By Chan Myae, Shweproperty.com
Updated at 1 June 2022
လူမျိုုးမရွေး ဘာသာမရွေး လာဘ်လာဘကောင်းအောင် ရိုးရာနဲ့ပတ်သက်တဲ့အဆောင်တစ်မျိုးမျိုးကိုတော့ သက်ဝင်ယုံကြည်ကြပါတယ်။ လူမျိုးတိုင်းမှာလည်း ထိုကဲ့သို့ ရိုးရာများစွာကနေ မိမိတို့တွက်ကောင်းကျိုးလိုရာဖြစ်စေမယ့် အရာကိုတော့ အထူးတလည်စီမံတက်ကြပါတယ်။ လူတွေကလည်း ကံနိမ့်စေတဲ့အရာကိုရှောင်တက်ကြပါတယ်။မလုပ်မိအောင်လည်း နေကြပါတယ်။ ကံနိမ့်နေတယ်လို့ခံစားမိရင်တောင် အနည်းတော့ ယတြာလေးတော့ ပြေးချေကြရမှ နေသာထိုင်သာရှိတာပါ။ အခုဆိုရင် မြို့ပြရဲ့အဟုတ်ထိုးတိုးတက်လာတွေ သိပ္ပံခေတ် ရောက်လာပြီဆိုတော့ အတိတ်နမိတ်တွေကိုရော ယုံကြည်ကြသေးလား။ မြန်မာလူမျိုးတွေကတော့ တကယ့်ကို သက်ဝင်ယုံကြည်နေကြဆဲပါ။ မိမိတို့ရိုးရာတွေ အပြင် ကောင်းမယ်ထင်တဲ့ အဆောင်အရာမှန်သမှကိုလည်း မလွတ်တမ်း လိုက်လုပ်ဆောင်နေဆဲပါ။အခုပြောပြချင်တာက ဖုန်းရွှေ ဆိုတဲ့အဆောင်အကြောင်းလေးပါ။ ဒီနာမည်လေးကို တော်တော်လေးတောင် ရင်းနှီးမှုရှိနေပါပြီ။ အရင်တုန်းကတော့ အိမ်ကျက်သရေရှိအောင် လာဘ်ဘဖြစ်အောင် လုပ်ဆောင်တက်ကြပါတယ်။ အခုဆိုရင်ရွှေလက်ပတ် အဆောင်လေးအဖြစ်တောင် ဝတ်ဆင်နေကြပါပြီ။ ဒါကလည်း ယုံကြည်မှုရဲ့ အကျိုးဆက်လို့ဆိုနိုင်ပါတယ်။ ဒါဆိုရင် တိုက်ခန်းတွေမှာဖုန်းရွှေအသုံးချနိုင်ပါသလားလေးကိုပြောပြချင်ပါတယ်။ ဖုန်းရွှေပညာရပ်ပေါ်ပေါက်လာစဉ်ကာလမှာအဆောက်အအုံအများစုကတစ်ထပ်မျှသာရှိကြပြီးအခမ်းနားဆုံးအဆောက်အအုံတွေဆိုတာကမှ နှစ်ထပ်သာရှိခဲ့ကြပါ။ ခေတ်မီအထပ်မြင့်တိုက်ခန်းတွေ၊ကွန်ဒိုမီနီယံတွေ၊ မိုးမျှော်တိုက်တွေမှာရောရှေးအဆက်ဆက်အသုံးပြုလာခဲ့ကြတဲ့ ဖုန်းရွှေကိုဘယ်လိုအသုံးပြုလို့ရနိုင်မလဲ။ ဖုန်းရွှေပညာရှင်တွေ ပေါ်ပေါက်မှုများတဲ့နေရာမှာနာမည်ကျော်တဲ့ ဟောင်ကောင်မှာဆိုရင် အထပ်မြင့်အဆောက်အအုံတွေနဲ့ပြည့်နှက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါကတော့ ထင်သာမြင်သာရှိအောင် ပြလိုက်တဲ့သဘောပါပဲ။ ဖုန်းရွှေပညာရပ်ကိုအထပ်မြင့်အဆောက်အုံတွေမှာလည်းအသုံးပြုနိုင်တယ်လို့ ဆိုချင်တာပါ။ဖုန်းရွှေသဘောတရားတွေက နှစ်ပေါင်းထောင်နှင့်ချီသက်တမ်းရှိခဲ့ပြီဆိုပေမယ့် ဘယ်အဆောက်အအုံမျိုးမှာမဆိုအသုံးချနိုင်ပါတယ်။ ကျေးလက်လယ်တောအိမ်လေးကစပြီး မြို့ကြီးပြကြီးကတိုက်ခန်းတွေမှာအထိအသုံးပြုနိုင်ပါတယ်။ တိုက်ခန်းတွင် မကောင်းတဲ့ ဓာတ်ကိုဖယ်ရှားခြင်း၊တိုက်ခန်းတွေမှာကောင်းတဲ့ဓာတ်ကိုစီးဆင်းစေဖို့အလွယ်လေးပြုလုပ်နိုင်မယ်ဆိုရင် ဖုန်းရွှေပညာရှင်တွေကိုတောင်မလိုဘူးထင်ပါတယ်။ ဖုန်းရွှေအခြေခံသင်တန်းကိုဆိုရင်တောင် ပြီးမြောက်ဖို့ လနဲ့ချီအချိန်ယူရမှာဖြစ်ပါတယ်။ ပိုင်ဆိုင်တဲ့နေရာလေးမှာမကောင်းတဲ့ချီဓာတ် ရှိမနေစေရအောင် လုပ်ဆောင်တာကပိုပြီးလွယ်ကူစေပါတယ်မဟုတ်ပါလား။ အိမ်မှာ တိုက်ခန်းမှာ အမြဲနေထိုင်သူတွေအတွက် အခိုက်မရှိစေဖို့ ၊ ကျန်းမာရေး မထိခိုက်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။ မြေစိုက်အိမ်မျိုးမှာဆိုရင်တော့ ဖုန်းရွှေအားလုံးအတွက် စတင်ရမယ့်နေရာက ပင်မတံခါးပေါက်ဖြစ်ပါတယ်။ တိုက်ခန်းမှာဆိုရင်တော့ ပင်မတံခါးကကော်ရစ်ဒါမျိုးနေရာမှာရှိနေနိုင်သလို မြေညီထပ်ဖြစ်ရင်တော့ အိမ်ပြင်ဘက်ကနေ ဝင်လာမယ့်နေရာမှာရှိနေနိုင်တာကြောင့် တသမတ်တည်းဖြစ်ဖို့က မလွယ်ပါဘူး။ ဒီတော့ နေထိုင်တဲ့ နေရာပေါ်မူတည်ပြီး လုပ်ဆောင်ဖို့ကိုတော့ သတိရှိရပါမယ်။ တိုက်ခန်းမှာဆိုရင် ချီဓာတ်ဝင်ရာလမ်းကို ဝရံတာနေရာမှာထားဖို့ လုပ်ရပါမယ်။ ယေဘုယျအားဖြင့် ဝရံတာနေရာက နေရောင်ခြည်ဝင်ဖို့လိုအပ်ပြီးပိတ်ကာနေတာမျိုးမဖြစ်ဖို့လိုပါတယ်။ဝရံတာ ပါတဲ့အခန်းတွေမှာချီဓာတ်ကိုတစုတစည်းတည်း ဝင်လာစေဖို့ ပိတ်ကာနေလို့မရဘဲကောင်းကောင်းဖွင့်ထားဖို့လိုအပ်ပါတယ်။ ဝရံတာက ချွန်ထက်နေတဲ့ မည်သည့်ထောင့်ချွန်နေရာမျိုး၊ မည်သည့်ထောင့်ချွန်လျှောက်လမ်းနေရာမျိုး၊ မည်သည့် ထောင့်ချွန်အရာပစ္စည်းမျိုးကိုမှ မျက်နှာမူနေလို့မရပါဘူး။ ဒီလိုအရာမျိုးတွေကသင့်တိုက်ခန်းအလွှာရဲ့ အပေါ်နဲ့အောက် နေရာလွှဲပြီးတည်ရှိနေမယ်ဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။ အဓိကကကိုယ့်အခန်းနဲ့ မျက်မှန်းတန်းနေတဲ့နေရာမျိုးမှာရှိမနေရင် ရပါပြီ။ ဝရံတာက တိုက်ခန်းရဲ့ပင်မဝင်ထွက်ရာ တံခါးပေါက်နဲ့ တိုက်ရိုက်မျက်နှာချင်းဆိုင်ရှိနေလို့မရပါဘူး။ မဟုတ်ရင် ချီဓာတ်ကတိုက်ခန်းထဲကနေချက်ချင်းတိုးယိုပေါက် ထွက်သွားမှာဖြစ်ပါတယ်။ ဝရံတာနဲ့ ပင်မတံခါးပေါက်ကမျက်နှာ ချင်းဆိုင်အနေအထားရှိနေမယ်ဆိုရင်တော့ ချီဓာတ် တိုက်ရိုက်ထွက်မသွားစေအောင် ဝရံတာနဲ့ ပင်မတံခါးပေါက်အကြားမှာခန်းဆီးလေးပဲဖြစ်ဖြစ်၊အခန်းကန့်လေးထားတာပဲဖြစ်ဖြစ်ပြုလုပ်ပြီးကာကွယ်ထားနိုင်ပါတယ်။ နောက်ထပ်အရေးကြီးတာက မေတ္တာရေးနှင့် ကျန်းမာရေးအတွက် အိပ်ခန်းပါ။တိုက်ခန်းမှာနောက်ထပ်အရေးကြီးတဲ့နေရာကတော့ အိပ်ခန်းပဲဖြစ်ပါတယ်။ ဲ့ဒီနေရာကကျန်းမာရေးနဲ့ မေတ္တာရေးတို့အတွက် လွှမ်းမိုးချုပ်ကိုင်ထားတဲ့နေရာဖြစ်နေလို့ပါ။ ဖွဲ့စည်းပုံကောင်းတဲ့အခါ အိပ်ခန်းအသုံးပြုသူမှာမကြာခဏနာဖျားတာမျိုးမဖြစ်ဘဲ အိမ်ထောင်ဘက်မှာဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ၊မိတ်ဆွေအပေါင်းအသင်းတွေနဲ့ဖြစ်စေပိုပြီးသာယာကောင်းမွန်တဲ့ ချစ်ခင်ရင်းနှီးမှုကိုရရှိစေဖို့ ရည်ရွယ်ပါတယ်။ မကောင်းတဲ့ဓာတ်သင့်နေမယ်ဆိုရင် တော့ နေထိုင်သူမှာမကြာခဏဆက်တိုက်ဆိုသလိုဖျားနာနေတတ်တာ၊ မကြာခဏခိုက်ရန်ဖြစ်ရတာ၊သဘောထားကွဲလွဲမှုတွေဖြစ်ရတာတွေနဲ့ ကြုံတွေ့နေရမှာဖြစ်ပါတယ်။ ဒါကိုတော့ အများအခေါ်အရ အိမ်ခိုက်တယ်လို့ဆိုပါတယ်။ အိမ်ခိုက်ရင်တော့ လုံးဝစိတ်ပျက်စရာတွေ အပြင် ဘဝပျက်တဲ့အထိပါဖြစ်တက်လို့ လူကြီးသူမတွေရဲ့ ပြောစကားတွေအရ ကြားဘူးနားဝရှိဘူးပါတယ်။အိပ်ခန်းရဲ့ အဓိကပင်မအရေးကြီးဆုံးအစိတ်အပိုင်းကအိပ်ရာကုတင်ပဲဖြစ်ပါတယ်။အိပ်ခန်းမှာကုတင်ကိုနေရာချတဲ့အခါ အသေအချာပြုလုပ်ဖို့အရေးကြီးတဲ့အချက်တွေကတော့ - ၁။ ကုတင်ရဲ့ခေါင်းရင်းအုံးတားနေရာကမာကြောတဲ့နံရံကိုမှီထားရပါမယ်။ အိပ်စက်တာက ငြိမ်သက်တဲ့ ရင်(Yin) ဖြစ်တာကြောင့် ကုတင်ကချီဓာတ် တည်ငြိမ်တဲ့နေရာမှာ ဖြစ်သင့်ပါတယ်။ နံရံမှာမှီထားတဲ့အခါ ကုတင်ကိုအခြေခိုင်စေပြီးလှုပ်ရမ်းမှုသက်သာစေကာအိပ်စက်ချိန်အနှောင့်အယှက်ဖြစ်စေတာမျိုးကိုသက်သာစေပါတယ်။ ၂။ကုတင်အောက်ခြေကတံခါးပေါက်ကို ညွှန်နေတဲ့အနေအထားမျိုးမဖြစ်စေရပါဘူး။ ကုတင်ခြေဖျားကတံခါးပေါက်ဘက် ကိုခြေဆင်းလျက်အနေအထားနဲ့ ညွှန်နေမယ်ဆိုရင် ကုတင်မှာရှိနေတဲ့ချီဓာတ်ကအိပ်ခန်းထဲကို ငြိမ်းချမ်းသာယာစွာပြန့်နှံ့သွားမယ့်အစားတံခါးပေါက်ကနေချက်ချင်းထွက်သွားမှာဖြစ်ပါတယ်။ဒီအနေအထားကြောင့် ကုတင်မှာရှိနေတဲ့စွမ်းအင်တွေကိုလည်းမငြိမ်မသက်ဖြစ်စေပါတယ်။ ၃။ အိပ်ရာ၊ ကုတင်ရဲ့ အထက်မှာဘယ်အရာမျှ တန်းလန်းချိတ်ဆွဲထားတာမျိုးမရှိသင့်ပါဘူး။ကုတင်ရဲ့အထက် မျက်နှာကြက်မှာထုတ်တန်းတွေအပါအဝင် မည်သည့်အရာမျှ ရှိမနေသင့်ပါဘူး။ဒါကချီဓာတ်ကိုဖိနှိပ်ချေဖျက်လိုက်ပြီးကောင်းမွန်တဲ့စွမ်းအင်ကိုပပျောက်သွားစေနိုင်ပါတယ်။ ၄။ အိပ်ရာ၊ ကုတင်ရဲ့ အထက်မျက်နှာကြက်ကထုတ်တန်းတွေမရှိဘဲညီညာချောမွတ်တဲ့မျက်နှာပြင်ဖြစ်ဖို့လိုပါတယ်။ ၅။ အိပ်ခန်းကအလွန်အကျွံရှုပ်ပွမနေရပါဘူး။ ရှုပ်ပွနေတဲ့အိပ်ခန်းမှာချီဓာတ် အခန်းထဲကောင်းမွန်စွာပြန့်နှံ့နိုင်မှာမဟုတ်ပါဘူး။ ၆။ အိပ်ခန်းထဲမှာ ကြည့်မှန်ရှိရင် အိပ်ရာဘက်ကိုနေပြောက် အလင်းပြန်ဟပ်ပြီးထိုးနေတာမျိုးမရှိအောင် ဂရုပြုကာနေရာချပေးပါ။ နေရောင်ခြည်ကလှုပ်ရှားတဲ့ ယန်(Yang)စွမ်းအင်ဖြစ်ပြီး ကြည်မှန့်ကတဆင့် နေရောင်ကအိပ်ရာဘက်ထိုးနေမယ်ဆိုရင် အိပ်ရာကယန်(Yang)စွမ်းအင်ကိုစုပ်ယူလိုက်ပြီးရင်(Yin)စွမ်းအင်နဲ့ ထိပ်တိုက်ဆန့်ကျင်မှုဖြစ်စေပါတယ်။ ၇။ အိပ်ခန်းထဲမှာရေနဲ့ဆိုင်တဲ့အသုံးအဆောင်တွေမထားရှိသင့်ပါဘူး။ သောက်ရေထည့်တဲ့ ရေကရား၊ရေဖန်ခွက်ကလွဲရင်ငါးမွေးတဲ့မှန်ငါးကန်၊ ရေတံခွန်စသဖြင့် ရေနဲ့ပတ်သက်တဲ့အသုံးအဆောင်ပစ္စည်းတွေမထားရှိသင့်ပါဘူး။ ရေကယန်(Yang)စွမ်းအင်ကိုအသက်သွင်းသူတွေဖြစ်ပါတယ်။ ရင်(Yin)စွမ်းအင်နဲ့ ပြည့်နှက်နေသင့်တဲ့အိပ်ခန်းထဲမှာယန် (Yang)စွမ်းအင်ကိုနိုးကြားစေမယ်ဆိုရင် ဒီနှစ်ခုထိပ်တိုက်ဆန့်ကျင်မှုဖြစ်စေပြီးကမောက်ကမဖြစ်စေနိုင်ပါတယ်။စွမ်းအင်နှစ်ခုထိပ်တိုက်ဆန့်ကျင်တာ၊ မတည်မငြိမ်ကမောက်ကမဖြစ်စေတာကအိပ်စက်မှုနဲ့ အချစ်ရေးမှာ ပြဿ နာတွေဖြစ်စေပါတယ်။ ကျန်းမာရေးအတွက် အရေးပါသည့် အခြားနေရာများFree Space Intent ကျန်းမာရေးအတွက်အဓိကပြောနေပြီဆိုမှတော့ ဖုန်းရွှေမှာအရေးပါတဲ့ မီးဖိုခန်းအကြောင်းလည်းဆိုရပါဦးမယ်။ အထပ်မြင့်တိုက်နဲ့ ယနေ့ခေတ်လူနေမှုပုံစံမှာကမီးဖိုခန်းကိုအသုံးပြုမှုမရှိသလောက်နည်းပါးကြပြီးအပြင်ထွက်စားသောက်တာ၊ အပြင်စာမှာယူစားသောက်တာတွေများကြပါတယ်။ မီးဖိုခန်းကိုပုံမှန်အသုံးပြုမယ်ဆိုရင်တော့ ဖုန်းရွှေသဘောတရားဆင်ခြင်နိုင်ဖို့ဖော်ပြလိုက်ပါတယ်။ မီးဖိုခန်းမှာပုံမှန်ချက်ပြုတ်စားသောက်ကြတဲ့မိသားစုမျိုးဆိုရင် မီးဖိုနေရာနဲ့ ပန်းကန်ဆေးဘေစင်တို့ကိုဘေးချင်းကပ်ယှဉ်ထားတာမျိုး၊ မီးဖိုကိုပန်းကန်ဆေးဘေစင် သို့မဟုတ် တံခါးတို့နဲ့ မျက်နှာချင်းဆိုင်ထားတာ မျိုးမပြုလုပ်သင့်ပါဘူး။မီးဖိုကိုနံရံဘက်မှာထားရမှာဖြစ်ပြီးမီးဖိုခန်းအလယ်ခုံမှာမထားသင့်ပါဘူး။ မီးဖိုကမီးဓာတ်ဖြစ်ပြီးအခြေခိုင်ခံတည်ငြိမ်အောင်ထားသင့်တဲ့အရာဖြစ်ပါတယ်။ဒါမှသာချက်ပြုတဲ့အစားအစာတွေမှာကောင်းမွန်တဲ့ချီဓာတ်ပါရှိနိုင်ပြီးမိသားစုကိုကျန်းမာစေမှာဖြစ်ပါတယ်။ အခြေခိုင်တည်ငြိမ်စေဖို့ရာအတွက် မီးဖိုနေရာကနံရံနားကပ်ထားရမှာဖြစ်ပြီးမီးဖိုခန်းအလယ်စားပွဲခုံမှာမရှိသင့်ပါဘူး။အလယ်မှာရှိနေတဲ့အခါ အရပ်ရှစ်မျက်နှာကနေချီဓာတ် တိုက်ခိုက်မှုဖြစ်စေနိုင်ပြီးအလားတူပင် မီးဖိုကတံခါးပေါက်နဲ့ မျက်နှာချင်းဆိုင်မှာရှိနေတဲ့အခါ ချီဓာတ်က တွန်းဝင် ရောက်လာပြီးအခြေတည့်တံ့မှုကိုပျက်ပြားစေမှာဖြစ်ပါတယ်။ မီးဓာတ်ဖြစ်တာကြောင့် ရေဓာတ်ဖြစ်တဲ့ ရေအသုံးပြုရတဲ့ပစ္စည်းတွေရဲ့ ဘေးဒါမှမဟုတ် မျက်နှာချင်းဆိုင်မှာမီးဖိုကိုမထားရှိသင့်ပါဘူး။ မီးဓာတ်နဲ့ ရေဓာတ်ကဆန့်ကျင်တိုက်ခိုက်မှုဖြစ်စေပါတယ်။ ဒါကြောင့်မို့ မီးဖိုကိုပန်းကန်ဆေးဘေစင်နဲ့ ဘေးကပ်လျက် သို့မဟုတ် မျက်နှာချင်းပြီးမထားသင့်ပါဘူး။မီးဖိုကမတည်ငြိမ်တဲ့အခါ ဒါမှမဟုတ် ဓာတ်တစ်ခုနဲ့တစ်ခုတိုက်ခိုက်ဆန့်ကျင်တဲ့အခါ မိသားစုဝင်တွေမှာ ကျန်းမာရေးထိခိုက်စေတတ်ပါတယ်။ အိမ်ကနေပုံမှန်အလုပ်လုပ်တတ်သူဆိုရင် ဒါမှမဟုတ် ပညာဆည်းပူးနေဆဲသူဆိုရင်၊ အိမ်မှာစာကျက်လေ့လာတဲ့ကျောင်းနေအရွယ် သားသမီးတွေရှိနေတယ်ဆိုရင် အလုပ်လုပ်ရာနေရာ၊ကိုယ်တိုင် ဒါမှမဟုတ် သားသမီးတွေ စာကျက်လေ့လာတဲ့နေရာကလည်းအရေးကြီးပါတယ်။အလုပ်လုပ်သူပဲဖြစ်ဖြစ်၊ ကျောင်းသူကျောင်းသားပဲဖြစ်ဖြစ် နံရံဘက်ကိုကျောခိုင်းထိုင်ပြီးလုပ်ကိုင် တာ၊စာကျက်မှတ်လေ့လာတာတွေ ပြုလုပ်သင့်ပါတယ်။ တံခါးပေါက်ဘက်ကိုမျက်နှာမူထိုင်လျက်အနေအထားဆိုရင် ပိုပြီးကောင်းပါတယ်။ အလုပ်လုပ်နေတဲ့သူ၊ဒါမှမဟုတ် စာကျက်မှတ်နေသူတွေကတည်ငြိမ်တဲ့ ရင်(Yin)စွမ်းအင်ကိုကျောထောက်နောက်ခံပြုထားဖို့လိုအပ်ပါတယ်။ တိုက်ခန်းတစ်ခန်းရဲ့ဖုန်းရွှေအတွက် ဝရံတာနဲ့ အိပ်ခန်းကအရေးအကြီးဆုံးနှစ်ချက်ဖြစ်ပြီးမီးဖိုခန်းနဲ့ စာဖတ်ခန်းတို့အတွက်ကတော့ လိုအပ်မှသာအသုံးပြုလို့ရတယ်ဆိုတာလည်း မှဝေပေးလိုက်ပါတယ်။ ဒီလောက်ဆိုရင်တော့ ဖုန်းရွှေအကြောင်း သိကောင်းစရာအဖြာဖြာလို့တောင်ပြောလို့ရနိုင်ပါပြီ။မြန်မာလူမျိုးတွေကတော့ အတိတ် နမိတ်တဘောင်၊ ယုံကြည်မှုသက်ဝင်မှု၊ ရိုးရာအစွဲတွေကို လက်သုံးပြုနေကြဆဲပါ။ မည်သို့သော အရာများပင်ဖြစ်စေ ကောင်းသော နမိတ် ကောင်းသော အဆောင်ကောင်းသော အပြုအမူမှန်သမျှကောင်းကျိုးလိုရာကိုပြည့်စေပါတယ်။ လူတိုင်းလူတိုင်းလည်း ကောင်းကျိုးလိုရာမှန်သမျှ ပြည့်ကြပါစေ.... ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အိမ်ထဲမှာ ထားရင် ကံဆိုးစေတယ်လို့ အယူရှိတဲ့အရာတွေ အိမ်၊ တိုက်ခန်းတွေမှာ အတိတ်နိမိတ်ကောင်းအောင်၊လာဘ်လာဘတွေ ရွှင်လမ်းအောင် ဖုန်းရွှေ လိုအပ်သလား အိမ်အတွင်းအပြင် စီးပွားလာဘ်ပွင့်နည်း အဲကွန်းနဲ့အိပ်တဲ့ အတွက်ဘာတွေဖြစ်နိုင်မလဲ အိမ်မှာ အဲကွန်းဖွင့်ထားမှ အိပ်တတ်သူတွေ ဖတ်ကြည့်နော် Written By : Khine Zar (ShweProperty.com) Posted By : Chan Myae (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ