By The Modern, Shweproperty.com
Updated at 8 January 2016
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တည်ဆောက်စရိတ်နှုန်းအတိုင်း ရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာကို ဝယ်ယူဖို့ လျှောက်ထားသူ (၃၀၀၀) ခန့်ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က သိရပါတယ်။
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းက အခန်းပေါင်း (၁၉၂) ခန်း ရောင်းချမှာ ဖြစ်ပါတယ်။
အခန်းတန်ဖိုးတွေက ပထမထပ်ကို (၁၇၄) သိန်း၊ ဒုတိယထပ်ကို (၁၅၄) သိန်း၊ တတိယထပ်ကို (၁၃၃) သိန်း၊ စတုတ္ထထပ်ကို (၁၃၃) သိန်း၊ ပဉ္စမထပ်ကို (၁၂၂) သိန်း၊ ဆဋ္ဌမထပ်ကို (၁၀၉) သိန်းနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။
တိုက်ခန်းတွေကို မဲစနစ်နဲ့ ရောင်းချပေးမှာဖြစ်ပြီး၊ တိုက်ခန်းဝယ်ယူဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ လျှောက်ထားရတာ ဖြစ်ပါတယ်။ သည်လ (၂၂) ရက်မှာ မဲဖောက်ဖို့လျာထားတယ်လို့ သိရပါတယ်။
အဲသည့် အိမ်ရာစီမံကိန်းက ရွှေပြည်သာမြို့နယ် စက်မှုလမ်းနဲ့ ပိတောက်လမ်းထောင့်မှာ တည်ဆောက်ပြီး ဖြစ်ပါတယ်။ အခန်းအကျယ်အဝန်းက (၄၉၀) စတုရန်းပေ၊ (၁၄ ပေ × ၃၅ ပေ) ကျယ်ဝန်းပြီး ရှစ်ခန်းတွဲ၊ ခြောက်ထပ်တိုက်လေးလုံး တည်ဆောက်ထားတာ ဖြစ်ပါတယ်။
Ref : The Modern
Photo Credit : Social
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ