By The Trade Times, Shweproperty.com
Updated at 23 July 2015
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကန်ထရိုက်တိုက်များ ဆောက်လုပ်ရာတွင် အရပ်စာချုပ် အသုံးပြ၍ဆောက်လုပ်ခွင့်ကို သုံးထပ်အမြင့်အထိ ဆောက်လုပ်ခွင့် ပြုထားကြောင်းသိရသည်။
“အရင်ကတော့ ခွင့်မပြုဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း သုံးထပ်အထိတော့ ခွင့်ပြုပေးထားတယ်။ ဒါကလည်း အိမ်ခြေမဲ့တွေ၊ ဆင်းရဲနွမ်းပါးမှုတွေကို လျှော့ချနိုင်ဖို.အတွက် ရည်ရွယ်ပြီး ဖြေလျှော့ပေးခဲ့တာ ဖြစ်ပါတယ်”ဟု ရန်ကုန်မြို.တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အရပ်စာချုပ်ဖြင့် အဆောက်အအုံ ဆောက်လုပ်ခွင့်ကို လျှောက်ထားကာ ဆောက်လုပ်သည့် ကန်ထရိုက်တိုက်များမှာ သင်္ဃန်းကျွန်းမြို.နယ်အတွင်း ပိုမိုများပြားကြောင်းသိရသည်။ ယခင်က ကန်ထရိုက်တိုက် ဆောက်လုပ်ခွင့် တောင်းခံလျှင် နှစ် ၆၀ ဂရန် ရှိမှသာ ခွင့်ပြုသော်လည်း ယခုအခါ ရပ်ကွက်အတွင်း ပိုင်ရှင်မဲ့ ဂရန်မရှိသည့် မြေများ၌ အဆောက်အအုံ ဆောက်လုပ်လိုပါက အရပ်စာချုပ်တွင် သက်ဆိုင်ရာ ရပ်ကွက်လူကြီး၏ ထောက်ခံချက်ဖြင့် ကန်ထရိုက်တိုက်ဆောက်လုပ်ခွင့်ကို ၂၀၁၄ခုနှစ်မှ စတင် ခွင့်ပြုထားကြောင်း သိရသည်။
ယင်းခွင့်ပြုချက်မှာ အိမ်ခြေမဲ့ ပြည်သူများအတွက် အကျိုးရှိသည့် အခြေအနေတစ်ခု ဖြစ်မလာဘဲ ရပ်ကွက်အတွင်း မိမိအကျိုး စီးပွားအတွက် ကြည့်ကာ ရပ်ကွက်အတွင်းရှိ စာကြည့်တိုက်များ၊ မီးသတ်ရေကန်များအား၊ ရပ်ကွက် လူကြီးများနှင့် ပေါင်းကာ အရပ်စာချုပ်ချုပ်ဆို၍ စီးပွားဖြစ်ဆောက်လုပ်နေခြင်းများရှိနေကြောင်း သင်္ဃန်းကျွန်းမြို.နယ်အတွင်း နေထိုင်သူ အချို.ထံမှ သိရသည်။
“ဒီရပ်ကွက်ထဲမှာ နေစရာတကယ်မရှိတဲ့ သူတွေဆိုရင် မပြောပါဘူး။ အခုဟာ ကန်ထရိုက်နဲ. ရပ်ကွက်လူကြီးနဲ. ပေါင်းပြီး လုပ်နေတာ၊ နေရာအလွတ်မကျန်ကို လုပ်နေတာ။ သုံးထပ်လည်း မကဘူး။ လေးထပ်ခွဲတွေဆောက်ပြီး ဂရန်ရှိတဲ့ တိုက်ခန်းတွေထက် ဈေးနှိမ့်ပြီး ရောင်းတယ်။ သူတို.အတွက်က အမြတ်ချည်းပဲ။ စိုက်ငွေ တစ်ပြားမှ မရှိဘဲ လုပ်နေတာဆိုတော့ ကျွန်တော်တို.အနေနဲ. သည်းမခံနိုင်ဘူး” ဟု သင်္ဃန်းကျွန်းမြို.နယ်၊ ဆ/က ရပ်ကွက်တွင် နေထိုင်သူ ဦးမြင့်နိုင်က ပြောသည်။
ယခင်က ဂရန်ပိုင် မဟုတ်ဘဲ အရပ်စာချုပ်ဖြင့်သာ ခွင့်ပြုချက်တောင်းခံဆောက်လုပ်သည့် ကန်ထရိုက်တိုက်ခန်းများအား ဝယ်သူတို. အနေဖြင့် မဝယ်ရဲကြသော်လည်း ယခုအခါ ဆောက်လုပ်ထားသည့် နေရာ၊ တိုက်ခန်းပုံစံတို.ကို ကြည့်ကာ ဝယ်ယူမှုများလည်း ရှိကြကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။
ယခုနောက်ပိုင်း ကန်ထရိုက်တိုက်ဆောက်လုပ်နေသည့် ဆောက်လုပ်ရေးကုမ္ပဏီများက ၎င်းတို.၏ တိုက်ခန်းများအား အရစ်ကျစနစ်ဖြင့် ရောင်းချကြပြီး ဝယ်သူများကလည်း အရစ်ကျစနစ်ဖြင့် ဝယ်ရသည်ဖြစ်ခြင်းကြောင့် ဂရန်မြေပေါ်တွင် ဆောက်လုပ်ထားသည် ဖြစ်စေ၊ အရပ်စာချုပ်ဖြင့် ဆောက်လုပ်ခွင့် တောင်းကာ ဆောက်ထားသည်ဖြစ်စေ ဝယ်ယူကြကြောင်း သိရသည်။
“စည်ပင်က အရင်ကတော့ ဖျက်မယ်ဆိုတော့ အရပ်စာချုပ်နဲ. တိုက်ခန်းတွေကို မဝယ်ရဲကြဘူး။ အခုက တရားဝင် သုံးထပ်အထိ ဆောက်လုပ်ခွင့်ပြုထားတော့သတ်မှတ်ထားတဲ့အတိုင်း ဆောက်လုပ်ထားတဲ့ တိုက်ခန်းတွေဆို ဝယ်ကြတယ်”ဟု သင်္ဃန်းကျွန်းမြို.နယ်အတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
ယခုနောက်ပိုင်းတွင် နာမည်ရကန်ထရိုက်တာများကလည်း အရပ်စာချုပ်ဖြင့် ဆောက်လုပ်ခွင့်လျှောက်ကာ တိုက်ခန်းများ၊ ဆောက်လုပ်လာကြရာ ယင်းတို.အနေဖြင့် အချက်အလက် စုံလင်စွာ အသုံးပြု၍ ဝယ်သူ စိတ်လုံခြုံမှုရှိစေရန် ဆောက်ရွက်လာ ကြသဖြင့် အချက်အချာကျသည့် နေရာများ၌ ရှိသော တိုက်ခန်းများ၏ ဈေးမှာ ဂရန်ရှိသော မြေကွက်၌ ဆောက်လုပ်ထားသည့် တိုက်ခန်းများနှင့် တန်ဖိုးညီစွာ ရောင်းချနိုင်လာကြောင်း သိရသည်။
လက်ရှိတွင် ကန်ထရိုက်တိုက် အများဆုံး ဆောက်လုပ်သည့် မြို.နယ်များမှာ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ သာကေတ၊ ဒဂုံမြို.သစ်မြောက်ပိုင်း၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း အစရှိသည့် နေရာများဖြစ်ပြီး ဂရန်မရှိဘဲ ဆောက်လုပ်ခွင့်ကို အရပ်စာချုပ်ဖြင့် လျှောက်ထား၍ ဆောက်လုပ်သည့် တိုက်ခန်းများမှာ သင်္ဃန်းကျွန်းနှင့် ဒေါပုံမြို.နယ်တွင် အများဆုံးဖြစ်ကြောင်း ကန်ထရိုက်တာများထံမှ သိရသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ