By 7daydaily, Shweproperty.com
Updated at 3 February 2016
ရန်ကုန်မြို့တွင် BRT- Lite ယာဉ်လိုင်းကို ဖေဖော်ဝါရီ ၉ ရက်၌ စတင်ပြေးဆွဲမည်ဖြစ် ကြောင်း သတင်းရရှိသည်။
လမ်းကြောင်းအမှတ် (၁)အ ဖြစ် စတင်ပြေးဆွဲမည့် ထိုယာဉ် လိုင်းသည် ထောက်ကြန့်မှ ပြည် လမ်းမအတိုင်း ဗိုလ်ချုပ်အောင် ဆန်းလမ်းမှတစ်ဆင့် မြို့တွင်းသို့ ပြေးဆွဲမည်ဖြစ်သည်။
စတင်ပြေးဆွဲချိန်တွင် အ ဆင်သင့်ရှိပြီးသော ယာဉ် ၁၅ စီး ဖြင့် ပြေးဆွဲမည်ဖြစ်ကာ ယခုလ ကုန်၌ ၄၅ စီးထပ်မံရောက်ရှိ မည်ဖြစ်သဖြင့် လမ်းကြောင်းအ သစ်များ ထပ်တိုးသွားမည်ဟု ရန် ကုန်ဘတ်စ်ကားများနှင့် သက် ဆိုင်သော ကုမ္ပဏီဥက္ကဋ္ဌ ဒေါက် တာ မောင်အောင်က ပြောသည်။
‘‘နောက်ထပ်ဆွဲမယ့် လမ်း ကြောင်းတွေကိုလည်း စီစဉ်ထား ပြီးပြီ။ အခုလမ်းကြောင်း (၁) ကို သုံးလလောက်ကာလကို စမ်း သပ်ကာလအဖြစ် လုပ်ရမယ်။ BRT စနစ်က အခုမှစနိုင်တာဆို တော့ အစပိုင်းမှာ အခက်အခဲတွေ နဲ့တော့ ရင်ဆိုင်ရမှာပဲ’’ဟု ၎င်း က ပြောသည်။
အဆိုပါယာဉ်လိုင်းအနေ ဖြင့် စီးနင်းခကို အတက်အဆင်း ပုံသေ ၃၀၀ ကျပ်သတ်မှတ်ထား ကာ E-Ticket စနစ်ကျင့်သုံးသွား မည်ဖြစ်သည်။
ယင်းစနစ်အတွက် ငွေဖြတ် ကတ်ကို အခမဲ့ပြုလုပ်ပေးမည် ဖြစ်ပြီး ဘတ်စ်ကားမှတ်တိုင်ကြီး အချို့တွင် ငွေဖြည့်စက်များ ထားရှိပေးခြင်း၊ ယာဉ်ပေါ်ရှိ ဝန်ထမ်းမှ ကူညီဆောင်ရွက်ပေးခြင်းဖြင့် အ သုံးပြုရလွယ်ကူစေရန် လုပ် ဆောင်သွားမည်ဟုလည်း ဆို သည်။
ရန်ကုန်မြို့ ယာဉ်ကြောပိတ် ဆို့မှုကြောင့် ခရီးသည်များ သွား လာရေးခက်ခဲမှုရှိနေခြင်းများ ဖြေ လျှော့နိုင်ရန်နှင့် လက်ရှိဘတ်စ် ကားစနစ်များ၏ ဝန်ဆောင်မှုပုံစံ ပြောင်းလဲမှုစတင်သည့်အနေဖြင့် ပြေးဆွဲခြင်းဖြစ်သည်ဟု ရန်ကုန် တိုင်းဒေသကြီးအစိုးရက ကြေညာထားသည်။
‘‘အဲကွန်းအပြည့်ဖွင့်ထား ပေးပြီး အမြန်ယာဉ်စနစ်ကျင့်သုံး မှာဖြစ်တဲ့အတွက် ခရီးသည်တွေ အဲဒီဝန်ဆောင်မှုအပြည့်အဝရဖို့ တော့ အာမခံချက်ပေးနိုင်တယ်’’ ဟု ဒေါက်တာ မောင်အောင်က ပြောသည်။
အမှတ် (၁) လမ်းကြောင်း ပြေးဆွဲမည့် ခရီးစဉ်တွင် မှတ် တိုင် ၃၇ ခုသာရှိပြီး လက်ရှိမှတ် တိုင်များကို အသုံးမပြုဘဲ သီးသန့် မှတ်တိုင်များ ထားရှိသွားမည်ဖြစ် ကာ ညာဘက်ယာဉ်ကြောအ တွင်း၌သာ မောင်းနှင်သွားမည်ဟု သိရသည်။
ထို့ကြောင့် ကိုယ်ပိုင်ယာဉ် များအနေဖြင့် ယာဉ်ကွေ့ရန် ညာဘက်ယာဉ်ကြောအတွင်း ဝင်ရောက်မောင်းနှင်မှု မပြုလုပ်ရန် အသိပေး ကြေညာမှုများ ပြုလုပ်ထားသည်။
ထိုုသို့အများပိုင်ယာဉ်လိုင်း ပြေးဆွဲနိုင်ရန် အများပြည်သူ၏ အစုရှယ်ယာများ ထည့်သွင်းရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး ယနေ့ အချိန်ထိ အများပြည်သူ ၇၁၀ ဦး မှ ငွေကျပ် ၁ ဒသမ ၆၈ ဘီလီယံ ထည့်ဝင်ထားပြီးဖြစ်သည်ဟု ဆို သည်။
ယင်းလုပ်ငန်းမှာ ဝန်ဆောင် မှုလုပ်ငန်းအမျိုးအစားဖြစ်ပြီး စနစ်သစ်ကို စတင်လုပ်ဆောင်ရခြင်း ဖြစ်၍ လုပ်ငန်းစတင်သည့် ပထမနှစ်တွင် အမြတ်ငွေရရှိရန် မျှော်မှန်းထားခြင်းမရှိကြောင်း ဒေါက် တာ မောင်အောင်က ပြောသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ