By Kamayut Media, Shweproperty.com
Updated at 15 May 2015
မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ ဆောက်လုပ်ရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ရည်ရွယ်တဲ့ ကုန်သွယ်မှုပြပွဲ BuildTech Yangon ကို ဒုတိယအကြိမ်မြောက်အဖြစ် မေလ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ မြန်မာကွန်ဗန်းရှင်းစင်တာ - MCC မှာ ကျင်းပတော့မှာပါ။ BuildTech Yangon 2015 မြန်မာနိုင်ငံရဲ့ဆောက်လုပ်ရေးကဏ္ဍတွေမှာ ဘယ်လိုတွေအကူအညီပေးနိုင်မှာလဲ။ နှစ်ပေါင်း ၅၀ လောက်အဘက်ဘက်က နောက်ကျကျန်နေခဲ့တဲ့မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ လိုအပ်နေပြီး ဆောက်လုုပ်ရေး၊ ဆက်သွယ်ရေးနဲ့ ကုန်သွယ်ရေးကဏ္ဍတွေမှာ အခုလိုပြည်ပက လာရောက်ပြသတဲ့ နည်းပညာအသစ်တွေကိုလေ့လာနိုင်မှ လုပ်ငန်းရှင်တွေရော ပြည်သူလူထုအတွက်ပါ အကျိုးရှိမယ်လု့ိ UMFCCI က ဦးအောင်မင်းကပြောပါတယ်။ ပထမအကြိမ် BuildTech မှာတုန်းက ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းတွေ အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဆင့်မြင့်နည်းပညာတွေနဲ့ မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်ခဲ့တာမို့ ဒုတိယအကြိမ်မှာလည်း ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ရလာနိုင်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ ဂျာမနီ ၊ ကိုရီးယား ၊မြန်မာ ၊ မလေးရှား ၊ စင်္ကာပူ နဲ့ ထိုင်းနိုင်ငံတို့က ကုမ္ပဏီပေါင်း ၁၅၀ ကျော်ပါဝင်ပြသမယ့် ၃ ရက်ကြာ BuildTech Yangon ကို Singapore Press Holding လက်အောက်ခံ Sphere Exhibits Private Limited – SPH နဲ့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းတို့က ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။ ပွဲစီစဉ်တဲ့ SPH က Senior Marketing Manager ကတော့ ပထမအကြိမ် BuildTech Yangon ဆွေးနွေးပွဲတွေမှာ လာရောက်တဲ့သူတွေအနေနဲ့ ဟောပြောသူဆွေးနွေးတာကို လာနားထောင်ရုံလောက်နဲ့ ပြီးသွားကြပေမယ့် ဒီနှစ်မှာတော့ လာရောက်ကြည့်ရှုတဲ့သူတွေအတွက် ပညာရှင်တွေဆီက သင်ယူစရာတွေသင်ယူပြီး ကိုယ့်အရည်အချင်းတွေမြှင့်တင်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ ဆောက်လုပ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာတော့မယ့် မြန်မာနိုင်ငံမှာ အခုလိုကုန်သွယ်မှုပြပွဲတွေဟာ အရေးပါပြီး ဆောက်လုပ်ရေးကဏ္ဍလိုမျိုးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေဟာ အရမ်းမြန်ဆန်ပြီး Value Chain ထဲမှာပါဝင်တဲ့သူတွေအကုန်လုံးကို အကျိုးသက်ရောက်စေတယ်လို့ ပြောပါတယ်။
Ref : Kamayut Media
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ