By Yangon Media Group, Shweproperty.com
Updated at 14 February 2017
ရန်ကုန်မြို့အတွင်းရှိ တံတားကိုးစင်း၌ ဧပြီလမှစတင်ကာ တံတားဖြတ်သန်းခ ကောက်ခံတော့မည် မဟုတ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ သိရသည်။ ယာဉ်ဖြတ်သန်းခ မကောက်ခံခြင်းမှာ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရန်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ လွယ်ကူလျင်မြန်စေရန်အတွက်ဖြစ်ကြောင်း သိရသည်။
''ဧပြီ ၁ ရက်ကစပြီးတော့ ရန်ကုန်အတွင်းမှာရှိတဲ့ တံတားကိုးစင်း ဖြတ်သန်းခပေး ဆောင်စရာ မလိုတော့ပါဘူး။ ဒါပေမဲ့ လက်ရှိခွင့်ပြုပေး ထားတဲ့ ယာဉ်အမျိုးအစားအလိုက် တန်ချိန်အတိုင်းပဲ ခွင့်ပြုပေးမှာပါ'' ဟု ဆောင်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း က ပြောကြားသည်။ ကုန်တင်ယာဉ်များ တန်ပိုတင်ဆောင် ဖြတ်သန်းမှုအား မတ် ၃၁ ရက်အထိ သိရှိလိုက်နာဆောင်ရွက်ရန် အသိပေးခြင်း၊ ပညာပေးကာလအဖြစ် သတ်မှတ်ခြင်းများ ဆောက်ရွက်သွားမည်ဖြစ်ကာ ဧပြီလတစ်ရက်မှ စတင်ကာ ခွဲခြား၍မရသော ပစ္စည်းများမှအပ (ဥပမာ- စက်ပစ္စည်းများ၊ ထရန်စဖော်မာများ) အခြား ကုန်တင်ယာဉ်များသည် လမ်းဦး စီးဌာနပိုင် လမ်း၊ တံတားများပေါ် တွင် တန်ပိုတင်ဆောင် ဖြတ်သန်းသွားခွင့်မပြုရေး၊ B.O.T လေလံလမ်း၊ တံတားဂိတ်များမှ တန်ပိုတင်ဆောင် တားဆီးရေးများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ ''သတ်မှတ်တန်ချိန်အတိုင်းပဲ တင်ရမယ်။ တန်ပိုတင်ရင် တန်ပိုကြေးလဲမတောင်းဘူး။ ပေးလည်းမဖြတ်ဘူး''ဟု ၎င်းကပြော ကြားသည်။
တန်ပိုတင်ဆောင်သည့် ယာဉ်များအား လမ်းမကြီးများ ဥပဒေအခန်း(၅) ပြစ်မှုနှင့် ပြစ်ဒဏ်ပုဒ်မ(၈)၊ အပိုဒ်ခွဲ(၁)အရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ''ကုန်တွေကို အာဆီယံစံနှုန်းအတိုင်းပဲ တင်ဆောင်ခွင့်ပြုပါတယ်။ တံတားဖြတ် သန်းခ မကောက်ခံတော့ဘူးဆိုပြီး ကုန်ပိုတင်ဆောင်လို့ စစ်ဆေးတွေ့ရှိရင် အရေးယူမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တွင် ပြုလုပ်သည့် ဒုတိယသမ္မတနှင့် စီးပွားရေးကဏ္ဍ အလိုက်ပါ ဝင်ကာ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ ကုန်ပစ္စည်းတင်ဆောင်မှုမှာ အာဆီယံ သတ်မှတ်စံနှုန်းအရ ဆယ်နှစ်ဘီး ကုန်တင် ယာဉ်တစ်စီးလျှင် တန်ချိန် ၂၅ တန်၊ ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီးလျှင် ၅၂ တန်ဖြစ် ကြောင်း သိရသည်။
Ref & Photo Credit : Yangon Media Group
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ