By 7daydaily, Shweproperty.com
Updated at 16 September 2016
ရန်ကုန်မြို့တွင် မြေပြင် လုပ်ငန်းများသာ စတင်ရသေး သော အထပ်မြင့် ၅၅ လုံးစီမံကိန်း ၌ ပြန်လည်ပြင်ဆင်တည်ဆောက် ရမည့် အချက်အလက် များကို လုပ်ငန်းရှင်များအား ခေါ်ယူအသိပေး ခဲ့ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ သ တင်းရရှိသည်။
အဆိုပါ အထပ်မြင့် ၅၅ လုံးကို ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများတည်ဆောက်မှုစိစစ်ရေး ကော်မတီက ဒုတိယသုတ်အဖြစ် အချိန်ယူစစ်ဆေးခဲ့ပြီး ပြင်ဆင်ရန် လိုအပ်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
မြေပြင်လုပ်ငန်းများသာ စ တင်နေသေးသည့် ဒုတိယမြောက် စစ်ဆေးခဲ့သော အဆိုပါ အထပ် မြင့်စီမံကိန်း ၅၅ လုံး၏ဒီဇိုင်းများ ထဲမှ အချို့အချက်အ လက်များ ကို ပြန်လည်ပြင်ဆင်ရန် လုပ်ငန်း ရှင်များအား ခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ အင် ဂျင်နီယာနှင့်အဆောက်အအုံဌာ နမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
‘‘သူတို့ကို စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်မှာ နှစ်ရက်ဆက် တိုက်ခေါ်တွေ့ခဲ့တယ်။ မြေပြင် လုပ်ငန်းတွေပဲ ရှိသေးတဲ့အတွက် ပြန်ပြင်စရာ ရှိတာတွေ ပြင်လို့ရ အောင် ခေါ်ပြောတာပါ’’ဟု ၎င်း က 7Day Daily သတင်းစာအား ပြောသည်။
အထူးသဖြင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေမြောင်းဒီ ဇိုင်းများအား ပြောင်းလဲစေခြင်း၊ ထရန်စဖော်မာနေရာချထားခြင်း ကိစ္စများနှင့် ကားပါ ကင်နေရာအ ကျယ်အဝန်းတို့ကို စီမံကိန်းဒီဇိုင်း တွင် ပြန်လည်ပြင်ဆင်ရန် ခံဝန် ကတိတောင်းခံပြီး ခေါ်ယူတွေ့ဆုံ ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆို သည်။
‘‘အခုလို ကျွန်တော်တို့ကို မြေပြင်လုပ်ငန်းများစတင်နေတဲ့ အချိန်မှာ ခေါ်ပြောတဲ့အတွက် အ ချိန်မီပြင်ဆင်သွားမှာပါ။ ရှေ့ ၁၂ လုံးကလို စီမံကိန်းပြီး ခါနီးမှ ပြန် ပြင်ရမယ်ဆိုတာမျိုးဆိုရင်တော့ အဆင်မပြေဘူး။ သူတို့ဘက်က အများဆုံး ပြင်ခိုင်းတာကတော့ ကားပါကင်နဲ့ အိမ်ရှေ့အိမ်နောက် ရေမြောင်းတွေရဲ့ဒီဇိုင်းပါ’’ဟု ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ခေါ်ယူတွေ့ဆုံရာ တွင် ပါဝင်သော ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ယခုစီမံကိန်းဒီဇိုင်းများပြင် ဆင်ရန် ပြန်လည်ညွန်ကြားခြင်း ခံရသည့် အထပ်မြင့်စီမံကိန်း ၅၅ လုံးသည် ပြီးခဲ့သည့် အစိုးရလက် ထက်က မူအားဖြင့် တည်ဆောက် ရန် ခွင့်ပြုချက်ရရှိထားသောအ ဆောက်အအုံများဖြစ်သည်။
ရန်ကုန်မြို့တော် အင်္ဂါရပ် နှင့်အညီ အဆောက်အအုံများ တည်ဆောက်မှု စိစစ်ရေးကော်မတီက ပထမအသုတ်စစ်ဆေးမှု ဖြစ်သည့် အထပ်မြင့် ၁၂ လုံးတွင် အထပ်လျှော့စီမံကိန်းဒီဇိုင်းပြင်ဆင်ရန် ဇူလိုင်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါညွှန်ကြားချက်များ ထုတ်ပြန်ပြီး တစ်လအကြာတွင် မူလဒီဇိုင်းအတိုင်း ပြန်လည်တည် ဆောက်ခွင့်ကို တိုင်းဒေသကြီးအ စိုးရအဖွဲ့က ပြန်လည်ဖြေလျှော့ ပေးခဲ့သည်။
Ref & Photo Credit : 7datdaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ