By အိဖြူလွင်, Shweproperty.com
Updated at 16 August 2012
ဗိုလ်တထောင်ဆိပ်ကမ်းနယ်မြေကို ခရီးသွားလုပ်ငန်းများ ကြုံနေရသော အခက်အခဲများ ဖြေရှင်းရန်အတွက် ရေပေါ် ဟိုတယ်ဇုန်ဆောင်ရွက်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဦးဉာဏထွန်းအောင်က ပြောကြား သည်။
ဟိုတယ်လိုအပ်ချက်ကို ဖြေရှင်းရန်အဆိုပါအစီအစဉ်မှာ ဟိုတယ်ဆောက်ခြင်းထက် ပို၍ မြန်ဆန်နိုသည့် အတွက်အမြန်ဆုံးအကောင်အထည်ဖော်မည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ ရေပေါ်ဟိုတယ်များအတွက် လိုအပ်မည့်ရေ အစရှိသည်တို့ကို ဖြည့်ဆည်းပေးမည် ဖြစ်ပြီးရေပေါ်ဟိုတယ်အတွက် ဆိုက်ကပ်ရန်လိုအပ်မည့် ဆိပ်ခံတံတားစသည့်တို့ကိုလည်း ပြင်ဆင်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီးက ရန်ကုန်ဆိပ်ကမ်းများ အဆင့်မြှင့်တင်ရေးဆောင်ရွက်ရန် ဇူလိုင် ၁၉ ရက်က ရှင်းလင်းရာတွင် ပြောကြားသည်။
အဆိုပါဆိပ်ကမ်းနယ်မြေကို အဆင့်မြှင့်ပြုပြင်တည်ဆောက်ရာတွင် ဟိုတယ်ဇုန်အပြင် အများပြည်သူအပန်းဖြေအနားယူနိုင်ရန် ညဈေးတန်းများ၊ လေဟာပြင်ဖျော်ဖြေပွဲများပါ ကျင်းပနိုင်သည့် နေရာအဖြစ် ပြုပြင်မည်ဖြစ်သည်ဟု သတင်းရရှိသည်။
ထိုသို့ပြုပြင်ရာ၌ ဗိုလ်တထောင် ဆိပ်ကမ်းနယ်မြေရှိ ကမ်းပါးထိန်း ရေကာ တာတံတိုင်းကို မြစ်ဘက်သို့ ပေ ၁ဝဝ ခန့် မြေ ချဲ့ တည် ဆောက်မည်ဖြစ်ပြီး ပြုပြင်ပြီးပါက စုစု ပေါင်းဆိပ်ကမ်းနယ်မြေ ဧသ ၁၀ ဧကကျော် ရှိလာမည်ဖြစ်သည်ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွန်ကြားရေးမှူးက ပြောကြားသည်။
ဆိပ်ကမ်းနယ်မြေပြုပြင်ခြင်းကို ပုဂ္ဂလိက ပြည်တွင်း၊ပြည်ပ လုပ်ငန်းရှင် များ နှင့် ပူးပေါင်း ၍ အကျိုးတူပူးပေါင်းဖြင်း စနစ် (Joint Venture) ဖြင့် မြန်မာ့ဆိပ် ကမ်းအာဏာပိုင်က ပူးပေါင်းဆောင်ရွက် မည်ဟု ဦဆောင်ညွှန်ကြားရေးမှုး ကပြော ကြားသည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ကလည်း အခန်း ၆ဝ ခန့်ပါဝင်သည့် ဌာနပိုင် သုံးထပ်သင်္ဘောများ ကို ရေပေါ်ဟိုတယ် (သို့မဟုတ်) စားသောက်ဆိုင်အဖြစ် ဖွင် လှစ်ရန် ငှားရမ်းမည်ဟု ပြောကြားသည်။
source : 7 days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ