By Mizzima, Shweproperty.com
Updated at 3 February 2017
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က မြန်မာနိုင်ငံ၏ လမ်းများ၊ ဆိပ်ကမ်းများစသည့် သယ်ယူပို့ဆောင်ရေးစနစ်များအား အကူအညီပေး မည်ဖြစ်သည်။
အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ယင်းစီမံကိန်းများ တိုးတက်ရေးကို အဓိကထား ဖော်ဆောင်သွားမည်ဖြစ်ပြီး သယ်ယူ ပို့ဆောင်ရေး၏ အခြေခံအဆောက်အအုံများ ခေတ်မီရေးအတွက် ပါဝင်သည်။
မနီလာမြို့အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က စီမံကိန်းများရေးဆွဲရေး၊ ကန်ထရိုက်တာများရွေးချယ်ရေးနှင့် ရန်ပုံငွေများရ ယူခြင်းကဲ့သို့သော ကိစ္စရပ်များအတွက် မြန်မာအစိုးရကို အကြံဉာဏ်များ ပေးသွားမည်ဖြစ်ပြီး ယင်းကိစ္စရပ်များအတွက် နေပြည်တော်တွင် သဘောတူလက်မှတ်ရေးထိုးမည်ဖြစ်သည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က စီမံကိန်းများအလိုက် သီးခြားစီ လမ်းညွှန်ချက်များ၊ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အကြံပေးအဖြစ်ဆောင်ရွက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၏ တာဝန်အသစ်တွင် ဥပဒေများရေးဆွဲပေးခြင်းနှင့် ထောက်ပံ့ရေးနှင့် အခြားမက်လုံးများပါဝင်သည့် ဒီဇိုင်းမူဘောင်ရေးဆွဲခြင်းများလည်း ပါဝင်သည်။ သီးခြားစီမံကိန်းများအတွက် အဆိုပြုချက်များကို အာရှဖွံ့ဖြိုးရေးဘဏ်က ဖန်တီးဖော်ဆောင်ပေးမည်ဖြစ်ပြီး၊ ယင်းစီမံကိန်းများကို ပြည်တွင်းနှင့် နိုင်ငံခြားကုမ္ပဏီများက တင်ဒါဝင်ပြိုင်နိုင်မည်ဖြစ်သည်။
ထို့ပြင်၊ ပုဂ္ဂလိကနှင့် အများပြည်သူကဏ္ဍများကို အကျိုးပြုနိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ရန်ပုံငွေကောက်ခံသည့် အစီအစဉ်များ ကိုလည်း ပုံဖော်ပေးမည်ဖြစ်သည်။
အာရှဖွံ့ဖြိုးရေးဘဏ်က ဆက်ဆံပေါင်းရုံးဖွင့်လှစ်နိုင်ရေးအတွက် လုပ်ဆောင်နေပြီး၊ အစိုးရ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအတွက် ကြားခံဆက်ဆံရေးရုံးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။
အာရှဖွံ့ဖြိုးရေးဘဏ်၏ ရည်ရွယ်ချက်တစ်ခုမှာ အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းများတွင် ပုဂ္ဂလိကကုမ္ပဏီများ ပိုမိုပါဝင်လာစေရေး အတွက်ဖြစ်သည်။
အဓိကဘဏ္ဍာရေးထောက်ပံ့သည့် လုပ်ငန်းမှ ခွဲထွက်ကာ၊ အာရှဖွံ့ဖြိုးရေးဘဏ်က အကြံဉာဏ်ပေးသည့် ကဏ္ဍကို ရယူလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာသယ်ယူပို့ဆောင်ရေးကွန်ယက်၏ အချက်အချာကျသည့်နေရာတွင် တည်ရှိသော်လည်း အခြေခံဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများဖြစ်သော အဓိကလမ်းမကြီးများ၊ မီးရထားလမ်းများနှင့် ရေကြောင်းခရီးလမ်းတို့မှာ အဆင့်မြှင့်တင်ရန် လိုအပ်သည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ အဓိက ဦးစားပေး စီမံကိန်းများတွင် ရန်ကုန်မြို့ မီးရထားစနစ် ခေတ်မီရေးပါဝင်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် သီလဝါစက်မှုဇုန်အနီးအနားရှိ သယ်ယူပို့ဆောင်ရေးကွန်ရက်များ အပါအဝင်၊ ဧရာဝတီမြစ်ကြောင်း သယ်ယူပို့ဆောင်ရေး စနစ်အဆင့်မြှင့် တင်ခြင်း စီမံကိန်းများလည်း ပါဝင်သည်။
အာရှဖွံ့ဖြိုးရေးဘဏ်က လေလံပွဲများကို ပွင့်လင်းမြင်သာမှုရှိစေရန်၊ တရားမျှတရန် စီစဉ်ထားပြီး၊ ယင်း၏ ကျွမ်းကျင်မှုများမှတစ်ဆင့် အရည်သွေးပြည့်မှီသော တင်ဒါအောင်သူများကို ရွေးချယ်နိုင်မည်ဟု မျှော်မှန်းထားသည်။
Ref & Photo Credit : Mizzima
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ