By 7daydaily, Shweproperty.com
Updated at 2 December 2016
သန်လျင်တံတားအပါ အဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြစ်ကူးတံတားကိုးစင်း ၌ လာမည့် ၂၀၁၇ မေလကစ၍ တံတားဖြတ် သန်းခကောက် ခံနေ မှုကို ရုပ်သိမ်းမည်ဟု ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်းက ပြောသည်။
မော်တော်ယာဉ်အားလုံး တန်ပိုတင်ဆောင်ခွင့်မပြုဘဲ အာ ဆီယံစံချိန်စံနှုန်းအတိုင်းသာ ကုန် စည်တင်ဆောင်ခွင့်ပြုပြီး ပိုမိုတင်ဆောင်ပါက ထိရောက်စွာ အရေးယူမည်ဟုလည်း မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ချုပ်တွင် ပြုလုပ်သော ဒုတိယ သမ္မတနှင့် စီးပွားရေးကဏ္ဍအလိုက် ပါဝင်သော လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ ပြောကြားသည်။
‘‘အာဆီယံစံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ ဝင်ရိုးသတ်မှတ်ချက် တွေနဲ့ ထိထိရောက်ရောက် အရေး ယူဆောင်ရွက်မှာ ဖြစ်တယ်။ နို့မိုဆိုရင် တံတားကြေးတွေ မကောက်လို့ တန်ပိုတင်ရင် ဒီတံ တားတွေ ပျက်စီးသွားမယ။် ဒီ အခြေအနေကိုလည်း စည်းမျဉ်း စည်းကမ်းဘောင်ကနေ လိုက်နာ သွားဖို့ ကျွန်တော်တို့ စိစစ်ဆောင် ရွက်သွားမယ်’’ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
အာဆီယံစံနှုန်းနှင့် သတ် မှတ်သည့် ကုန်ပစ္စည်းတင်ဆောင် မှုသည် ၁၂ ဘီးမော်တော်ယာဉ် တစ်စီးလျှင် ကုန်တန်ချိန် ၂၅ တန် တင်ဆောင်ခွင့်ပြုထားပြီး ၂၂ ဘီး ကားတစ်စီး၏ ကုန်ပစ္စည်းတင် ဆောင်နိုင်မည့် ပမာဏသည် ၅၂ တန်ဖြစ်သည်။
ရန်ကုန်တိုင်းအတွင်း တံ တားကြေးကောက်ခံမှုသည် လှိုင် သာယာစက်မှုဇုန်နှင့် ဆက်သွယ် ထားသည့် အောင်ဇေယျ၊ ရွှေ ပြည်သာတံတား တို့တွင် တစ် ကြိမ်ဖြတ်ပါက ၁၂ ဘီးကားတစ် စီးလျှင် ကျပ် ၁၀,၀၀၀ခန့်၊ တွဲ ကားတစ်စီးလျှင် ကျပ် ၁၀,၀၀၀ ကျော်ပေးရ၍ တံတားကြေး ကောက်ခံမှု ဖျက်သိမ်းမည့်အစီ အစဉ်ကို ကြိုဆိုကြောင်း ဆန်ကုန်သည်တစ်ဦးက ပြောသည်။
ကုန်တင်ယာဉ်များ ရန်ကုန်မြို့တွင်း ဖြတ်သန်းသွားလာမှုကိုဒီဇင်ဘာမှစတင်ပြီး ညပိုင်းတွင်သာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး ထိုအစီအစဉ်ကို ပြောင်းလဲပေးရန် ရန်ကုန်ရှိ ကုန်သည်များက ဝန်ကြီးချုပ်ထံ တင်ပြသော်လည်း ပြောင်းလဲရန်မရှိဟု ဝန်ကြီးချုပ်ကပြောသည်။
ကွန်တိန်နာယာဉ်များ ည ဘက် ဖြတ်သန်းခွင့်ပြုခြင်းသည် ပို့ကုန်ကဏ္ဍ လျော့နည်းနေချိန် တွင် ပို့ကုန်ဝင်ငွေ လျော့နည်းနိုင် ပြီး ကွန်တိန်နာကား ငှားရမ်းစရိတ် ပိုမိုကုန်ကျမည့် အခြေအနေရှိ သဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချပ်အနေဖြင့် ပြန်လည် စဉ်းစားပေးပါရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက အစည်းအဝေးတွင် တင်ပြခဲ့သည်။
ကွန်တိန်နာယာဉ်များသည် ရန်ကုန်မြို့တွင်း နေ့လယ်တွင် ဖြတ်သန်းမှုသည် ကုန်စည်စီး ဆင်းမှုကြန့်ကြာစေပြီး အမြင်ရ သော ကုန်ကျစရိတ် များရှိနေ ကြောင်း၊ ထိုအခြေအနေကို အဆင်ပြေစေဖို့ရန် ပြီးခဲ့သည့် သုံးနှစ်တာ ကာလအတွင်းက စီမံခဲ့သည့် စီမံကိန်းဖြစ်ကြောင်းနှင့် ကုန်စည်စီးဆင်းမှုတွင် စရိတ်သက်သာစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ