By Myanmar Builders Guide, Shweproperty.com
Updated at 27 November 2018
အောက်တိုဘာလအတွင်းရန်ကုန်တိုင်းဒေသကြီး ရှိ မြို့နယ် ၁၂ မြို့နယ်တွင်အဆောက်အအုံ ၂၅ဝ ကျော်ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန(အဆောက်အအုံ) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အထိမြေပိုင်ဆိုင်မှုအမှန်ဖြင့် လာရောက်လျှောက်ထားသည့် အဆောက်အအုံများ ခွင့်ပြုမှုသည် ၂၅ဝ ကျော်ရှိကြောင်း၊ခွင့်ပြုခဲ့သည့် အဆောက်အအုံအများစုမှာ လူနေလုံးချင်းအိမ်များဖြစ်ပြီး အဆောက်အအုံဆောက်လုပ်ခွင့်ပြုခဲ့သည့်မြို့နယ်များမှာ မရမ်းကုန်း၊မြောက်ဥက္ကလာပ၊ဒဂုံ(တောင်ပိုင်း)၊ဒဂုံ(အရှေ့ပိုင်း)၊ရန်ကင်း၊တာမွေ၊စမ်းချောင်း၊တောင်ဥက္ကလာပ၊အင်းစိန်၊ဒေါပုံ၊လှိုင်နှင့် သာကေတမြို့နယ်တို့ဖြစ်ကြောင်းသိရသည်။
အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားရာတွင် အိမ်ငှားမရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်အပြင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်၊သက်ဆိုင်ရာဌာနမှ သုံးနှစ်အတွင်း ထုတ်ပေးထားသောမြေပုံ၊မြေရာဇဝင်မူရင်း၊ဂရန်မိတ္တူ၊ သို့မဟုတ် နယ်နိမိတ်တိုင်းတာသတ်မှတ်သည့် မြေပုံ(မူရင်းနှင့် တိုင်ဆိုင်စစ်ဆေးရန်)နှင့် ဘေးမြေကွက်များမှ ကန့်ကွက်ရန်မရှိကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်များ ပါရှိရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ အခွန်ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်၊လိုင်စင်ရ အင်ဂျင်နီယာမှ လက်မှတ်ရေးထိုးထားသောအဆိုပြုပုံစံသုံးစုံနှင့် ပစ္စည်းစာရင်းသုံးစုံဖြင့် လျှောက်ထားရမည်ဖြစ်ပြီး သုံးထပ်နှင့်အထက်အဆောက်အအုံများ အတွက် အဆောက်အအုံအင်ဂျင်နီယာ (SEC) မှတွက်ချက်တင်ပြထားသည့်အဆောက်အအုံ၏ ခိုင်မာမှုဆိုင်ရာတွက်ချက်မှုပုံစံတစ်စုံ၊လေးထပ်နှင့်အထက် အဆောက်အအုံများအတွက်အထက်ပါအချက်များအပြင် မြေပိုင်ရှင်၊ကန်ထရိုက်တာ၊လိုင်စင်ရအင်ဂျင်နီယာ၊အဆောက်အအုံအင်ဂျင်နီယာတို့၏ အဆောက်အအုံဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိ၊မြေခံနိုင်အား စမ်းသပ်မှု(Soil Test)၊ဝဲ ယာတွင် အထပ်မြင့်အဆောက်အအုံရှိပါကယင်းအဆောက်အအုံများ၏ Theodolite Reading၊ လိုင်စင်ရအင်ဂျင်နီယာတင်ပြသော လမ်းအကျယ်အဝန်းခံဝန်များဖြင့် လျှောက်ထားရမည်ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အောက်တိုဘာလအတွင်း လူူနေထိုင်ခွင့် BCC ခွင့်ပြုပေးမှု ၁၅ဝ ကျော် ကိုလည်း ခွင့်ပြုခဲ့ပြီး ယင်းကဲ့သို့ခွင့်ပြုရာတွင် ရှစ်ထပ်နှင့် အောက်အိမ်များပါဝင်ပြီး ရုံးခန်းများ၊ဆိုင်ခန်းများနှင့် လုံးချင်းအိမ်များပါဝင်ကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ