By Myanmar Builders Guide, Shweproperty.com
Updated at 8 April 2019
ကျပ်သိန်းပေါင်း တစ်သောင်းကျော် အကုန်အကျခံတည်ဆောက်ခဲ့သည့် စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် ရွှေမင်းဝံနှစ်ထပ်ဈေး ၇၅ ရာခိုင်နှုန်းတည်ဆောက်မှု ပြီးစီးနေပြီဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
“နှစ်ထပ်ဈေးတည်ဆောက်မှုက ၇၅ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။ ဈေးဆိုင်ခန်းတွေ ရောင်းဖို့နည်းနည်း ကျန်သေးတယ်။ အပေါ်ထပ်နဲ့ အောက်ထပ်ဈေးဆိုင်တိုက်ခန်း နည်းနည်းစီရောင်းဖို့ ကျန်သေးတယ်။ အမိုးပါ အကာမဲ့ဈေးဆိုင်ခန်းတွေက အကုန်ရောင်းပြီးပါပြီ။ မေ ၁ ရက်နေ့ဖွင့်နိုင်ဖို့ လျာထားပါတယ်” ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။
စစ်ကိုင်းမြို့တွင် စစ်ကိုင်းမြို့မဈေးကြီး၊ ရွာထောင်ဘူတာဈေး၊ သရက်ပင်ဆိပ်ဈေး၊ မန်ကျည်းစဉ်ဈေး၊ ရွှေမင်းဝံဈေးများရှိပြီး ရွှေမင်းဝံရပ်ကွက်ရှိ ရွှေမင်းဝံဈေးသည် ဟောင်းနွမ်းပျက်စီးမှုများရှိလာခြင်း၊ ရွှေမင်းဝံရပ်ကွက်သည် စစ်ကိုင်းစက်မှုဇုန်၊ ပညာရေးတက္ကသိုလ်အနီးတည်ရှိပြီး လူဦးရေထူထပ် လာသောကြောင့် ရွှေမင်းဝံဈေးအား ဖြိုဖျက်ကာ နှစ်ထပ်ဈေးအသစ်အဖြစ် ကျပ်သိန်းတစ်သောင်းကျော် အကုန်ကျခံကာ အမေ့နန်းတော်ကုမ္ပဏီက ၂၀၁၈ ဇွန်လအတွင်း တာဝန်ယူတည်ဆောက်ခဲ့ပြီး ယခုဈေးတည်ဆောက်မှု ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အသစ်တည်ဆောက်မည့် နှစ်ထပ်ဈေး ဆိုင်ခန်းများတွင် ရွှေမင်းဝံရပ်ကွက် ၂၅ လမ်း မျက်နှာလှည့် မြေညီထပ်ဆိုင်ခန်းများ (၁၀ ပေ × ၁၂ ပေ) တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀၊ အပေါ်ထပ်ဆိုင်ခန်းအတွင်းလှည့် (၁၀ ပေ ပတ်လည်) အား ကျပ်သိန်း ၁၀၀ နှင့် ၆ လမ်း၊ ၈ လမ်းမျက်နှာလှည့် မြေညီထပ်ဆိုင် ခန်း (၁၀ ပေ × ၁၂ ပေ) များအား သိန်း ၁၅၀၊ အပေါ်ထပ်အခန်းအတွင်းလှည့် (၁၀ ပတ်လည်)များအား ၇၅ သိန်း၊ အမိုးပါအကာမဲ့ ဆိုင်ခန်းတစ်ခန်းလျှင် ၁၅ သိန်းဖြင့် လေးကြိမ်အရစ်ကျ ရောင်းချပေးသွားမည်ဖြစ်ပြီး ပျံကျဆိုင်ခန်းများအား အခမဲ့ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ဈေးသစ်၏ ပုံစံမှာ ‘ယူ’ ပုံစံဖြစ်ပြီး အခန်းပေါင်း ၂၂၂ ခန်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ