By kumudra, Shweproperty.com
Updated at 10 July 2014
ပြည်ပက ဆောက်လုပ်ရေးကုမ္ပဏီတွေက အစိုးရဆီက BOT စနစ်နဲ့ ငှားထားတဲ့ မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်း ဝယ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေ အများကြီးရှိပါတယ်။
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာဌေးက 'အစိုးရဆီကနေ BOT နဲ့ ငှားထားတယ်၊ သူကိုယ်တိုင်တောင်မှ အစိုးရဆီကနေ ငှားထားရတော့ ပြည့်ရင် ပြန်အပ်ရမှာ၊ ဘိုးဘွားပိုင ်ဂရန်မြေပေါ်မှာ ဆောက်တာလောက် အရှည်မကောင်းဘူး ' လို့ ပြောပါတယ်။
ဘီအိုတီက နှစ် ၅၀ ပေးထားရင် နှစ် ၅၀ ပြည့်ရင် အစိုးရကို ပြန်အပ်ရမှာ ဖြစ်ပါတယ်။ ထပ်ပြီးအဲသည့်မြေကို ငှား မငှား ကတော့ အဲသည့်အချိန်မှာ တိုင်းပြည်ကို စီမံခန့်ခွဲနေတဲ့ သူတွေရဲ့ အဆုံးအဖြတ်ပေါ်မူတည်နေတယ်လို့ သိရပါတယ်။
Capital Developement Limited မှ အကြီးတန်းအရောင်းမြင့်တင်ရေးမန်နေဂျာ မလွင်မာအောင်က 'BOT စနစ်နဲ့ နိုင်ငံခြားကုမ္ပဏီတွေကနေ တိုက်ခန်းဆောက်ပြီး ရောင်းတာက ဘာနဲ့တူလဲဆိုရင် အိမ်ငှားနေပြီး၊ ပြန်ရောင်းတာနဲ့ တူတယ်၊ မမြင်နိုင်တဲ့ အမှားတွေ ရှိနိုင်တယ် ' လို့ ပြောပါတယ်။
နိုင်ငံခြားက BOT စနစ်နဲ့ အစိုးရဆီ မြေငှားရင် မြေငှားခ နှစ် ၅၀ စာ စသည်ဖြင့် တစ်ခါတည်း ပေးရတဲ့အပြင် တစ်နှစ်တစ်ခါ ထပ်ပြီးတော့ မြေငှားခပေးရတယ်။တချို့စီမံကိန်းတွေဆိုရင်တစ်ပေပတ်လည်ကို အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာလောက် အစိုးရကို လစဉ်ငွေပေးချေရတာကြောင့် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၅သိန်းလောက် ထပ်ပေးရတာမျိုးရှိတယ်လို့ သိရပါတယ်။ နှစ်ကြာလာတာနဲ့အမျှ နိုင်ငံခြားကုမ္ပဏီတွေက အဲသည့်ငွေပမာဏကို ပေးချေဖို့ အခက်အခဲတွေရှိ လာနိုင်တယ်လို့ မလွင်မာအောင်ကပြောပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ