By 7daydaily, Shweproperty.com
Updated at 3 February 2017
မြေပြင်လုပ်ငန်းများပင် မစတင်ရသေးသည့် အထပ်မြင့် အဆောက်အအုံ စီမံကိန်း ၁၃၀ အနက် ၁၂၃ လုံးကို စစ်ဆေးမှုများ ပြီးစီးပြီဖြစ်၍ လုပ်ငန်းများဆက် လက် ဆောင်ရွက်နိုင်ရန် ခွင့်ပြု လိုက်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
ကျန်ရှိသည့် ခုနစ်လုံးသည် ပြန်လည်ပြင်ဆင်ရန်နှင့် စစ်ဆေးမှုများလုပ်ဆောင်ရန် ကျန်ရှိနေသ ဖြင့် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သိရသည်။
အများစုသည် ၁၀ ထပ်မှ အထပ် ၃၀ အထိ ဆောက်လုပ်မည့်စီမံကိန်းများပါဝင်ပြီး Golden City ၊ ဗီယက်နမ်နိုင်ငံ၏ ဟောင်အင်းဂရီလာစီမံကိန်းအပိုင်း−၂၊ ရန်ကင်း မြို့နယ်တွင် မြေနေရာ အစားပြန်ရခဲ့သည့် MARGA LAND MARK နှင့် တောင်ဥက္ကလာပ ဗန္ဓုလ ကားဝင်းတွင် အကောင်အထည် ဖော်မည့် INNO City စီမံကိန်းအစ ရှိသော နာမည်ကြီးအထပ်မြင့်စီမံ ကိန်းများ ပါဝင်သည်။
ယင်းအဆောက်အအုံများကို ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများဆောက်လုပ်မှုစိစစ်ရေးကော်မတီက စစ်ဆေးပြီး ဖြစ်၍ ကျန်ရှိသည့် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ခွင့်ရရှိပြီ ဖြစ်သည်။
အဆိုပါ အဆောက်အအုံ များသည် ရန်ကုန်မြို့တော်စည်ပင်တွင် တည်ဆောက်ခွင့် (အမှုတွဲ) များထပ်မံတင်ပြရမည် ဖြစ် သည်။
ယင်းစီမံကိန်းများမှာ ၂၀၁၆ ကတည်းက လုပ်ငန်း စတင်ရန် စီစဉ်ထားသော အထပ်မြင့် စီမံကိန်းများ ပါဝင်ပြီး အစိုးရသစ်တက်ပြီး နောက်ပိုင်း စစ်ဆေးမှုများ ပြုလုပ်နေ၍ ကြန့်ကြာမှုများရှိခဲ့သည်။
‘‘အဆောက်အအုံတွေ ဆက်လက်တည်ဆောက်ခွင့်ကိုတော့ ၂၀၁၆ နှစ်လယ်ကတည်းက ခွင့်ပြုပေးထားတာ။ ခွင့်ပြုပေးရင်းနဲ့ စစ် ဆေးမှုတွေ လုပ်နေတဲ့အချိန်မှာ အဆင့်ဆင့်စစ်ဆေးမှုတွေ လုပ် သွားတာ’’ဟု ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှုစိစစ်ရေးကော် မတီဝင်တစ်ဦးက ပြောသည်။
ယခင်က ရန်ကုန်မြို့ရှိ အ သစ်တည်ဆောက်မည့် အဆောက်အအုံများနှင့် ဆောက်လုပ်ဆဲလုပ် ငန်းများကိုမူ အသစ်ဖြင့်သာ ခွင့်ပြုမည်ဟု သတင်းများထွက်ပေါ်ခဲ့ သော်လည်း ယခုခွင့်ပြုပေးသည့် စီမံကိန်းများကို လက်ရှိကျင့်သုံးနေသည့်မူအတိုင်း စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ခွင့်ပြုမည်ဟု ဆိုသည်။
ရန်ကုန်တွင် အသစ်ထပ်မံ တည်ဆောက်မည့် ဆောက်လုပ် ရေးလုပ်ငန်းရှင်များသည် ဌာန၌ အမှုတွဲအသစ် (ဆောက်လုပ်ခွင့် လျှောက်ထားခြင်း)တင်ပြခြင်းကို ၂၀၁၆ နိုဝင်ဘာ ဒုတိယပတ်တွင် ပြန်လည်ခွင့်ပြုနေပြီ ဖြစ်သည်။
Ref & Photo Credit : 7daydily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ