးကြီးတယ်၊ ပစ္စည်းကပေါတယ်၊အဲဒါကြောင့် precast စနစ်က နိုင်ငံခြားမှာအသုံးများတယ်လို့ ဆိုပါတယ်။
အုတ်စီတဲ့ စနစ်နဲ့ တည်ဆောက်ရင် တစ်ပေပတ်လည်ကို ကျပ် ၃၀၀၀၀ ခန်.ကုန်ကျမှာဖြစ်ပါတယ်။ Precast စနစ်နဲ့ဆောက်ရင် တစ်ပေပတ်လည်ကို ကျပ် ၆၀၀၀၀ ခန့်ကုန်ကျနိုင်တယ်လို့ သိရပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ