အိမ်ဆောက်လုပ်ရာတွင် အုတ်နံရံတွေကို အက်ကြောင်း မဖြစ်စေရန် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဖော်ပြပေးလိုက်ပါသည်။


၁။ အုတ်စီခြင်း မလုပ်ခင်မှာ အုတ်များကို ရေစိမ်မထားခြင်း။


အုတ်သည် ရေစုပ်တတ်သော သဘောရှိသည့်အတွက် ရေစိမ်ထားခြင်းမပြုလုပ်လျှင် အင်္ဂတေမှ ရေများကို စုပ်ယူကာ နံရံကို အက်စေနိုင်သည်။အုတ်များကို အသုံးမပြုမီ အနည်းဆုံး ၂ နာရီခန့် ရေစိမ်ထားသင့်ပါသည်။


၂။ အချောကိုင်ရန် ဖျော်ထားသော plaster ခြောက်သွားလျှင် ရေပြန်ရောပြီး သုံးခြင်း။


ထိုသို့ ပြုလုပ်ခြင်းဟာ ကွန်ကရစ်ရဲ့ Strength ကိုကျစေပါတယ်။ ဖျော်ပြီးပြီးသုံးခြင်းဟာ အကောင်းဆုံးဖြစ်ပါသည်။





၃။ plaster ဖျော်ရာတွင် ပါဝင်သော ရေတွင် ကွမ်း၊ သကြား ဓာတ်ပါဝင်နေခြင်း။


ဖျော်ထားသော plaster တွင် ကွမ်း (သို့) အချိုရည် လို သကြားဓာတ်ပါဝင်နေမယ်ဆိုလျှင် အခြောက်နှေးခြင်း၊ ကွာကျခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။


၄။ ဖျော်စပ်ရာတွင် ရေပါဝင်မှု အချိုးအစား များနေခြင်း။


ဖျော်စပ်ရာမှာ ရေများနေရင်လည်း ကျုံ့အားပိုများပြီး နံရံကို အက်စေနိုင်ပြီး ရေနည်းနေလျှင်လည်း ခြောက်သွေ့မြန်ပြီး နံရံကို အက်စေပါတယ်။ တချို့ ကန်ထရိုက်တာများက ဆွဲရလွယ်အောင် ရေပိုထည့်တတ်ကြပါသည်။



 

အထက်ပါရှောင်ရန် ဆောင်ရန်အကြောင်းအာများကို သိရှိထားခြင်းဖြင့် အိမ်ဆောက်လုပ်ရာတွင် အုတ်များအလွယ်တကူ အက်ကွဲခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


အရည်အသွေးပြည့်မှီသည့် အုတ်အမျိုးအစားဖြစ်မဖြစ် စမ်းသပ်နည်း


ဆောက်လုပ်ရေးလုပ်ငန်းသုံး အုတ်အမျိုးအစားများ


စီးပွားတက်မည့် အိမ်ဆောက်နည်း


Posted By : Sint Sint (ShweProperty.com)