By Myanmar Builders Guide, Shweproperty.com
Updated at 18 July 2018
ရန်ကုန်မြို့တွင် အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားရာတွင် သြဂုတ် ၁ ရက်မှ စ၍မီးသတ်ဦးစီးဌာနမှ ထုတ်ပေးထားသော အကြံပြုချက်နှင့် အတည်ပြုအဆောက်အအုံပုံစံများအား ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆောက်အအုံဌာန မှ သိရသည်။
ယင်းသို့တင်ပြရာတွင် မီးဘေးလုံခြုံမှုဆိုင်ရာ အကြံပြုချက်တင်ပြရန်လိုအပ်သည့် အဆောက်အအုံများဖြစ်သည့် သုံးထပ်နှင့်အထက် အဆောက်အအုံ၊စက်မှုဇုန်၊ဟိုတယ်နှင့် တည်းခိုခန်းများအနေဖြင့် မီးသတ်ဦးစီးဌာနမှ ထောက်ခံချက်ပေးထားသည့် အဆောက်အအုံပုံစံရယူကာ ပူးတွဲတင်ပြရမည်ဖြစ်သည်။ယခင်က ယင်းသို့ပူးတွဲတင်ပြမှုမရှိသော်လည်း ယခုနောက်ပိုင်း မီးသတ်ဦးစီးဌာနမှ သုံးထပ်နှင့် အထက် အဆာက်အအုံများ Drawing တင်ပြစေကြောင်း၊မီးသတ်ဦးစီးဌာနမှ တင်ပြလာသည့် Drawing ပုံစံများကို ပြန်ပြင်ခိုင်းရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင်တင်ပြထားသည့် ပုံစံနှင့် မကိုက်ညီဘဲ ကွဲလွဲမှုများ ရှိနေခြင်းကြောင့် ယင်းသို့ပူးတွဲတင်ပြစေခြင်းဖြစ်သည်။
ယခင်က ပုံစံမတောင်းဘူး။နောက်ပိုင်းကျတော့ မီးသတ်ကလည်း သုံးထပ်နှင့် အထပ်အဆောက်အအုံများကို Drawing တင်ရမည်။မီးသတ်မှတင်လာသည့်ပုံစံအား ပြန်ပြင်ခိုင်းသည်ဆိုလျှင် စည်ပင်မှ တင်သည့် ပုံစံနှင့် မကိုက်ပဲ ကွဲလွဲမှုများ ရှိနေသည်။စည်ပင်အား ယာယီထောက်ခံချက်ပဲတင်ပြကြသည်။
ထို့ကြောင့် သြဂုတ် ၁ ရက်မှ စပြီး စည်ပင်မှ တင်သည့် ပုံစံနှင့် မီးသတ်မှ တင်သည့် ပုံစံတူရန် မီးသတ်မှ အတည်ပြုချက်ပါသည့် Drawing အား တောင်းခြင်းဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် တစ်လလျှင် အထပ်မြင့် အထပ်နိမ့်အဆောက်အအုံ ၄ဝဝ ကျော် ဆောက်လုပ်ခွင့်ပြုလျက်ရှိကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ