By Myanmar Times, Shweproperty.com
Updated at 4 June 2015
မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Family Business Group Hotel Limited က အမေရိကန်နိုင်ငံ၏ ကမ္ဘာကျော် အမှတ်တံဆိပ် Sheraton ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ရန် စတင်ဆောက်လုပ်နေပြီဖြစ်ကာ ရန်ကုန်မြို့ တာမွေမြို့နယ် ဦးထွန်းမြတ်လမ်းတွင် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် နောက်ဆုံးထားဖွင့်လှစ်ရန် စီစဉ်ထားကြောင်းအဆိုပါကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးကိုကိုလတ်က ပြောသည်။
"မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီတဲ့ ဟိုတယ်တစ်ခုဖွင့်ဖို့ စဉ်းစားတော့ နိုင်ငံတကာ နာမည်ကြီး ဟိုတယ်တွေထဲကမှ ဒီမှာမရှိသေး တဲ့ အမေရိကန်နိုင်ငံ Starwood Hotels and Resort ကုမ္ပဏီရဲ့ နာမည်ကြီးအမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ ဒီ Sheraton ကိုရွေးချယ် ဖြစ်ပြီး အဲဒီကုမ္ပဏီနဲ့ ပူးပေါင်းဖြစ်ခဲ့ ပါတယ်။ ဒီဟိုတယ်က ကျွန်တော်တို့ကုမ္ပဏီရဲ့ ပထမ ဦးဆုံး ဟိုတယ်လုပ်ငန်းဆိုင်ရာရင်းနှီးမြှုပ်နှံမှုဖြစ် သလို သူတို့ရဲ့အမှတ်တံဆိပ်လည်း မြန်မာ နိုင်ငံကို ပထမဦးဆုံး ဝင်ရောက်လာတဲ့ ခြေလှမ်းလည်း ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။
Sheraton ဟိုတယ်သည် ှ Starwood Hotels and Resort ကုမ္ပဏီ၏ ကမ္ဘာကျော် အမှတ်တံဆိပ် တစ်ခုဖြစ်ကာ နိုင်ငံပေါင်း ၇၀ ကျော်တွင် ဟိုတယ်ပေါင်း ၄၀၀ ကျော် ဖွင့်လှစ်လည်ပတ်လျက်ရှိသည်။ ယခုအခါတွင်လည်း Starwood Hotels and Resort ကုမ္ပဏီ၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ၏ ဟိုတယ်ဈေးကွက်သို့ စတင်ဝင်ရောက်လာ ခဲ့ပြီး Family Business Group Hotel Limited ကုမ္ပဏီက ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံ ကာ ဖွင့်လှစ်သွားမည်ဖြစ်သည်။
"Starwood Hotels and Resort ကုမ္ပဏီနဲ့ ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင် ဖို့အတွက် သဘောတူလက်မှတ်ထိုးတာကို တော့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတုန်းက စင်ကာပူနိုင်ငံမှာ လုပ်ခဲ့ပါတယ်။ ဟိုတယ် အဆောက်အအုံ တည်ဆောက်ခွင့်ကိုတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ အထပ်မြင့်အဆောက်အအုံအရည်အသွေးစစ်ဆေး ရေးကော်မတီတွေက ၂၀၁၄ ခုနှစ်က ရရှိထားပြီးသားပါ။ အုတ်မြစ်ချတာကိုတော့ ၂၀၁၁ ခုနှစ် ကတည်းက လုပ်ခဲ့ပါတယ်" ဟု ဦးကိုကိုလတ်က ပြောသည်။ ယင်းဟိုတယ်ကို Family Business Group Hotel Limited ကုမ္ပဏီ၏ ကိုယ်ပိုင် မြေဖြစ်သည့် မြေဧက တစ်ဧကကျော်ပေါ်တွင် တည်ဆောက်လျက်ရှိပြီး အခန်းပေါင်း ၃၇၅ ခန်းပါဝင်သည့် ၁၆ ထပ် အမြင့်ရှိသည့် ဟိုတယ် တစ်ခု ဖြစ်လာမည်ဖြစ်သည်။
ဟိုတယ်ဆောက်လုပ်ပြီးစီးပါက Starwood Hotel and Resort ကုမ္ပဏီက ဟိုတယ်စီမံခန့်ခွဲမှု ပိုင်းဆိုင်ရာကို အကြံပေးကာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။ ဟိုတယ်အခန်းခများမှာ လည်း နိုင်ငံတကာရှိ Sheraton ဟိုတယ်များ၏ စံနှုန်းသတ်မှတ်ချက်များအတိုင်းသာ ဈေးနှုန်းသတ်မှတ် သွားမည်ဖြစ်ကာ ယင်းဟိုတယ် အဓိက ထားသည့်ဈေးကွက်မှာ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင် ခရီးသွားများဖြစ်ကြောင်း ဦးကိုကိုလတ်က ပြောသည်။
"Sheraton ဆိုတဲ့ အမှတ်တံဆိပ်က နိုင်ငံ တကာမှာလည်း သူ့ရဲ့ဟိုတယ်တွေမှာ နိုင်ငံ တကာ စီးပွားရေးလုပ်ငန်းရှင်ခရီးသွားတွေ အများဆုံးဖြစ်တဲ့အတွက် အခု ရန်ကုန်မှာ လည်း ဒီဈေးကွက် ကိုပဲဦးတည်ပြီး သွားမှာပါ။ တစ်ကယ်တမ်း ရန်ကုန်မှာက ကြယ်ငါးပွင့် အဆင့်ဟိုတယ်တွေနဲ့ ဟိုတယ်အခန်းအရေ အတွက်က ခရီးသွားတွေ တကယ်လာရင် လုံလောက်တဲ့ အနေအထားမှာ မရှိသေးပါဘူး။ နောက်ပြီး ရန်ကုန်ကို စီးပွားရေးလုပ်ငန်းကိစ္စနဲ့လာရောက်ကြတဲ့ ခရီးသွား တွေကလည်း နောက်ဆိုပိုများပြားလာမှာပါ" ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် Sheraton ကြယ်ငါးပွင့် ဟိုတယ် တည်ဆောက်မှုအတွက် ရင်းနှီး မြှုပ်နှံမှု ကုန်ကျစရိတ်မှာ မြေတန်ဖိုး အပါ အဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့် ကုန်ကျမည်ဖြစ်သည်။ ဟိုတယ်၏ အတွင်းဒီဇိုင်းများအတွက် အင်္ဂလန်နိုင်ငံ၏ အတွင်းဒီဇိုင်းကုမ္ပဏီကို ငှားရမ်းကာ ပြင်ဆင် သွားမည်ဖြစ်ကြောင်း Family Business Group Hotel Limited ကုမ္ပဏီ တာဝန်ရှိသူများက ပြောသည်။ ဟိုတယ် ပေါ်ပေါက်လာပါက ဝန်ထမ်းပေါင်း ၃,၀၀၀ ခန့်ကို အလုပ်အကိုင်အခွင့် အလမ်း တိုက်ရိုက်ပေးနိုင်မည်ဖြစ်ပြီး ၉၀ ရာခိုင်နှုန်းခန့်မှာ ပြည်တွင်းအလုပ်သမားများ ဖြစ်သည်။ ထို့ပြင် Family Business Group Hote Limited ကုမ္ပဏီက Sheraton အမှတ်တံဆိပ်ဖြင့်ပင် နိုင်ငံခြားခရီးသွားများအတွက် မန္တလေးနှင့် ချောင်းသာတို့တွင်လည်း ဟိုတယ်ဖွင့်လှစ်ရန် အစီအစဉ်များရှိပြီး အသေးစိတ်လုပ်ငန်းများ မစတင်ရသေးပေ။ သို့သော် ချောင်းသာတွင်မူ ဟိုတယ်တည်ဆောက်ရန် ရည်ရွယ်၍ မြေရှစ်ဧကကျော် ဝယ်ယူထားပြီးဖြစ်သည်။
Ref : Myanmar TImes
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ